
ယူနိုက်တက်အတွက်ပွဲဆက်ရှည်ဂိုးသွင်းပေးနေတဲ့ ရက်ရှ်ဖို့ဒ်တစ်ယောက်





သင်ယူစရာကျန်နေသေးတဲ့ စွမ်းဆောင်ရည်တစ်ခုကို နည်းပြ
တန်ဟတ်က ထောက်ပြပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ





တန်ဟတ်ရဲ့ဦးဆောင်မှုနဲ့အတူ သရဲနီတွေက လျှပ်စီးလိုမြန်တဲ့
အလျင်နဲ့ တိုးတက်လာခဲ့ပြီဖြစ်တယ်။ ဒါဘီပွဲစဉ်မှာ မန်စီးတီးကို
၆-၃ နဲ့အရှက်တကွဲရှုံးပြီးတဲ့နောက်ပိုင်း ၃ လ အကြာမှာ





အဆင့် ၄ နေရာအထိတက်လာခဲ့ပြီး ချန်ပီယံဆုကိုလက်လှမ်းမီလောက်တဲ့
အနေအထားကိုပြန်ရောက်လာခဲ့ပါတယ်။ အထူးသဖြင့်တော့





ရက်ရှ်ဖို့ဒ်ရဲ့ပြောင်မြောက်တဲ့ခြေစွမ်းက နိုင်ပွဲတွေမှာအရေးပါခဲ့သလို
ဘုန်းမောက်ကို ၃-၀ နဲ့အနိုင်ရတဲ့ပွဲအပြီးမှာတော့ အင်္ဂလန်
ကြယ်ပွင့်ဟာ အိုးလ်ထရက်ဖို့ဒ် ၆ပွဲဆက် ဂိုးသွင်းတဲ့





မှတ်တမ်းကောင်းကိုရရှိခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက်
၁၂ ဂိုးသွင်းပေးထားပြီး ဘယ်အသင်းဖော်ထက်မဆို နှစ်ဆ





ပိုများတဲ့သွင်းဂိုးပမာဏနဲ့ သရဲနီတွေကို အဆင့် ၄ အထိ
ဆွဲတင်ပေးထားတယ်လို့ ဆိုရမယ်။ ဒါပေမဲ့နည်းပြ တန်ဟတ်
ကတော့ ရက်ရှ်ဖို့ဒ်တိုးတက်ဖို့လိုသေးတယ်လို့ ဆိုပါတယ်။





“ပထမဆုံးအနေနဲ့ မင်းအမြဲတမ်းအာရုံစိုက်ထားပါ၊ မင်း ဂိမ်းထဲမှာ
ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂိုးသွင်းယူဖို့အာရုံစိုက်ထားပါ။





ရက်ရှ်ဖို့ဒ်လို ကစားသမားတစ်ယောက်အတွက်ဖြစ်ပေမဲ့
အသင်းမှာရှိတဲ့အခြားသူတွေလည်း ဒီလိုလုပ်နိုင်ဖို့လိုတယ်၊
မာရှယ်လည်း အတူတူပါပဲ၊ သူတို့ဂိမ်းထဲမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ၊





အာရုံစူးစိုက်မှု၊ ၁၀၀ ရာခိုင်နှုန်းအာရုံစိုက်မှုရှိနေတဲ့အခါ၊
သူတို့မှာအရည်အချင်းတွေအမြဲတမ်းရှိနေတယ်။





ခဏတာအခိုက်အတန့်မှာ လိုအပ်ချက်တစ်ခုရှိတယ်၊
အချိန်ခဏတာမှာ ဂိမ်းကိုအပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့
ပြောင်းလဲနိုင်ဖို့အတွက်ပါ။ ဒီအရည်အချင်း တိုးတက်လာမယ်ဆိုရင်





ဂိုးတွေပိုသွင်းပြီး အောင်မြင်တဲ့ရာသီကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်” လို့
တန်ဟတ်က ထောက်ပြခဲ့ပါတယ်။ ဆိုလိုချင်တာကတော့





တန်ဟတ်ဟာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်ကို အခုထက်
ပိုမိုအာရုံစိုက်ကစားဖို့ တောင်းဆိုလိုက်တာဖြစ်တယ်။
zawgyi





ရက္ရွ္ဖို႔ဒ္ သင္ယူဖို႔လိုေနေသးတဲ့ စြမ္းေဆာင္ရည္တစ္ခုကို တန္ဟတ္ ေထာက္ျပလိုက္ၿပီ
ယူႏိုက္တက္အတြက္ပြဲဆက္ရွည္ဂိုးသြင္းေပးေနတဲ့ ရက္ရွ္ဖို႔ဒ္တစ္ေယာက္





