ရက်ရှ်ဖို့ဒ်ရဲ့နောက်ဆုံးအခြေအနေကို အတည်ပြုလိုက်တဲ့ ရိုမာနို

မန်ချက်စတာဒါဘီမှာ မန်စီးတီးကို အရှက်တကွဲရှုံးပြီးခဲ့ပြီးကတည်းက

မန်ယူတိုက်စစ်မှုးရက်ရှ်ဖို့ဒ်ရဲ့အနာဂါတ်နဲ့ပတ်သက်ပြီး

သတင်းတွေပိုမိုလှုပ်ခတ်လာခဲ့ပါတယ်။

ဒီပွဲမှာ ရက်ရှ်ဖို့ဒ်ဟာ ပွဲထွက်ခွင့်တောင်မရဘဲ

ဆယ်ကျော်သက်ကစားသမားအီလန်ဂါရဲ့အရန်ဖြစ်နေခဲ့ကာ

ဒုတိယပိုင်းရောက်မှသာ လူစားဝင်ကစားခွင့်ရခဲ့တာပါ။

၂၄ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ မကြာသေးခင်ရာသီတွေမှာ

ယူနိုက်တက်ရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့်

အခုရာသီမှာတော့ ခြေစွမ်းအရ ရုန်းကန်နေရပါတယ်။

အထူးသဖြင့် ရန်းနစ်လက်ထက်မှာ ပွဲထွက်ခွင့်ပိုမိုပျောက်ဆုံးလာခဲ့တာပါ။

ဒီအချိန်မှာ ကစားသမားအပြောင်းအရွှေ့ကျွမ်းကျင်သူဂျာနယ်လစ်ဖြစ်တဲ့

ဖာဘရီဇီယိုရိုမာနိုက folllower ၇ သန်းရှိတဲ့ သူ့ရဲ့Twiitter စာမျက်နှာထက်မှာ

ရက်ရှ်ဖို့ဒ်ရဲ့နောက်ဆုံးအခြေအနေကို အတည်ပြုလိုက်ပါတယ်။

”မားကပ်ရက်ရှ်ဖို့ဒ်ဟာ သူ့အနာဂါတ်ကို စဉ်းစားနေပါတယ်။

ပွဲကစားခွင့်နည်းပါးလာတာကို သူစိုးရိမ်နေတယ်လို့

အဲဒီမန်ယူတိုက်စစ်မှုးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ကျွန်တော့်ကို ပြောပါတယ်။

သူဟာ အမြဲတမ်းပရော်ဖက်ရှင်နယ်ဆန်ပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းရှင်းဖြစ်ချင်နေတာပါ။

သူ့ရဲ့မန်ယူစာချုပ်က ၂၀၂၃ ဇွန်လမှာ ကုန်ဆုံးမှာပါ”လို့

ရိုမာနိုက Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။

ရိုမာနိုက အဲဒီလိုပြောပြီး နာရီပိုင်းအကြာမှာပဲ ပီအက်စ်ဂျီဟာ ရီးရဲလ်ကို

ပြောင်းဖို့များတဲ့ အမ်ဘက်ပီရဲ့နေရာမှာ ရက်ရှ်ဖိ့ုဒ်ကို

အစားထိုးချင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

မန်ယူနဲ့စာချုပ်သက်တမ်း ၁၈ လသာကျန်တော့တဲ့အတွက်လည်း

ရက်ရှ်ဖို့ဒ်ဟာ ကလပ်က သူ့အနာဂါတ်ကို စဉ်းစားနေတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့

