ရန်နစ်ခ်နဲ့အာတီတာတို့ပစ်မှတ်ထားနေတဲ့ ဇာကာရီယာကို လက်လွတ်ဆုံးရှုံးလိုက်ရပြီ

ဇန်နဝါရီအပြောင်းအရွှေ့ကာလတစ်လျှောက်

မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားခဲ့တဲ့

မိုချန်ဂလာဘတ်ကွင်းလယ်လူဇာကာရီယာကို ဂျူဗင်တပ်စ်အသင်းက

ပေါင်(၇)သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဇာကာရီယာရဲ့စာချုပ်က ဒီရာသီကုန်ကျရင်

သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် မိုချန်ဂလာဘတ်အသင်းဟာ

ပြောင်းရွှေ့ကြေးမရဘဲ လက်မလွှတ်ရစေဖို့အတွက်

ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ

ဂျူဗင်တပ်စ်အသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်

သဘောတူညီမှုရခဲ့တာပါ။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူ

ဇာကာရီယာကို ယူနိုက်တက်နည်းပြရန်နစ်ခ်၊

အာဆင်နယ်အသင်းနည်းပြအာတီတာတို့က

အပြိုင်အဆိုင်စိတ်ဝင်စားခဲ့ပေမယ့် အခုအချိန်မှာတော့

နှစ်ယောက်စလုံး ဇာကာရီယာကို လက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ယန်းဘွိုင်းစ်အသင်းကနေ

မိုချန်ဂလာဘတ်ကိုပြောင်းရွှေ့ခဲ့သူ ဇာကာရီယာဟာ

မိုချန်ဂလာဘတ်ကစားသမားဘဝ(၄)ရာသီခွဲအတွင်း

(၁၄၆)ပွဲအထိကစားခဲ့ပြီး (၁၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း

ခပ်သွက်သွက်လှုပ်ရှားခဲ့ပြီး,ပြီးခဲ့တဲ့တစ်ပတ်က

ဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကို ပေါင်(၆၂)သန်းနဲ့ခေါ်ယူခဲ့သလို

အခု ဇာကာရီယာကို ထပ်မံခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် အသုံးစရိတ်ပြန်လည်ကာမိအောင်

ကွင်းလယ်လူ ဘန်တန်ကာကို စပါးအသင်းဆီ

ပေါင်သန်း(၂၀)နဲ့ရောင်းချခဲ့သလို၊ ရမ်ဆေးကို ရိန်းဂျားစ်အသင်းဆီ

အငှာချခဲ့ပြီး တောင်ပံတိုက်စစ်ကစားသမား

ကူလူဆက်ဗ်စကီးကိုလည်း စပါးအသင်းကို အငှားချခဲ့ပါတယ်။

အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေထွက်ခဲ့တဲ့

တိုက်စစ်မှူးမိုရာတာနဲ့ ကွင်းလယ်လူ အာသာမယ်လိုတို့ကတော့

ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

zawgyi

ရန္နစ္ခ္နဲ႔အာတီတာတို႔ပစ္မွတ္ထားေနတဲ့ ဇာကာရီယာကို လက္လြတ္ဆုံးရႈံးလိုက္ရၿပီ

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတစ္ေလွ်ာက္

မန္ခ်က္စတာယူႏိုက္တက္အသင္းက ပစ္မွတ္ထားခဲ့တဲ့

မိုခ်န္ဂလာဘတ္ကြင္းလယ္လူဇာကာရီယာကို ဂ်ဴဗင္တပ္စ္အသင္းက

ေပါင္(၇)သန္းနဲ႔ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဇာကာရီယာရဲ႕စာခ်ဳပ္က ဒီရာသီကုန္က်ရင္

သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ မိုခ်န္ဂလာဘတ္အသင္းဟာ

ေျပာင္းေ႐ႊ႕ေၾကးမရဘဲ လက္မလႊတ္ရေစဖို႔အတြက္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္

သေဘာတူညီမႈရခဲ့တာပါ။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆြစ္ဇာလန္လက္ေ႐ြးစင္ကြင္းလယ္လူ

ဇာကာရီယာကို ယူႏိုက္တက္နည္းျပရန္နစ္ခ္၊

အာဆင္နယ္အသင္းနည္းျပအာတီတာတို႔က

အၿပိဳင္အဆိုင္စိတ္ဝင္စားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့

ႏွစ္ေယာက္စလုံး ဇာကာရီယာကို လက္လြတ္ဆုံးရႈံးလိုက္ရၿပီျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ယန္းဘြိဳင္းစ္အသင္းကေန

မိုခ်န္ဂလာဘတ္ကိုေျပာင္းေ႐ႊ႕ခဲ့သူ ဇာကာရီယာဟာ

မိုခ်န္ဂလာဘတ္ကစားသမားဘဝ(၄)ရာသီခြဲအတြင္း

(၁၄၆)ပြဲအထိကစားခဲ့ၿပီး (၁၁)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း

ခပ္သြက္သြက္လႈပ္ရွားခဲ့ၿပီး,ၿပီးခဲ့တဲ့တစ္ပတ္က

ဖီအိုရင္တီးနားတိုက္စစ္မႉးဗလာဟိုဗစ္ကို ေပါင္(၆၂)သန္းနဲ႔ေခၚယူခဲ့သလို

အခု ဇာကာရီယာကို ထပ္မံေခၚယူခဲ့တာျဖစ္ပါတယ္။

အဲဒီအတြက္ အသုံးစရိတ္ျပန္လည္ကာမိေအာင္

ကြင္းလယ္လူ ဘန္တန္ကာကို စပါးအသင္းဆီ

ေပါင္သန္း(၂၀)နဲ႔ေရာင္းခ်ခဲ့သလို၊ ရမ္ေဆးကို ရိန္းဂ်ားစ္အသင္းဆီ

အငွာခ်ခဲ့ၿပီး ေတာင္ပံတိုက္စစ္ကစားသမား

ကူလူဆက္ဗ္စကီးကိုလည္း စပါးအသင္းကို အငွားခ်ခဲ့ပါတယ္။

အနာဂတ္နဲ႔ပတ္သက္ၿပီး သတင္းေတြထြက္ခဲ့တဲ့

တိုက္စစ္မႉးမိုရာတာနဲ႔ ကြင္းလယ္လူ အာသာမယ္လိုတို႔ကေတာ့

ဂ်ဴဗင္တပ္စ္အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္ပါတယ္။