ရက်ရှ်ဖို့ဒ် ဂိုးသွင်းမှာစိုးလို့ အီလန်ဂါ ဖျက်ထုတ်လိုက်တာကို ပင်နယ်တီသွားတောင်းနေသေးတဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်တောင်ပံကစားသမား အီလန်ဂါဟာ ပင်နယ်တီဧရိယာအတွင်း

ဂိုးသွင်းတော့မယ့် အသင်းဖော်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဖျက်ထုတ်မိသလိုဖြစ်သွားပြီး
အဲဒီဖြစ်ရပ်က ယခုရာသီ ယူနိုက်တက်အသင်းရဲ့အခြေအနေကို စုစည်းဖော်ပြပေးသလိုဖြစ်နေပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာပဲ လက်စတာနဲ့
၁-၁ ဂိုးသရေကျခဲ့တာဖြစ်ပြီး အဆင့် ၄ နေရာက
အာဆင်နယ်နဲ့ ၁ မှတ်ပဲကွာမယ့်အနေအထား

ရောက်မယ့်အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
ပွဲချိန် ၆၃ မိနစ်မှာ လက်စတာတိုက်စစ်မှူး အီဟီယာနာချိုက
ဧည့်သည်အသင်းအတွက် ချေပဂိုးသွင်းယူသွားပြီး
သိပ်မကြာခင် ကွင်းလယ်လူ ဖရက်ဒ်က ယူနိုက်တက်အတွက်
ချေပဂိုးသွင်းသွားပေမယ့် မက်ဒီဆင်ကို ကြမ်းတမ်းစွာ

ဖျက်ထုတ်ခဲ့တဲ့ အသင်းဖော်ကွင်းလယ်လူ မက်တိုမီနေးကတော့
ကံကောင်းလို့ အနီကတ်ပြသမခံခဲ့ရတာဖြစ်ပါတယ်။
နာကျင်အချိန်ပို ၅ မိနစ်ရဲ့နောက်ဆုံးအချိန်မှာ ယူနိုက်တက်အသင်း
အနိုင်ဂိုးရဖို့ အခွင့်အရေးဖန်တီးနိုင်ခဲ့ပြီး လူစားဝင်တိုက်စစ်မှူး
မားကပ်စ်ရက်ရှ်ဖို့ဒ်က ပြိုင်ဘက်တွေကိုကျော်ဖြတ်ကာ

ပင်နယ်တီဧရိယာထဲ ဆွဲဝင်လာရင်း ဂိုးသွင်းဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမဲ့ ရက်ရှ်ဖို့ဒ် ကန်ဖို့ ပြင်ဆင်ချိန် လူကျွံနေတဲ့ အီလန်ဂါက
အားရပါးရကန်လိုက်တာ ဘောလုံးကိုမထိဘဲ ရက်ရှ်ဖို့ဒ်ကို
ဖျက်ထုတ်သလိုဖြစ်သွားပြီး ရက်ရှ်ဖို့ဒ်လည်း မြက်ခင်းပေါ် လဲကျသွားပါတယ်။
အဲဒီမှာ ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့က အီလန်ဂါက ကိုယ့်အသင်းဖော်ကို

ဥပဒေပကစားလိုက်တာကို မသိဘဲ ဧရိယာထဲ ရက်ရှ်ဖို့ဒ်
လဲကျသွားပြီးနောက် ပင်နယ်တီပေးဖို့ အပြိုင်လက်ထောင်ရင်း တောင်းဆိုခဲ့ပါတယ်။
”လူကျွံနေတဲ့ အီလန်ဂါက ရက်ရှ်ဖို့ ဂိုးမသွင်းနိုင်အောင်
ဖျက်ထုတ်လိုက်တာကို ဖာနန်ဒက်စ်က ပင်နယ်တီ သွားတောင်းနေသေးတယ်။
တကယ့်ကိုစိတ်ပျက်ဖို့ကောင်းပါတယ်။ ယူနိုက်တက်အတွက်တော့

ရာသီ စောစောလေးပိတ်သိမ်းလိုက်တာက ပိုကောင်းမယ်ထင်ပါတယ်”
”ပင်နယ်ဒက်စ်က ဘာကိစ္စ ပင်နယ်တီသွားတောင်းနေတာလဲ”
”ဘယ်လောက်များရှက်စရာကောင်းလိုက်လဲဗျာ”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးတင်ခဲ့ပါတယ်။

Zawgyi

ရက္ရွ္ဖို႔ဒ္ ဂိုးသြင္းမွာစိုးလုိ႔ အီလန္ဂါ ဖ်က္ထုတ္လုိက္တာကို ပင္နယ္တီသြားေတာင္းေနေသးတဲ့ ဖာနန္ဒက္စ္
ယူႏုိက္တက္ေတာင္ပံကစားသမား အီလန္ဂါဟာ ပင္နယ္တီဧရိယာအတြင္း
ဂိုးသြင္းေတာ့မယ့္ အသင္းေဖာ္တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ကို ဖ်က္ထုတ္မိသလုိျဖစ္သြားၿပီး