ပွဲပြီးကတည်းက ပရီးမီးယားလိဂ်မှာ ပွဲထွက်ရခြင်း မရှိတော့ပါဘူး။

zawgyi

ရက္ရွ္ဖို႔ဒ္ရဲ႕ေနာက္ဆုံးအေျခအေနကို အတည္ျပဳလိုက္တဲ့ ႐ိုမာႏို

မန္ခ်က္စတာဒါဘီမွာ မန္စီးတီးကို အရွက္တကြဲရႈံးၿပီးခဲ့ၿပီးကတည္းက

မန္ယူတိုက္စစ္မႈးရက္ရွ္ဖို႔ဒ္ရဲ႕အနာဂါတ္နဲ႔ပတ္သက္ၿပီး

သတင္းေတြပိုမိုလႈပ္ခတ္လာခဲ့ပါတယ္။

အဲဒီပြဲမွာ ရက္ရွ္ဖို႔ဒ္ဟာ ပြဲထြက္ခြင့္ေတာင္မရဘဲ

ဆယ္ေက်ာ္သက္ကစားသမားအီလန္ဂါရဲ႕အရန္ျဖစ္ေနခဲ့ကာ

ဒုတိယပိုင္းေရာက္မွသာ လူစားဝင္ကစားခြင့္ရခဲ့တာပါ။

၂၄ ႏွစ္အ႐ြယ္ ရက္ရွ္ဖို႔ဒ္ဟာ မၾကာေသးခင္ရာသီေတြမွာ

ယူႏိုက္တက္ရဲ႕အဓိကကစားသမားတစ္ေယာက္ျဖစ္ခဲ့ေပမယ့္

အခုရာသီမွာေတာ့ ေျခစြမ္းအရ ႐ုန္းကန္ေနရပါတယ္။

အထူးသျဖင့္ ရန္းနစ္လက္ထက္မွာ ပြဲထြက္ခြင့္ပိုမိုေပ်ာက္ဆုံးလာခဲ့တာပါ။

ဒီအခ်ိန္မွာ ကစားသမားအေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူဂ်ာနယ္လစ္ျဖစ္တဲ့

ဖာဘရီဇီယို႐ိုမာႏိုက folllower ၇ သန္းရွိတဲ့ သူ႔ရဲ႕Twiitter စာမ်က္ႏွာထက္မွာ

ရက္ရွ္ဖို႔ဒ္ရဲ႕ေနာက္ဆုံးအေျခအေနကို အတည္ျပဳလိုက္ပါတယ္။

”မားကပ္ရက္ရွ္ဖို႔ဒ္ဟာ သူ႔အနာဂါတ္ကို စဥ္းစားေနပါတယ္။

ပြဲကစားခြင့္နည္းပါးလာတာကို သူစိုးရိမ္ေနတယ္လို႔

အဲဒီမန္ယူတိုက္စစ္မႈးနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္က ကြၽန္ေတာ့္ကို ေျပာပါတယ္။

သူဟာ အၿမဲတမ္းပေရာ္ဖက္ရွင္နယ္ဆန္ပါတယ္။

ဒါေပမဲ့ လက္ရွိအေျခအေနကို ရွင္းရွင္းလင္းရွင္းျဖစ္ခ်င္ေနတာပါ။

သူ႔ရဲ႕မန္ယူစာခ်ဳပ္က ၂၀၂၃ ဇြန္လမွာ ကုန္ဆုံးမွာပါ”လို႔

႐ိုမာႏိုက Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။

႐ိုမာႏိုက အဲဒီလိုေျပာၿပီး နာရီပိုင္းအၾကာမွာပဲ ပီအက္စ္ဂ်ီဟာ ရီးရဲလ္ကို

ေျပာင္းဖို႔မ်ားတဲ့ အမ္ဘက္ပီရဲ႕ေနရာမွာ ရက္ရွ္ဖိ့ုဒ္ကို

အစားထိုးခ်င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

မန္ယူနဲ႔စာခ်ဳပ္သက္တမ္း ၁၈ လသာက်န္ေတာ့တဲ့အတြက္လည္း

ရက္ရွ္ဖို႔ဒ္ဟာ ကလပ္က သူ႔အနာဂါတ္ကို စဥ္းစားေနတာပါ။

ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ ၁၂ ေဆာက္သမ္တန္နဲ႔ကစားခဲ့တဲ့

ပြဲၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ပြဲထြက္ရျခင္း မရွိေတာ့ပါဘူး။