ရက်ရှ်ဖို့ဒ်ကိုချီးကျူးနေကြပေမယ့် ကိန်းဂဏန်းတွေအရ ဒီဂီယာနဲ့ခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ပိုပြီးအစွမ်းထက်နေတယ်

ယူနိုက်တက်အတွက် ရက်ရှ်ဖို့ဒ်ကပျော်ရွှင်စရာကောင်းတဲ့

သွင်းဂိုးတွေရယူပေးနေပေမယ့် အခြားတစ်ဖက်မှာတော့ သူဟာ

အသင်းရဲ့ Clean Sheets မှတ်တမ်းတွေအတွက်ကျေနပ်နေရမှာပဲဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အတွက် ၂၄ ဂိုးသွင်းပေးထားတဲ့ ရက်ရှ်ဖို့ဒ်အတွက်တော့

လာမယ့် ၃ရက်လောက်အတွင်းက အရေးကြီးတဲ့အခိုက်အတန့်ကိုဖြတ်သန်းရမှာပဲဖြစ်တယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ဘာစီလိုနာကိုအနိုင်ကြိတ်ရမယ်၊ ပြီးရင် ဝင်ဘလေဆက်သွားပြီး

ကာရာဘောင်းဖလားယူဖို့ကြိုးစားရမယ်။ နယူးကာဆယ်နဲ့ပွဲစဉ်ကတော့

သရဲနီတွေအတွက် ၂၀၁၇ နောက်ပိုင်း ပထမဆုံးဆုဖလားမျှော်လင့်ချက်လို့ဆိုရမှာပါ။

ဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ဒီရက်ပိုင်းအတွင်းမှာ မနားစတမ်းတောင်းဆိုမှုတွေနဲ့

ရင်ဆိုင်ရဖို့ရှိနေတာဖြစ်တယ်။ “ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပါ။

သူက ဘာကိုမှအားမကိုးဘူး၊ ပြီးတော့ကြီးမားတဲ့အပြောင်းအလဲတွေထဲက

တစ်ခုကတော့ နည်းပြသစ်နဲ့ သူ့ရဲ့အဖွဲ့ဝင်သစ်တွေပါပဲ။ သူတို့ကြောင့် အရင်က

စိတ်ဓာတ်မျိုးပြန်ရခဲ့တယ်။ဒါက ကျွန်တော်နဲ့အသင်းအတွက်ကြီးမားတဲ့အရာပါ” လို့

ရက်ရှ်ဖို့ဒ်က ဖွင့်ဟထားပါတယ်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင်တော့

ဒီဂီယာနဲ့ သူ့ရဲ့ခံစစ်ကစားဖော်တွေရဲ့စွမ်းဆောင်ရည်က အရမ်းကိုကျေနပ်ဖို့

ကောင်းနေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြိုင်ပွဲစုံ Clean Sheets

မှတ်တမ်းကိုကြည့်ရင် ၃၈ ပွဲကစားထားတဲ့ ယူနိုက်တက်က ၁၈ ပွဲပေးဂိုးမဲ့နဲ့

Clean Sheets အများဆုံးရထားတဲ့အသင်းအဖြစ်ရပ်တည်နေတာဖြစ်တယ်။

ဒီဂီယာဟာ ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၁၀ ပွဲအထိ Clean Sheets ရအောင်

ကစားထားနိုင်ပါတယ်။ ယူနိုက်တက်ရဲ့ထိပ်တန်းကြယ်ပွင့်ဖြစ်လာတဲ့

ရက်ရှ်ဖို့ဒ်ကလည်း နည်းပြတန်ဟတ်လက်ထက်မှာ ကစားသမားတွေဟာ

ဒေးဗစ်ဒီဂီယာနဲ့ခံစစ်ကစားသမားတွေကို Clean Sheets ရအောင်

ကူညီပေးဖို့အတွက် ပိုပြီးစိတ်အားထက်သန်လာကြတယ်လို့ ဖွင့်ဟထားပါတယ်။

zawgyi

ရက္ရွ္ဖို႔ဒ္ကိုခ်ီးက်ဴးေနၾကေပမယ့္ ကိန္းဂဏန္းေတြအရ ဒီဂီယာနဲ႔ခံစစ္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္က ပိုၿပီးအစြမ္းထက္ေနတယ္

