ရစ်ချာလီဆန်ရဲ့ဂိုးသွင်းနှုန်းကိုမှားယွင်းတွက်ချက်ခဲ့တဲ့ ITV ရုပ်သံတင်ဆက်သူ အန်နီအလူကိုရဲ့သင်္ချာစကေးကအလွဲအမှားကြီးကြောင့် ဝေဖန်ခံခဲ့ရ

ဘရာဇီးနဲ့ တောင်ကိုရီးယားပွဲစဉ်ကို ITV ရုပ်သံကနေအစီအစဉ်

တက်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့ အန်နီအလူကိုဟာ အွန်လိုင်းပရိသတ်တွေရဲ့

ထိုးနှက်ခြင်းကိုခံနေရပါတယ်။ တိုက်စစ်မှူးရစ်ချာလီဆန်ရဲ့

ဂိုးသွင်းနှုန်းကိုခွဲခြမ်းစိတ်ဖြာရာမှာ အမျိုးသမီးတင်ဆက်သူ

အလူကိုရဲ့တွက်ချက်ပုံက တက်တက်စင်အောင်ကိုလွဲချော်ခဲ့တာဖြစ်တယ်။

ရုပ်သံကြည့်ရှုသူတွေကို သင်္ချာနည်းအရတွက်ချက်ဖို့ညွှန်ကြားခဲ့ပေမဲ့

သူမကိုယ်တိုင်ကတော့ သင်္ချာကိုအသေအချာမသင်ယူခဲ့ကြောင်း

ထင်ရှားပေါ်လွင်ခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေကတော့

သူမရဲ့အလွဲအချော်ကို ချက်ချင်းထောက်ပြခဲ့ကြပါတယ်။

ဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်တဲ့ အလူကိုဟာ ITV ရုပ်သံ

ထုတ်လွှင့်မှုမှာအလှည့်ကျအဖြစ်ပါဝင်ခဲ့ပြီး ဘရာဇီး ၄-၁

တောင်ကိုရီးယားပွဲစဉ်မှာသုံးသပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။

ရစ်ချာလီဆန်အကြောင်းမေးတဲ့အချိန်မှာတော့ သူမကချီးကျူးစကား

ဝင်ပြောခဲ့ပြီး အနည်းငယ်တုန်လှုပ်နေတဲ့ဟန်ရှိခဲ့ပါတယ်။

“ရစ်ချာလီဆန်ဟာ တကယ်ကိုအကျိုးသက်ရောက်မှုရှိတဲ့ကစားသမားပါ။

လွန်ခဲ့တဲ့ ၂နှစ်အတွင်း ဘရာဇီးရဲ့ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ပါတယ်။

