ရက်ရှ်ဖို့ဒ်မဟုတ်တဲ့ သရဲနီတစ်ယောက်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ စိတ်ဝင်စား

ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်ကို မထင်မှတ်တဲ့

အနေအထားနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။

ဒီလအစောပိုင်းမှာတော့ ပီအက်စ်ဂျီအသင်းဥက္ကဌအယ်လ်ခီလိုင်ဖီဟာ

နွေဈေးကွက်မှာ ရက်ရှ်ဖို့ဒ်ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့

စိတ်ဝင်စားတယ်လို့ အတည်ပြုပြောဆိုထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့

ရက်ရှ်ဖို့ဒ်မဟုတ်တဲ့ ဖရက်ဒ်ကို စိတ်ဝင်စားလာတာက အရမ်းကို

အံ့အားသင့်စရာဖြစ်နေပြီး တေ့တေ့ဆိုင်ဆိုင်ကမ်းလှမ်းရင်

ယူနိုက်တက်က ရောင်းချဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာ

ရာသီကုန်မှာအစင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်

ရက်ရှ်ဖို့ဒ်ကို တစ်နှစ်သက်တမ်းတိုးဖို့ပြင်ဆင်နေပြီဖြစ်တယ်။

ရက်ရှ်ဖို့ဒ်နဲ့ပတ်သတ်လို့ အယ်လ်ခီလိုင်ဖီက “သူက တကယ်ကို

အံ့အားသင့်စရာ နောက်ထပ်ကစားသမားတစ်ယောက်ပါပဲ။

အလွတ်နဲ့လား။ ရက်ရှ်ဖို့ဒ်ကို အလကားရမယ်ဆိုရင် ကလပ်တိုင်းက

သူ့နောက်လိုက်မှာသေချာပါတယ်။ အရင်ကတည်းက

စိတ်ဝင်စားခဲ့သလို ဒါကိုဖုံးကွယ်ထားစရာမရှိပါဘူး။

ဒါပေမဲ့ အခုအခြေအနေကတော့ နှစ်သင်းစလုံးအတွက်

အချိန်ကောင်းမဟုတ်သေးပါဘူး။ နွေရာသီဆိုဖြစ်နိုင်တယ်၊

မဖြစ်နိုင်စရာမရှိပါဘူး” လို့ ဖွင့်ဟထားပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို

ခြေစွမ်းကြောင့်လှောင်ပြောင်ခံနေရတဲ့ ဖရက်ဒ်ကို ပီအက်စ်ဂျီ

စိတ်ဝင်စားတယ်ဆိုတဲ့သတင်းကတော့ အံ့အားသင့်စရာကောင်းခဲ့တာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖရက်ဒ်ကို

တစ်နှစ်သက်တမ်းတိုးဖို့လုပ်ဆောင်နေပြီး လာမယ့်နွေရာသီမှာတော့

ပီအက်စ်ဂျီရဲ့ အလားအလာရှိတဲ့ခေါ်ယူမှုစာရင်းထဲပါဝင်နေတယ်လို့

The Sun သတင်းစာကဖော်ပြလိုက်တာပါ။ ယူနိုက်တက်နည်းပြ

တန်ဟတ်ဟာ ကွင်းလယ်ပိုင်းအတွက် ကက်စ်မီရိုနဲ့ အဲရစ်ဆင်ကို

ခေါ်ယူခဲ့ပြီးနောက် ဖရက်ဒ်ရဲ့အိုးလ်ထရက်ဖို့ဒ်ပွဲထွက်ခွင့်က

အခြေအနေပိုဆိုးသွားတာဖြစ်တယ်။ ဒါပေမဲ့ ဖရက်ဒ်ဟာ

အကန့်အသတ်နဲ့ပွဲကစားခွင့်ကိုကြည်ဖြူစွာလက်ခံနေသူဖြစ်တာကြောင့်

နည်းပြတန်ဟတ်က စိတ်ထားကိုသဘောကျနေသလို

အနိမ့်ဆုံး ပေါင် သန်း ၃၀ လောက်ရမှရောင်းချဖို့ရှိနေပါတယ်။

zawgyi

ရက္ရွ္ဖို႔ဒ္မဟုတ္တဲ့ သရဲနီတစ္ေယာက္ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ စိတ္ဝင္စား