သင္ယူစရာက်န္ေနေသးတဲ့ စြမ္းေဆာင္ရည္တစ္ခုကို နည္းျပ
တန္ဟတ္က ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ေနာက္ပိုင္းပြဲစဥ္ေတြမွာ
တန္ဟတ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ သရဲနီေတြက လွ်ပ္စီးလိုျမန္တဲ့





အလ်င္နဲ႔ တိုးတက္လာခဲ့ၿပီျဖစ္တယ္။ ဒါဘီပြဲစဥ္မွာ မန္စီးတီးကို
၆-၃ နဲ႔အရွက္တကြဲရႈံးၿပီးတဲ့ေနာက္ပိုင္း ၃ လ အၾကာမွာ





အဆင့္ ၄ ေနရာအထိတက္လာခဲ့ၿပီး ခ်န္ပီယံဆုကိုလက္လွမ္းမီေလာက္တဲ့
အေနအထားကိုျပန္ေရာက္လာခဲ့ပါတယ္။ အထူးသျဖင့္ေတာ့
ရက္ရွ္ဖို႔ဒ္ရဲ႕ေျပာင္ေျမာက္တဲ့ေျခစြမ္းက ႏိုင္ပြဲေတြမွာအေရးပါခဲ့သလို





ဘုန္းေမာက္ကို ၃-၀ နဲ႔အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ အဂၤလန္
ၾကယ္ပြင့္ဟာ အိုးလ္ထရက္ဖို႔ဒ္ ၆ပြဲဆက္ ဂိုးသြင္းတဲ့





မွတ္တမ္းေကာင္းကိုရရွိခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အတြက္
၁၂ ဂိုးသြင္းေပးထားၿပီး ဘယ္အသင္းေဖာ္ထက္မဆို ႏွစ္ဆ
ပိုမ်ားတဲ့သြင္းဂိုးပမာဏနဲ႔ သရဲနီေတြကို အဆင့္ ၄ အထိ





ဆြဲတင္ေပးထားတယ္လို႔ ဆိုရမယ္။ ဒါေပမဲ့နည္းျပ တန္ဟတ္
ကေတာ့ ရက္ရွ္ဖို႔ဒ္တိုးတက္ဖို႔လိုေသးတယ္လို႔ ဆိုပါတယ္။





“ပထမဆုံးအေနနဲ႔ မင္းအၿမဲတမ္းအာ႐ုံစိုက္ထားပါ၊ မင္း ဂိမ္းထဲမွာ
ရွိေနသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ဂိုးသြင္းယူဖို႔အာ႐ုံစိုက္ထားပါ။
ရက္ရွ္ဖို႔ဒ္လို ကစားသမားတစ္ေယာက္အတြက္ျဖစ္ေပမဲ့





အသင္းမွာရွိတဲ့အျခားသူေတြလည္း ဒီလိုလုပ္ႏိုင္ဖို႔လိုတယ္၊
မာရွယ္လည္း အတူတူပါပဲ၊ သူတို႔ဂိမ္းထဲမွာရွိတဲ့ စိတ္ပိုင္းဆိုင္ရာ၊





အာ႐ုံစူးစိုက္မႈ၊ ၁၀၀ ရာခိုင္ႏႈန္းအာ႐ုံစိုက္မႈရွိေနတဲ့အခါ၊
သူတို႔မွာအရည္အခ်င္းေတြအၿမဲတမ္းရွိေနတယ္။
ခဏတာအခိုက္အတန႔္မွာ လိုအပ္ခ်က္တစ္ခုရွိတယ္၊





အခ်ိန္ခဏတာမွာ ဂိမ္းကိုအျပဳသေဘာေဆာင္တဲ့ နည္းလမ္းနဲ႔
ေျပာင္းလဲႏိုင္ဖို႔အတြက္ပါ။ ဒီအရည္အခ်င္း တိုးတက္လာမယ္ဆိုရင္





ဂိုးေတြပိုသြင္းၿပီး ေအာင္ျမင္တဲ့ရာသီကို ပံ့ပိုးေပးႏိုင္ပါလိမ့္မယ္” လို႔
တန္ဟတ္က ေထာက္ျပခဲ့ပါတယ္။ ဆိုလိုခ်င္တာကေတာ့
တန္ဟတ္ဟာ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္ကို အခုထက္





ပိုမိုအာ႐ုံစိုက္ကစားဖို႔ ေတာင္းဆိုလိုက္တာျဖစ္တယ္။