သူဟာ ပွဲ ၄၀မှာ ၁၉ ဂိုးသွင်းထားတဲ့မှတ်တမ်းကောင်းရှိတယ်၊

သင်္ချာနည်းအရတွက်ချက်ကြည့်ပါ။ ဒါက တစ်ပွဲ တစ်ဂိုးနှုန်းဖြစ်ပါတယ်” လို့

အလူကိုက ပြောဆိုခဲ့တာဖြစ်တယ်။ ပရိသတ်တစ်ယောက်ကတော့

ဗီဒီယိုဖိုင်တစ်ခုအနေနဲ့ သူမရဲ့စကားပြောခန်းကိုဖြတ်တောက်ပြီး

တွစ်တာပေါ်တင်လိုက်ချိန်မှာတော့ လူအများစုပြုံရောက်လာခဲ့ပါတယ်။

အများစုကတော့ သူမရဲ့ရိုးသားတဲ့အမှားကိုရယ်စရာအဖြစ်သတ်မှတ်ခဲ့ကြပြီး

တချို့ကတော့အမှားကိုထောက်ပြဝေဖန်တာတွေရှိခဲ့ပါတယ်။

ဒီဗီဒီယိုနဲ့ပတ်သတ်လို့ အမျိုးသားတစ်ယောက်က “ဒီလိုနေရာမှာ

အမျိုးသမီးတွေကမကြာခဏဆိုသလိုအဖြစ်များတတ်ပါတယ်” လို့

စတင်မှတ်ချက်ပေးခဲ့ပြီးနောက် တခြားလူတွေက သူမရဲ့အမှားကို

ကာကွယ်ပေးခဲ့ကြပါတယ်။ အိုင်ယာလန် Daily Star ရဲ့ ကန်နင်ဂမ်က

“ရုပ်သံကနေတိုက်ရိုက်ထုတ်လွှင့်တဲ့နေရာမှာ သူမရဲ့စကားတွေ

ရောထွေးသွားခဲ့ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်ဖူးသူတိုင်း ဒါကိုသိပြီးသားပါ” လို့

ကာကွယ်ပေးခဲ့ပါတယ်။ “သူမဆိုလိုချင်တာကို လူတိုင်းနားလည်တယ်၊

ရုပ်ရည်သန့်ပြန့်နေဖို့မလိုပါဘူး” ၊ “အမှားတွေဖြစ်တတ်ပေမဲ့

သူတို့ကမိန်းမသားတွေမို့ ပိုကြိုးစားရတယ်၊ ပြီးတော့ ဘဝတစ်ခုလုံး

သေဆုံးသွားလောက်တဲ့ အမှားမှမဟုတ်ပဲ” လို့ အသီးသီး ကာကွယ်ပေးခဲ့ကြပါတယ်။

zawgyi

ရစ္ခ်ာလီဆန္ရဲ႕ဂိုးသြင္းႏႈန္းကိုမွားယြင္းတြက္ခ်က္ခဲ့တဲ့ ITV ႐ုပ္သံတင္ဆက္သူ အန္နီအလူကိုရဲ႕သခ်ၤာစေကးကအလြဲအမွားႀကီးေၾကာင့္ ေဝဖန္ခံခဲ့ရ

ဘရာဇီးနဲ႔ ေတာင္ကိုရီးယားပြဲစဥ္ကို ITV ႐ုပ္သံကေနအစီအစဥ္

တက္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့ အန္နီအလူကိုဟာ အြန္လိုင္းပရိသတ္ေတြရဲ႕

ထိုးႏွက္ျခင္းကိုခံေနရပါတယ္။ တိုက္စစ္မႉးရစ္ခ်ာလီဆန္ရဲ႕

ဂိုးသြင္းႏႈန္းကိုခြဲျခမ္းစိတ္ျဖာရာမွာ အမ်ိဳးသမီးတင္ဆက္သူ

အလူကိုရဲ႕တြက္ခ်က္ပုံက တက္တက္စင္ေအာင္ကိုလြဲေခ်ာ္ခဲ့တာျဖစ္တယ္။

႐ုပ္သံၾကည့္ရႈသူေတြကို သခ်ၤာနည္းအရတြက္ခ်က္ဖို႔ၫႊန္ၾကားခဲ့ေပမဲ့

သူမကိုယ္တိုင္ကေတာ့ သခ်ၤာကိုအေသအခ်ာမသင္ယူခဲ့ေၾကာင္း

ထင္ရွားေပၚလြင္ခဲ့ပါတယ္။ ေဘာလုံးပရိသတ္ေတြကေတာ့

သူမရဲ႕အလြဲအေခ်ာ္ကို ခ်က္ခ်င္းေထာက္ျပခဲ့ၾကပါတယ္။

ေဘာလုံးသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ အလူကိုဟာ ITV ႐ုပ္သံ