ပီအက္စ္ဂ်ီအသင္းဟာ ယူႏိုက္တက္ကြင္းလယ္လူဖရက္ဒ္ကို မထင္မွတ္တဲ့

အေနအထားနဲ႔ေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္လာပါတယ္။

ဒီလအေစာပိုင္းမွာေတာ့ ပီအက္စ္ဂ်ီအသင္းဥကၠဌအယ္လ္ခီလိုင္ဖီဟာ

ေႏြေဈးကြက္မွာ ရက္ရွ္ဖို႔ဒ္ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူဖို႔

စိတ္ဝင္စားတယ္လို႔ အတည္ျပဳေျပာဆိုထားပါတယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့

ရက္ရွ္ဖို႔ဒ္မဟုတ္တဲ့ ဖရက္ဒ္ကို စိတ္ဝင္စားလာတာက အရမ္းကို

အံ့အားသင့္စရာျဖစ္ေနၿပီး ေတ့ေတ့ဆိုင္ဆိုင္ကမ္းလွမ္းရင္

ယူႏိုက္တက္က ေရာင္းခ်ဖို႔ရွိေနပါတယ္။ ယူႏိုက္တက္ဟာ

ရာသီကုန္မွာအစင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္

ရက္ရွ္ဖို႔ဒ္ကို တစ္ႏွစ္သက္တမ္းတိုးဖို႔ျပင္ဆင္ေနၿပီျဖစ္တယ္။

ရက္ရွ္ဖို႔ဒ္နဲ႔ပတ္သတ္လို႔ အယ္လ္ခီလိုင္ဖီက “သူက တကယ္ကို

အံ့အားသင့္စရာ ေနာက္ထပ္ကစားသမားတစ္ေယာက္ပါပဲ။

အလြတ္နဲ႔လား။ ရက္ရွ္ဖို႔ဒ္ကို အလကားရမယ္ဆိုရင္ ကလပ္တိုင္းက

သူ႔ေနာက္လိုက္မွာေသခ်ာပါတယ္။ အရင္ကတည္းက

စိတ္ဝင္စားခဲ့သလို ဒါကိုဖုံးကြယ္ထားစရာမရွိပါဘူး။

ဒါေပမဲ့ အခုအေျခအေနကေတာ့ ႏွစ္သင္းစလုံးအတြက္

အခ်ိန္ေကာင္းမဟုတ္ေသးပါဘူး။ ေႏြရာသီဆိုျဖစ္ႏိုင္တယ္၊

မျဖစ္ႏိုင္စရာမရွိပါဘူး” လို႔ ဖြင့္ဟထားပါတယ္။ ဒါေပမဲ့ မၾကာခဏဆိုသလို

ေျခစြမ္းေၾကာင့္ေလွာင္ေျပာင္ခံေနရတဲ့ ဖရက္ဒ္ကို ပီအက္စ္ဂ်ီ

စိတ္ဝင္စားတယ္ဆိုတဲ့သတင္းကေတာ့ အံ့အားသင့္စရာေကာင္းခဲ့တာပါ။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဖရက္ဒ္ကို

တစ္ႏွစ္သက္တမ္းတိုးဖို႔လုပ္ေဆာင္ေနၿပီး လာမယ့္ေႏြရာသီမွာေတာ့

ပီအက္စ္ဂ်ီရဲ႕ အလားအလာရွိတဲ့ေခၚယူမႈစာရင္းထဲပါဝင္ေနတယ္လို႔

The Sun သတင္းစာကေဖာ္ျပလိုက္တာပါ။ ယူႏိုက္တက္နည္းျပ

တန္ဟတ္ဟာ ကြင္းလယ္ပိုင္းအတြက္ ကက္စ္မီ႐ိုနဲ႔ အဲရစ္ဆင္ကို

ေခၚယူခဲ့ၿပီးေနာက္ ဖရက္ဒ္ရဲ႕အိုးလ္ထရက္ဖို႔ဒ္ပြဲထြက္ခြင့္က

အေျခအေနပိုဆိုးသြားတာျဖစ္တယ္။ ဒါေပမဲ့ ဖရက္ဒ္ဟာ

အကန႔္အသတ္နဲ႔ပြဲကစားခြင့္ကိုၾကည္ျဖဴစြာလက္ခံေနသူျဖစ္တာေၾကာင့္

နည္းျပတန္ဟတ္က စိတ္ထားကိုသေဘာက်ေနသလို

အနိမ့္ဆုံး ေပါင္ သန္း ၃၀ ေလာက္ရမွေရာင္းခ်ဖို႔ရွိေနပါတယ္။