ယူႏိုက္တက္အတြက္ ရက္ရွ္ဖို႔ဒ္ကေပ်ာ္႐ႊင္စရာေကာင္းတဲ့

သြင္းဂိုးေတြရယူေပးေနေပမယ့္ အျခားတစ္ဖက္မွာေတာ့ သူဟာ

အသင္းရဲ႕ Clean Sheets မွတ္တမ္းေတြအတြက္ေက်နပ္ေနရမွာပဲျဖစ္ပါတယ္။

ဒီရာသီမွာ ယူႏိုက္တက္အတြက္ ၂၄ ဂိုးသြင္းေပးထားတဲ့ ရက္ရွ္ဖို႔ဒ္အတြက္ေတာ့

လာမယ့္ ၃ရက္ေလာက္အတြင္းက အေရးႀကီးတဲ့အခိုက္အတန႔္ကိုျဖတ္သန္းရမွာပဲျဖစ္တယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ ဘာစီလိုနာကိုအႏိုင္ႀကိတ္ရမယ္၊ ၿပီးရင္ ဝင္ဘေလဆက္သြားၿပီး

ကာရာေဘာင္းဖလားယူဖို႔ႀကိဳးစားရမယ္။ နယူးကာဆယ္နဲ႔ပြဲစဥ္ကေတာ့

သရဲနီေတြအတြက္ ၂၀၁၇ ေနာက္ပိုင္း ပထမဆုံးဆုဖလားေမွ်ာ္လင့္ခ်က္လို႔ဆိုရမွာပါ။

ဒါေၾကာင့္ ရက္ရွ္ဖို႔ဒ္ဟာ ဒီရက္ပိုင္းအတြင္းမွာ မနားစတမ္းေတာင္းဆိုမႈေတြနဲ႔

ရင္ဆိုင္ရဖို႔ရွိေနတာျဖစ္တယ္။ “ဒါက နည္းျပရဲ႕ဆုံးျဖတ္ခ်က္ပါ။

သူက ဘာကိုမွအားမကိုးဘူး၊ ၿပီးေတာ့ႀကီးမားတဲ့အေျပာင္းအလဲေတြထဲက

တစ္ခုကေတာ့ နည္းျပသစ္နဲ႔ သူ႔ရဲ႕အဖြဲ႕ဝင္သစ္ေတြပါပဲ။ သူတို႔ေၾကာင့္ အရင္က

စိတ္ဓာတ္မ်ိဳးျပန္ရခဲ့တယ္။ဒါက ကြၽန္ေတာ္နဲ႔အသင္းအတြက္ႀကီးမားတဲ့အရာပါ” လို႔

ရက္ရွ္ဖို႔ဒ္က ဖြင့္ဟထားပါတယ္။ ဒါေပမယ့္ တစ္ဖက္ကျပန္ၾကည့္ရင္ေတာ့

ဒီဂီယာနဲ႔ သူ႔ရဲ႕ခံစစ္ကစားေဖာ္ေတြရဲ႕စြမ္းေဆာင္ရည္က အရမ္းကိုေက်နပ္ဖို႔

ေကာင္းေနပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ၿပိဳင္ပြဲစုံ Clean Sheets

မွတ္တမ္းကိုၾကည့္ရင္ ၃၈ ပြဲကစားထားတဲ့ ယူႏိုက္တက္က ၁၈ ပြဲေပးဂိုးမဲ့နဲ႔

Clean Sheets အမ်ားဆုံးရထားတဲ့အသင္းအျဖစ္ရပ္တည္ေနတာျဖစ္တယ္။

ဒီဂီယာဟာ ပရီးမီးယားလိဂ္ ၂၄ ပြဲမွာ ၁၀ ပြဲအထိ Clean Sheets ရေအာင္

ကစားထားႏိုင္ပါတယ္။ ယူႏိုက္တက္ရဲ႕ထိပ္တန္းၾကယ္ပြင့္ျဖစ္လာတဲ့

ရက္ရွ္ဖို႔ဒ္ကလည္း နည္းျပတန္ဟတ္လက္ထက္မွာ ကစားသမားေတြဟာ

ေဒးဗစ္ဒီဂီယာနဲ႔ခံစစ္ကစားသမားေတြကို Clean Sheets ရေအာင္

ကူညီေပးဖို႔အတြက္ ပိုၿပီးစိတ္အားထက္သန္လာၾကတယ္လို႔ ဖြင့္ဟထားပါတယ္။