ထုတ္လႊင့္မႈမွာအလွည့္က်အျဖစ္ပါဝင္ခဲ့ၿပီး ဘရာဇီး ၄-၁

ေတာင္ကိုရီးယားပြဲစဥ္မွာသုံးသပ္သူအျဖစ္ပါဝင္ခဲ့ပါတယ္။

ရစ္ခ်ာလီဆန္အေၾကာင္းေမးတဲ့အခ်ိန္မွာေတာ့ သူမကခ်ီးက်ဴးစကား

ဝင္ေျပာခဲ့ၿပီး အနည္းငယ္တုန္လႈပ္ေနတဲ့ဟန္ရွိခဲ့ပါတယ္။

“ရစ္ခ်ာလီဆန္ဟာ တကယ္ကိုအက်ိဳးသက္ေရာက္မႈရွိတဲ့ကစားသမားပါ။

လြန္ခဲ့တဲ့ ၂ႏွစ္အတြင္း ဘရာဇီးရဲ႕ထိပ္တန္း ဂိုးသြင္းရွင္ျဖစ္ပါတယ္။

သူဟာ ပြဲ ၄၀မွာ ၁၉ ဂိုးသြင္းထားတဲ့မွတ္တမ္းေကာင္းရွိတယ္၊

သခ်ၤာနည္းအရတြက္ခ်က္ၾကည့္ပါ။ ဒါက တစ္ပြဲ တစ္ဂိုးႏႈန္းျဖစ္ပါတယ္” လို႔

အလူကိုက ေျပာဆိုခဲ့တာျဖစ္တယ္။ ပရိသတ္တစ္ေယာက္ကေတာ့

ဗီဒီယိုဖိုင္တစ္ခုအေနနဲ႔ သူမရဲ႕စကားေျပာခန္းကိုျဖတ္ေတာက္ၿပီး

တြစ္တာေပၚတင္လိုက္ခ်ိန္မွာေတာ့ လူအမ်ားစုၿပဳံေရာက္လာခဲ့ပါတယ္။

အမ်ားစုကေတာ့ သူမရဲ႕႐ိုးသားတဲ့အမွားကိုရယ္စရာအျဖစ္သတ္မွတ္ခဲ့ၾကၿပီး

တခ်ိဳ႕ကေတာ့အမွားကိုေထာက္ျပေဝဖန္တာေတြရွိခဲ့ပါတယ္။

ဒီဗီဒီယိုနဲ႔ပတ္သတ္လို႔ အမ်ိဳးသားတစ္ေယာက္က “ဒီလိုေနရာမွာ

အမ်ိဳးသမီးေတြကမၾကာခဏဆိုသလိုအျဖစ္မ်ားတတ္ပါတယ္” လို႔

စတင္မွတ္ခ်က္ေပးခဲ့ၿပီးေနာက္ တျခားလူေတြက သူမရဲ႕အမွားကို

ကာကြယ္ေပးခဲ့ၾကပါတယ္။ အိုင္ယာလန္ Daily Star ရဲ႕ ကန္နင္ဂမ္က

“႐ုပ္သံကေနတိုက္႐ိုက္ထုတ္လႊင့္တဲ့ေနရာမွာ သူမရဲ႕စကားေတြ

ေရာေထြးသြားခဲ့ပါတယ္။ တိုက္႐ိုက္ထုတ္လႊင့္ဖူးသူတိုင္း ဒါကိုသိၿပီးသားပါ” လို႔

ကာကြယ္ေပးခဲ့ပါတယ္။ “သူမဆိုလိုခ်င္တာကို လူတိုင္းနားလည္တယ္၊

႐ုပ္ရည္သန႔္ျပန႔္ေနဖို႔မလိုပါဘူး” ၊ “အမွားေတြျဖစ္တတ္ေပမဲ့

သူတို႔ကမိန္းမသားေတြမို႔ ပိုႀကိဳးစားရတယ္၊ ၿပီးေတာ့ ဘဝတစ္ခုလုံး

ေသဆုံးသြားေလာက္တဲ့ အမွားမွမဟုတ္ပဲ” လို႔ အသီးသီး ကာကြယ္ေပးခဲ့ၾကပါတယ္။