ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ သွင်းဂိုးဟာ လူကျွံခြင်း မရှိဘူးလို့ အခိုင်အမာတုံ့ပြန်ပြောကြား

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲက သွင်းယူခဲ့တဲ့ ၉၃ မိနစ်အနိုင်ဂိုးနဲ့ ပတ်သက်ပြီး

လူကျွံ၊ မကျွံ အငြင်းပွားနေမှုတွေ ရှိပေမယ့် မန်ယူအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့

ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ သွင်းဂိုးဟာ လူကျွံခြင်း မရှိဘူးလို့

အခိုင်အမာတုံ့ပြန်ပြောကြားလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၆၂ မိနစ်မှာ အီလန်ဂါအစားလူစားဝင်လာပြီးနောက်

၉၃ မိနစ်မှာ အနိုင်ဂိုးသွင်းနိုင်ခဲ့တာပါ။

ဒီဂိုးဟာ မန်ယူနောက်တန်းကနေ ကန်ပို့ပေးလိုက်တဲ့ ဘောလုံးကို

ကာဗာနီရသွားရာက ကာဗာနီကနေ ရော်နယ်ဒို၊ ရော်နယ်ဒိုကနေ မာရှယ်၊

မာရှယ်ကနေ ကာဗာနီ၊ ကာဗာနီကနေ ရက်ရှ်ဖို့ဆိုပြီး

အဆင့်ဆင့်ပေးပို့မှုတွေနဲ့ ဂိုးရသွားခဲ့တာပါ။

ရက်ရှ်ဖို့ဂိုးမသွင်းခင် မာရှယ်ကနေ ကာဗာနီကို ဘောလုံးပေးပို့လိုက်ချိန်မှာ

ကာဗာနီရဲ့အနေအထားက လူကျွ့ံနေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေတာပါ။

ရက်ရှ်ဖို့ဒ်ကတော့ ကာဗာနီကနေ သူဂိုးသွင်းလိုက်ချိန်အထိသာမက၊

မာရှယ်ကနေ ကာဗာနီ အနေအထားအထိ လူကျွံခြင်း မရှိဘူးလို့

အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဒိုင်လူကြီးတွေက ဒီဂိုးကို ဂိုးအဖြစ်သတ်မှတ်ခဲ့လို့လည်း

ကျေနပ်မိတယ်လို့ ဆိုပါတယ်။

VAR ဒိုင်တွေကလည်း ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးမှာ ကာဗာနီရော

ရက်ရှ်ဖို့ဒ်ရော လူကျွံနေခြင်း မရှိ​ဘူးလို့ သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်ကတော့

လူကျွံအနေအထားကနေ ဂိုးသတ်မှတ်ပေးခဲ့တယ်ဆိုပြီး မှတ်ချက်ချခဲ့သလို

လူမှုကွန်ရက်တွေအပေါ်မှာလည်း အငြင်းပွားနေကြတာဖြစ်ပါတယ်။

ရှက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် လူစားဝင်ကစားခွင့်ရတဲ့

နောက်ဆုံး ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ငယ်ချစ်နဲ့ ၈နှစ်ကြာအချစ်ရေးကို ပြတ်စဲပြီး ၈ လအကြာမှာ

ပြန်လည်ချစ်ကြိုးသွယ်ပြီးနောက် ရက်ရှ်ဖို့ဒ်လည်း

တိုက်တိုက်ဆိုင်ဆိုင် ၂ ပွဲဆက် ဂိုးသွင်းလာနိုင်တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းပွဲက သွင်းဂိုးကြောင့် ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ

မိနစ် ၉၀ နဲ့ နောက်ပိုင်း အနိုင်ဂိုးအသွင်းနိုင်ဆုံးကစားသမားအဖြစ်လည်း

၄ ဂိုးနဲ့ မှတ်တမ်းဝင်သွားပါတယ်။

သူကိုယ်တိုင်ကလည်း အဲ့ဒီလို မိနစ် ၉၀ နောက်ကျအနိုင်ဂိုးတွေသွင်းရတာ

အံဖွယ်ခံစားမှုပဲလို့ ပြောကြားခဲ့ပါတယ်။

မန်ယူနည်းပြရန်းနစ်ခ်ကတော့ အနိုင်ဂိုးရဖို့ နောက်ဆုံးအချိန်အထိ

ရုန်းကန်ခဲ့ရတာကို အားမရပေမယ့် ရက်ရှ်ဖို့ဒ်ကို အထူးချီးကျူးခဲ့ပြီး

ရက်ရှ်ဖို့ပြန်လာပြီလို့ မှတ်ချက်ချခဲ့ပါတယ်။

“အင်္ဂလန်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ထိပ်သီးတိုက်စစ်မှုးတွေထဲက တစ်ဦးပါ။

