ရက်ရှ်ဖို့ဒ်က ဒီလောက်နဲ့ ရပ်တန့်နေမယ့် ကစားသမားမဟုတ်ဘူး ဆိုတဲ့ တန်ဟက်

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီထက်ပိုပြီး တိုး တက်လာတော့မယ့်

ကစားသမားဖြစ်တယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ် က ချီးမွမ်းလိုက်ပါတယ်။ ဟမ်းမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပထမပိုင်းမှာတင်

အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကတစ် ဆင့် ခေါင်းတိုက်ဂိုးသွင်းယူပြီး သူ့ရဲ့ မန်ယူကစားသမားဘ၀ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ စံချိန်ကို ရခဲ့တာဖြစ်ပါတယ်။ နုပျိုသစ်လွင်နေတဲ့

ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ဝိန်းရွန်နေးနောက်ပိုင်း အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွင်း ဂိုး စံချိန်တွေ တင်နိုင်တဲ့ မန်ယူရဲ့ ပထမဆုံး ကစားသမားဖြစ်လာနေတာ ကြောင့် သူဟာ

ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်နိုင်မယ့် ကစားသမားမျိုးလားလို့ သတင်းထောက်တစ်ယောက်က မေးမြန်းခဲ့ရာမှာတော့ တန်ဟက်က ‘’သူက အဲ့လိုမျိုးတောင် ဖြစ်နေပါပြီ။

အသက် ၂၅ နှစ် မတိုင်ခင် သွင်းဂိုး ၁၀၀ သွင်း ဖို့ဆိုတာက အဲ့ဒီလိုမျိုး အဆင့်အတန်းကို ရောက်နှင့်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ သူက ဒီလောက်နဲ့ ကျေနပ်နေမယ့်

ကလေးမျိုးတော့ မဟုတ်ဘူး။ အဆုံးသတ်တစ်ခုမှာ အသင်းနဲ့အတူ ဆုဖလားတွေ ဘယ်လောက်အထိ ဆွတ်ခူးနိုင်မယ်ဆိုတာမျိုးကို ဦးစားပေးမယ့်သဘောပေါ့။ သူက

ဒီထက်ပိုပြီး တော့တောင် တိုးတက်လာနိုင်ပါသေးတယ်’’ လို့ ပြောဆိုသွားခဲ့တာပါ။ ဒါ့အပြင် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ လက်စွမ်းပြသွားခဲ့တဲ့ ဂိုးသမား ဒီဂီယာကိုလည်း

အေဂျက်ဇ်နည်းပြဟောင်းက အထူးတလည် ချီးမွမ်းသွားခဲ့ပါတယ်။ ဒီဂီယာဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး အန်တိုနီယိုရဲ့ ၂၅ ကိုက် အကွာက ကန်ချက်နဲ့ ဇူးမားရဲ့ အပိုင်

ခေါင်းတိုက်ချက်တွေကို လက်စွမ်းပြ ကာကွယ်နိုင် ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ‘’ဒါက တော်တော်လေးကို ထင်ရှားပါတယ်။ ဒါကို ကျွန်တော် အကြိမ်ပေါင်းများစွာ အလေးအနက်

ပြောခဲ့ပြီးပါပြီ။ ဒီဂီယာ နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် တကယ်ကို အားရကျေနပ်မိတာ။ သူက အသက် ၃၁ နှစ်ပဲ ရှိသေးတယ်။ ပြည့်စုံနေပြီ’’ လို့ တန်ဟက်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ရက္ရွ္ဖို႔ဒ္က ဒီေလာက္နဲ႔ ရပ္တန႔္ေနမယ့္ ကစားသမားမဟုတ္ဘူး ဆိုတဲ့ တန္ဟက္

ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာ ဒီထက္ပိုၿပီး တိုး တက္လာေတာ့မယ့္ ကစားသမားျဖစ္တယ္လို႔