အဲဒီျဖစ္ရပ္က ယခုရာသီ ယူႏုိက္တက္အသင္းရဲ႕အေျခအေနကို စုစည္းေဖာ္ျပေပးသလိုျဖစ္ေနပါတယ္။
ယူႏုိက္တက္ဟာ အုိးထရက္ဖို႔ဒ္မွာပဲ လက္စတာနဲ႔
၁-၁ ဂိုးသေရက်ခဲ့တာျဖစ္ၿပီး အဆင့္ ၄ ေနရာက
အာဆင္နယ္နဲ႔ ၁ မွတ္ပဲကြာမယ့္အေနအထား
ေရာက္မယ့္အခြင့္အေရး လက္လႊတ္ဆုံးရံႈးခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ လက္စတာတုိက္စစ္မွဴး အီဟီယာနာခ်ိဳက
ဧည့္သည္အသင္းအတြက္ ေခ်ပဂိုးသြင္းယူသြားၿပီး
သိပ္မၾကာခင္ ကြင္းလယ္လူ ဖရက္ဒ္က ယူႏုိက္တက္အတြက္
ေခ်ပဂိုးသြင္းသြားေပမယ့္ မက္ဒီဆင္ကို ၾကမ္းတမ္းစြာ
ဖ်က္ထုတ္ခဲ့တဲ့ အသင္းေဖာ္ကြင္းလယ္လူ မက္တိုမီေနးကေတာ့

ကံေကာင္းလုိ႔ အနီကတ္ျပသမခံခဲ့ရတာျဖစ္ပါတယ္။
နာက်င္အခ်ိန္ပို ၅ မိနစ္ရဲ႕ေနာက္ဆုံးအခ်ိန္မွာ ယူႏုိက္တက္အသင္း
အႏိုင္ဂိုးရဖို႔ အခြင့္အေရးဖန္တီးႏုိင္ခဲ့ၿပီး လူစား၀င္တုိက္စစ္မွဴး
မားကပ္စ္ရက္ရွ္ဖို႔ဒ္က ၿပိဳင္ဘက္ေတြကိုေက်ာ္ျဖတ္ကာ
ပင္နယ္တီဧရိယာထဲ ဆြဲ၀င္လာရင္း ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့တာပါ။

ဒါေပမဲ့ ရက္ရွ္ဖို႔ဒ္ ကန္ဖုိ႔ ျပင္ဆင္ခ်ိန္ လူကၽြံေနတဲ့ အီလန္ဂါက
အားရပါးရကန္လုိက္တာ ေဘာလုံးကိုမထိဘဲ ရက္ရွ္ဖို႔ဒ္ကို
ဖ်က္ထုတ္သလုိျဖစ္သြားၿပီး ရက္ရွ္ဖို႔ဒ္လည္း ျမက္ခင္းေပၚ လဲက်သြားပါတယ္။
အဲဒီမွာ ဖာနန္ဒက္စ္နဲ႔ ဆန္ခ်ိဳတို႔က အီလန္ဂါက ကိုယ့္အသင္းေဖာ္ကို
ဥပေဒပကစားလုိက္တာကို မသိဘဲ ဧရိယာထဲ ရက္ရွ္ဖို႔ဒ္

လဲက်သြားၿပီးေနာက္ ပင္နယ္တီေပးဖို႔ အၿပိဳင္လက္ေထာင္ရင္း ေတာင္းဆုိခဲ့ပါတယ္။
”လူကၽြံေနတဲ့ အီလန္ဂါက ရက္ရွ္ဖို႔ ဂိုးမသြင္းႏိုင္ေအာင္
ဖ်က္ထုတ္လုိက္တာကို ဖာနန္ဒက္စ္က ပင္နယ္တီ သြားေတာင္းေနေသးတယ္။
တကယ့္ကိုစိတ္ပ်က္ဖုိ႔ေကာင္းပါတယ္။ ယူႏုိက္တက္အတြက္ေတာ့
ရာသီ ေစာေစာေလးပိတ္သိမ္းလုိက္တာက ပိုေကာင္းမယ္ထင္ပါတယ္”

”ပင္နယ္ဒက္စ္က ဘာကိစၥ ပင္နယ္တီသြားေတာင္းေနတာလဲ”
”ဘယ္ေလာက္မ်ားရွက္စရာေကာင္းလုိက္လဲဗ်ာ”လုိ႔
ပရိသတ္ေတြက လူမႈမီဒီယာမွာ အသီးသီးေရးတင္ခဲ့ပါတယ္။