
ကက်စ်မီရိုပွဲပယ်ခံထားရပြီး ဗာရန်းအရန်ခုံပေါ်ရောက်နေတာကလွဲလို့





ယူနိုက်တက်လူစုံထုတ်ခဲ့ပါတယ်။ တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊
ဝက်စ်ဟော့နဲ့အတူ လူငယ်ကြယ်ပွင့် ဂါနာချိုပါဝင်ခဲ့တာဖြစ်တယ်။





ဗီလာနဲ့ စပါးကို ၄ဂိုးစီသွင်းပြီး လိဂ်နောက်ဆုံး ၂ပွဲဆက်နိုင်ထားတဲ့
လက်စတာကတော့ ၂၀၂၁ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်
ပရီးမီးယားလိဂ် ၃ပွဲဆက်အနိုင်ရဖို့အတွက်ကြိုးစားကစားသွားခဲ့ပါတယ်။





ပွဲအစောပိုင်းမှာ ယူနိုက်တက်က အနည်းငယ်ပင်ပန်းတဲ့ပုံစံပေါက်နေသလို
ကွင်းလယ်နဲ့ ခံစစ်ကြားမှာ မကြာခဏဆိုသလိုဟာကွက်လေးတွေရှိနေခဲ့ပါတယ်။





ဟာဗေးဘန်းစ်နဲ့ အီဟီရာနာချိုတို့အဆုံးသတ်သေချာမယ်ဆိုရင်
ယူနိုက်တက်တို့ စောစောစီးစီးဂိုးပေးရဖို့တောင်ရှိခဲ့ပါတယ်။
ပွဲချိန် ၂၅ မိနစ်အရောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့အကွက်မြင်မြင်





ပေးပို့မှုကနေ ရက်ရှ်ဖို့ဒ်က လူကျွံထောင်ချောက်ဖောက်ထွက်ပြီး
ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အတွက်တော့ အိုးလ်ထရက်ဖို့ဒ်မှာ





ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲဆက်ဂိုးသွင်းနိုင်တာဖြစ်ပြီး အိမ်ကွင်းမှာ
သူ့ထက်ပွဲဆက်ရှည်ဂိုးသွင်းနိုင်သူဆိုလို့ ရော်နယ်ဒို(၁၀ ဂိုး)နဲ့ ဝိန်းရွန်နေး
(၈ ဂိုး) တို့နှစ်ယောက်သာရှိပါတော့တယ်။ ဒါ့အပြင် အင်္ဂလန်ကြယ်ပွင့်ဟာ





ပရီးမီးယားလိဂ် ၅ပွဲဆက်ဂိုးသွင်းတဲ့ မှတ်တမ်းကိုပါဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာတော့ ခြေစွမ်းမပြနိုင်တဲ့ ဂါနာချိုနေရာမှာ





ဆန်ချိုဝင်ရောက်လာခဲ့ပါတယ်။ ၅၆ မိနစ်မှာ ရက်ရှ်ဖို့ဒ်က
ယူနိုက်တက်အတွက် ဒုတိယဂိုးသွင်းယူခဲ့ပြီး နောက်ထပ်
၅ မိနစ်အကြာမှာတော့ လူစားဝင်လာတဲ့ ဆန်ချိုက





တတိယဂိုးသွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တန်ဟတ်ဟာ
ရက်ရှ်ဖို့ဒ်နဲ့ လုခ်ရှောကိုအနားပေးသွားခဲ့တာဖြစ်တယ်။





အိုးလ်ထရက်ဖို့ဒ်မှာ လက်စတာကိုဂိုးပြတ်အနိုင်ရခဲ့တာကြောင့်
သရဲနီတွေဟာ ပြိုင်ပွဲစုံ ၇ပွဲဆက် မရှုံးတဲ့မှတ်တမ်းနဲ့အတူ
လာမယ့်ပွဲစဉ်မှာ ဘာစီလိုနာကိုဖြိုချဖို့အတွက်ကောင်းမွန်တဲ့





စိတ်ဓာတ်ပိုင်းဆိုင်ရာကိုရရှိသွားခဲ့ပါတယ်။
zawgyi





ရက္ရွ္ဖို႔ဒ္ရဲ႕ ပရီးမီးယားလိဂ္ ၅ပြဲဆက္ဂိုးသြင္းမွတ္တမ္းနဲ႔အတူ စက္တင္ဘာေနာက္ပိုင္း လိဂ္အိမ္ကြင္းရႈံးပြဲမရွိစံခ်ိန္ကို ယူႏိုက္တက္ဆက္ထိန္းခဲ့
ကက္စ္မီ႐ိုပြဲပယ္ခံထားရၿပီး ဗာရန္းအရန္ခုံေပၚေရာက္ေနတာကလြဲလို႔
ယူႏိုက္တက္လူစုံထုတ္ခဲ့ပါတယ္။ တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊





