ရက်ရှ်ဖို့ဒ်ရဲ့အနိုင်ဂိုးမှာ ကာဗာနီ လူကျွံနေတယ်လို့ ပရိသတ်အများစု ထင်မြင်ယူဆ

ဝက်စ်ဟမ်းနဲ့ပွဲမှာ သွင်းယူသွားတဲ့ ယူနိုက်တက်ရဲ့
နောက်ကျအနိုင်ဂိုးက အငြင်းပွားဖွယ်ဖြစ်နေပြီး
ပရိသတ်တချို့က ဂိုးဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူးကာဗာနီ
လူကျွံနေတယ်လို့ အခိုင်အမာယူဆနေကြပါတယ်။
ပွဲပြီးခါနီးမှာ ယူနိုက်တက်ရဲ့လူစားဝင်ကစားသမားတွေအားလုံး
ပူးပေါင်းပြီး အရေးပါတဲ့အနိုင်ဂိုး ရယူသွားတာဖြစ်ပါတယ်။
တန်ပြန်တိုက်စစ်ကနေ မာရှယ်ထိုးပေးတာကနေ
ကာဗာနီ ဖြတ်တင်ပေးလိုက်တာကို
ရက်ရှ်ဖို့ဒ်က ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ
အသာလေးပိတ်သွင်းပြီး အနိုင်ဂိုးရယူနိုင်ခဲ့တာပါ။


မာရှယ်ထိုးပေးလိုက်ချိန် ကာဗာနီ
လူကျွံနေတယ်လို့ ပရိသတ်အများစု
ယူဆခဲ့ကြပေမယ့် VAR ပြန်ကြည့်ရာမှာတော့
လူမကျွံဘူးဆိုကာ ယူနိုက်တက်ကို အနိုင်ဂိုးပေးလိုက်တာဖြစ်ပါတယ်။
”ဝက်စ်ဟမ်းကတော့ အိုးထရက်ဖို့ဒ်မှာ
အမှတ် ဓားပြအတိုက်ခံလိုက်ရပါပြီ။
ကာဗာနီက လူကျွံနေတဲ့ဥစ္စာ”
”ပရီးမီးယားလိဂ်ကတော့
အကျင့်ပျက်ခြစားလွန်းပါတယ်ကွာ။


VAR က ကာဗာနီ လူမကျွံဘူးလို့
ဘယ်လိုများဆုံးဖြတ်လိုက်တာလဲမသိဘူး”
”ကာဗာနီ လူကျွံနေတာ အသိသာကြီးကို”လို့
ပရိသတ်တွေက တွစ်တာမှာ အသီးသီးမှတ်ချက်ရေးသားခဲ့ကြပါတယ်။