
မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြရန်နစ်ခ်ဟာ လေဗာကူဆင်အသင်းမှာ
ခြေစွမ်းပြနေတဲ့ ဂျာမန်သားလေး ဖလော်ရီယန်ဝ့ါဇ်ကို ပေါင်သန်း(၆၀)အထိအသုံးပြုပြီး
အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ ရန်နစ်ခ်အနေနဲ့
ယူနိုက်တက်အသင်းယာယီနည်းပြအဖြစ် လာမယ့်ရာသီအထိဆက်ရှိဖို့
မသေချာပေမယ့်လည်း သူက အသင်းအနာဂတ်အတွက်
ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါပြီ။ သူ့ရဲ့အဓိကဦးစားပေးပစ်မှတ်က
ဆယ်စုနှစ်အတွင်း ဂျာမန်ဘောလုံးလောကရဲ့အကောင်းဆုံးလူငယ်ကွင်းလယ်လူအဖြစ်
မီဒီယာတွေရဲ့သတ်မှတ်ခံထားရတဲ့ အသက်(၁၈)နှစ်အရွယ်သာ
ရှိသေးသူ ဖလော်ရီယန်ဝါ့ဇ်ပဲဖြစ်ပါတယ်။
အခုနှစ်မေလ(၁၈)ရက်က ၀ါဒါဘရီမင်နဲ့ကစားခဲ့တဲ့ပွဲမှာ
လေဗာကူဆင်အသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး အဲဒီအချိန်က
ဖလော်ရီယန်ဝါ့ဇ်အသက်ဟာ (၁၇)နှစ်၊ (၁၅)ရက်သာရှိသေးလို့
ကစားသမားဟောင်း ဟာဗတ်ဇ်တင်ရှိခဲ့တဲ့ ဘွန်ဒစ်လီဂါမှာ
လေဗာကူဆင်အသင်းရဲ့အသက်အငယ်ဆုံးကစားသမားစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး
ဇွန်လအတွင်း ဘိုင်ယန်မြူးနစ်ကို(၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့်
အသက်(၁၇)နှစ်၊ (၃၄)ရက်နဲ့ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက်
အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ဖူးပါတယ်။
ဒီလိုစံချိန်ကောင်းတွေနဲ့ခြေစွမ်းပြနေတဲ့ ဖလော်ရီယန်ဝါ့ဇ်ကို
ဥရောပထိပ်သီးကလပ်တချို့က စိတ်ဝင်စားနေပေမယ့် ဖလော်ရီယန်ဝါ့ဇ်ကတော့
ဘွန်ဒစ်လီဂါမှာပဲ သူ့စွမ်းဆောင်ရည်အခုထက်ပိုကောင်းလာအောင်
ကြိုးစားသွားမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။
ယူနိုက်တက်အသင်းပစ်မှတ်ထားနေတဲ့အထဲမှာ လိုက်ပ်ဇစ်ကွင်းလယ်လူ
အမာဒူဟိုင်ရာဒါ၊ မာဆေးလ်ကစားသမား ကာမာရာတို့ပါဝင်နေပေမယ့်
ရန်နစ်ခ်ကတော့ ဖလော်ရီယန်ဝါ့ဇ်ကိုပဲ ခေါ်ယူလိုနေတာဖြစ်ပါတယ်။
zawgyi
ရန္နစ္ခ္ကေတာ့ ဖေလာ္ရီယန္ဝါ့ဇ္ကိုပဲ ေခၚခ်င္တယ္
မန္ခ်က္စတာယူႏိုက္တက္အသင္းယာယီနည္းျပရန္နစ္ခ္ဟာ ေလဗာကူဆင္အသင္းမွာ
ေျခစြမ္းျပေနတဲ့ ဂ်ာမန္သားေလး ဖေလာ္ရီယန္ဝ့ါဇ္ကို ေပါင္သန္း(၆၀)အထိအသုံးျပဳၿပီး
အိုးလ္ထရက္ဖို႔ဒ္ဆီ ေခၚယူဖို႔ျပင္ဆင္ေနပါတယ္။ ရန္နစ္ခ္အေနနဲ႔
ယူႏိုက္တက္အသင္းယာယီနည္းျပအျဖစ္ လာမယ့္ရာသီအထိဆက္ရွိဖို႔
မေသခ်ာေပမယ့္လည္း သူက အသင္းအနာဂတ္အတြက္
ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ေနပါၿပီ။ သူ႔ရဲ႕အဓိကဦးစားေပးပစ္မွတ္က
ဆယ္စုႏွစ္အတြင္း ဂ်ာမန္ေဘာလုံးေလာကရဲ႕အေကာင္းဆုံးလူငယ္ကြင္းလယ္လူအျဖစ္
မီဒီယာေတြရဲ႕သတ္မွတ္ခံထားရတဲ့ အသက္(၁၈)ႏွစ္အ႐ြယ္သာ
ရွိေသးသူ ဖေလာ္ရီယန္ဝါ့ဇ္ပဲျဖစ္ပါတယ္။
အခုႏွစ္ေမလ(၁၈)ရက္က ၀ါဒါဘရီမင္နဲ႔ကစားခဲ့တဲ့ပြဲမွာ
ေလဗာကူဆင္အသင္းအတြက္ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး အဲဒီအခ်ိန္က
ဖေလာ္ရီယန္ဝါ့ဇ္အသက္ဟာ (၁၇)ႏွစ္၊ (၁၅)ရက္သာရွိေသးလို႔
ကစားသမားေဟာင္း ဟာဗတ္ဇ္တင္ရွိခဲ့တဲ့ ဘြန္ဒစ္လီဂါမွာ
ေလဗာကူဆင္အသင္းရဲ႕အသက္အငယ္ဆုံးကစားသမားစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး
ဇြန္လအတြင္း ဘိုင္ယန္ျမဴးနစ္ကို(၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္
အသက္(၁၇)ႏွစ္၊ (၃၄)ရက္နဲ႔ ဘြန္ဒစ္လီဂါသမိုင္းတစ္ေလွ်ာက္
အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ဖူးပါတယ္။
ဒီလိုစံခ်ိန္ေကာင္းေတြနဲ႔ေျခစြမ္းျပေနတဲ့ ဖေလာ္ရီယန္ဝါ့ဇ္ကို
ဥေရာပထိပ္သီးကလပ္တခ်ိဳ႕က စိတ္ဝင္စားေနေပမယ့္ ဖေလာ္ရီယန္ဝါ့ဇ္ကေတာ့
ဘြန္ဒစ္လီဂါမွာပဲ သူ႔စြမ္းေဆာင္ရည္အခုထက္ပိုေကာင္းလာေအာင္
ႀကိဳးစားသြားမယ္လို႔ အရိပ္အႁမြက္ေျပာၾကားခဲ့ဖူးပါတယ္။
ယူႏိုက္တက္အသင္းပစ္မွတ္ထားေနတဲ့အထဲမွာ လိုက္ပ္ဇစ္ကြင္းလယ္လူ
အမာဒူဟိုင္ရာဒါ၊ မာေဆးလ္ကစားသမား ကာမာရာတို႔ပါဝင္ေနေပမယ့္
ရန္နစ္ခ္ကေတာ့ ဖေလာ္ရီယန္ဝါ့ဇ္ကိုပဲ ေခၚယူလိုေနတာျဖစ္ပါတယ္။