မန္ယူနည္းျပ အဲရစ္တန္ဟတ္ က ခ်ီးမြမ္းလိုက္ပါတယ္။ ဟမ္းမားေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္မွာ ရက္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အတြက္ ပထမပိုင္းမွာတင္ အဲရစ္ဆင္ရဲ႕ ဖန္တီးေပးမႈကတစ္

ဆင့္ ေခါင္းတိုက္ဂိုးသြင္းယူၿပီး သူ႔ရဲ႕ မန္ယူကစားသမားဘ၀ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္တဲ့ စံခ်ိန္ကို ရခဲ့တာျဖစ္ပါတယ္။ ႏုပ်ိဳသစ္လြင္ေနတဲ့ ကစားသမား

ရက္ရွ္ဖို႔ဒ္ဟာ ဝိန္း႐ြန္ေနးေနာက္ပိုင္း အသက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ သြင္း ဂိုး စံခ်ိန္ေတြ တင္ႏိုင္တဲ့ မန္ယူရဲ႕ ပထမဆုံး ကစားသမားျဖစ္လာေနတာ ေၾကာင့္

သူဟာ ဂိုးသြင္းစံခ်ိန္ေတြကို ခ်ိဳးဖ်က္ႏိုင္မယ့္ ကစားသမားမ်ိဳးလားလို႔ သတင္းေထာက္တစ္ေယာက္က ေမးျမန္းခဲ့ရာမွာေတာ့ တန္ဟက္က ‘’သူက အဲ့လိုမ်ိဳးေတာင္ ျဖစ္ေနပါၿပီ။

အသက္ ၂၅ ႏွစ္ မတိုင္ခင္ သြင္းဂိုး ၁၀၀ သြင္း ဖို႔ဆိုတာက အဲ့ဒီလိုမ်ိဳး အဆင့္အတန္းကို ေရာက္ႏွင့္ေနၿပီလို႔ ကြၽန္ေတာ္ ထင္ ပါတယ္။ ဒါေပမဲ့ သူက ဒီေလာက္နဲ႔

ေက်နပ္ေနမယ့္ ကေလးမ်ိဳးေတာ့ မဟုတ္ ဘူး။ အဆုံးသတ္တစ္ခုမွာ အသင္းနဲ႔အတူ ဆုဖလားေတြ ဘယ္ေလာက္အထိ ဆြတ္ခူးႏိုင္မယ္ဆိုတာမ်ိဳးကို ဦးစားေပးမယ့္သေဘာေပါ့။

သူက ဒီထက္ပိုၿပီး ေတာ့ေတာင္ တိုးတက္လာႏိုင္ပါေသးတယ္’’ လို႔ ေျပာဆိုသြားခဲ့တာပါ။ ဒါ့အ ျပင္ ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္မွာ လက္စြမ္းျပသြားခဲ့တဲ့ ဂိုးသမား ဒီဂီယာကိုလည္း

ေအဂ်က္ဇ္နည္းျပေဟာင္းက အထူးတလည္ ခ်ီးမြမ္းသြားခဲ့ပါတယ္။ ဒီဂီယာ ဟာ ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္မွာ တိုက္စစ္မႉး အန္တိုနီယိုရဲ႕ ၂၅ ကိုက္ အကြာက ကန္ခ်က္နဲ႔

ဇူးမားရဲ႕ အပိုင္ ေခါင္းတိုက္ခ်က္ေတြကို လက္စြမ္းျပ ကာကြယ္ႏိုင္ ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ‘’ဒါက ေတာ္ေတာ္ေလးကို ထင္ရွားပါတယ္။

ဒါကို ကြၽန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ အေလးအနက္ ေျပာခဲ့ၿပီးပါၿပီ။ ဒီဂီယာ နဲ႔ ပတ္သက္လို႔ကေတာ့ ကြၽန္ေတာ္ တကယ္ကို အားရ ေက်နပ္မိတာ။

သူက အသက္ ၃၁ ႏွစ္ပဲ ရွိေသးတယ္။ ျပည့္စုံေနၿပီ’’ လို႔ တန္ဟက္က ေျပာဆိုသြား ခဲ့ပါတယ္။