ဝက္စ္ေဟာ့နဲ႔အတူ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳပါဝင္ခဲ့တာျဖစ္တယ္။
ဗီလာနဲ႔ စပါးကို ၄ဂိုးစီသြင္းၿပီး လိဂ္ေနာက္ဆုံး ၂ပြဲဆက္ႏိုင္ထားတဲ့





လက္စတာကေတာ့ ၂၀၂၁ ဇန္နဝါရီေနာက္ပိုင္း ပထမဆုံးအႀကိမ္
ပရီးမီးယားလိဂ္ ၃ပြဲဆက္အႏိုင္ရဖို႔အတြက္ႀကိဳးစားကစားသြားခဲ့ပါတယ္။
ပြဲအေစာပိုင္းမွာ ယူႏိုက္တက္က အနည္းငယ္ပင္ပန္းတဲ့ပုံစံေပါက္ေနသလို





ကြင္းလယ္နဲ႔ ခံစစ္ၾကားမွာ မၾကာခဏဆိုသလိုဟာကြက္ေလးေတြရွိေနခဲ့ပါတယ္။
ဟာေဗးဘန္းစ္နဲ႔ အီဟီရာနာခ်ိဳတို႔အဆုံးသတ္ေသခ်ာမယ္ဆိုရင္





ယူႏိုက္တက္တို႔ ေစာေစာစီးစီးဂိုးေပးရဖို႔ေတာင္ရွိခဲ့ပါတယ္။
ပြဲခ်ိန္ ၂၅ မိနစ္အေရာက္မွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕အကြက္ျမင္ျမင္
ေပးပို႔မႈကေန ရက္ရွ္ဖို႔ဒ္က လူကြၽံေထာင္ေခ်ာက္ေဖာက္ထြက္ၿပီး





ဦးေဆာင္ဂိုးသြင္းေပးခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္အတြက္ေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ
ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၇ပြဲဆက္ဂိုးသြင္းႏိုင္တာျဖစ္ၿပီး အိမ္ကြင္းမွာ





သူ႔ထက္ပြဲဆက္ရွည္ဂိုးသြင္းႏိုင္သူဆိုလို႔ ေရာ္နယ္ဒို(၁၀ ဂိုး)နဲ႔ ဝိန္း႐ြန္ေနး
(၈ ဂိုး) တို႔ႏွစ္ေယာက္သာရွိပါေတာ့တယ္။ ဒါ့အျပင္ အဂၤလန္ၾကယ္ပြင့္ဟာ
ပရီးမီးယားလိဂ္ ၅ပြဲဆက္ဂိုးသြင္းတဲ့ မွတ္တမ္းကိုပါဆုပ္ကိုင္ႏိုင္ခဲ့ပါတယ္။





ဒုတိယပိုင္းအစမွာေတာ့ ေျခစြမ္းမျပႏိုင္တဲ့ ဂါနာခ်ိဳေနရာမွာ
ဆန္ခ်ိဳဝင္ေရာက္လာခဲ့ပါတယ္။ ၅၆ မိနစ္မွာ ရက္ရွ္ဖို႔ဒ္က





ယူႏိုက္တက္အတြက္ ဒုတိယဂိုးသြင္းယူခဲ့ၿပီး ေနာက္ထပ္
၅ မိနစ္အၾကာမွာေတာ့ လူစားဝင္လာတဲ့ ဆန္ခ်ိဳက
တတိယဂိုးသြင္းေပးခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တန္ဟတ္ဟာ





ရက္ရွ္ဖို႔ဒ္နဲ႔ လုခ္ေရွာကိုအနားေပးသြားခဲ့တာျဖစ္တယ္။
အိုးလ္ထရက္ဖို႔ဒ္မွာ လက္စတာကိုဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္





သရဲနီေတြဟာ ၿပိဳင္ပြဲစုံ ၇ပြဲဆက္ မရႈံးတဲ့မွတ္တမ္းနဲ႔အတူ
လာမယ့္ပြဲစဥ္မွာ ဘာစီလိုနာကိုၿဖိဳခ်ဖို႔အတြက္ေကာင္းမြန္တဲ့
စိတ္ဓာတ္ပိုင္းဆိုင္ရာကိုရရွိသြားခဲ့ပါတယ္။