ခေတ်သစ်တိုက်စစ်မှုးကောင်းတစ်ဦးဖြစ်ဖို့လိုအပ်တဲ့ အမြန်နှုန်း၊ ကျွမ်းကျင်မှု၊

ခန္ဓာကိုယ်အချိုးအစားနဲ့ ကြံ့ခိုင်မှုတွေ သူ့ဆီမှာ ရှိ်တယ်”

“အနှစ်ချုပ်ရရင်တော့ ယုံကြည်မှုနဲ့ပဲ ဆိုင်ပါတယ်။ ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်း၊

ဒီ ၂ ပွဲကသွင်းဂိုး၂ ဂိုးက ရက်ရှ်ဖို့ဒ်ကို ယုံကြည်မှု မြင့်သွားစေမှာပါ။

မန်ယူရဲ့ လက်ကျန်ရာသီမှာ ရက်ရှ်ဖို့ဒ်က အရေးပါတဲ့

အခန်းကဏ္ဍကနေ ရှိလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်” လို့

ရန်းနစ်ခ်က ရက်ရှ်ဖို့ဒ်ကို ချီးကျူးခဲ့ပါတယ်။

zawgyi

ရက္ရွ္ဖို႔ဒ္ကေတာ့ သူ႔ရဲ႕ သြင္းဂိုးဟာ လူကြၽံျခင္း မရွိဘူးလို႔ အခိုင္အမာတုံ႔ျပန္ေျပာၾကား

ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ပြဲက သြင္းယူခဲ့တဲ့ ၉၃ မိနစ္အႏိုင္ဂိုးနဲ႔ ပတ္သက္ၿပီး

လူကြၽံ၊ မကြၽံ အျငင္းပြားေနမႈေတြ ရွိေပမယ့္ မန္ယူအတြက္ အႏိုင္ဂိုးသြင္းခဲ့တဲ့

ရက္ရွ္ဖို႔ဒ္ကေတာ့ သူ႔ရဲ႕ သြင္းဂိုးဟာ လူကြၽံျခင္း မရွိဘူးလို႔

အခိုင္အမာတုံ႔ျပန္ေျပာၾကားလိုက္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၆၂ မိနစ္မွာ အီလန္ဂါအစားလူစားဝင္လာၿပီးေနာက္

၉၃ မိနစ္မွာ အႏိုင္ဂိုးသြင္းႏိုင္ခဲ့တာပါ။

ဒီဂိုးဟာ မန္ယူေနာက္တန္းကေန ကန္ပို႔ေပးလိုက္တဲ့ ေဘာလုံးကို

ကာဗာနီရသြားရာက ကာဗာနီကေန ေရာ္နယ္ဒို၊ ေရာ္နယ္ဒိုကေန မာရွယ္၊

မာရွယ္ကေန ကာဗာနီ၊ ကာဗာနီကေန ရက္ရွ္ဖို႔ဆိုၿပီး

အဆင့္ဆင့္ေပးပို႔မႈေတြနဲ႔ ဂိုးရသြားခဲ့တာပါ။

ရက္ရွ္ဖို႔ဂိုးမသြင္းခင္ မာရွယ္ကေန ကာဗာနီကို ေဘာလုံးေပးပို႔လိုက္ခ်ိန္မွာ

ကာဗာနီရဲ႕အေနအထားက လူကြၽ႕ံေနတယ္ဆိုၿပီး ေဝဖန္မႈေတြ ရွိေနတာပါ။

ရက္ရွ္ဖို႔ဒ္ကေတာ့ ကာဗာနီကေန သူဂိုးသြင္းလိုက္ခ်ိန္အထိသာမက၊

မာရွယ္ကေန ကာဗာနီ အေနအထားအထိ လူကြၽံျခင္း မရွိဘူးလို႔

အခိုင္အမာေျပာဆိုခဲ့ပါတယ္။

ဒိုင္လူႀကီးေတြက ဒီဂိုးကို ဂိုးအျဖစ္သတ္မွတ္ခဲ့လို႔လည္း

ေက်နပ္မိတယ္လို႔ ဆိုပါတယ္။

VAR ဒိုင္ေတြကလည္း ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးမွာ ကာဗာနီေရာ

ရက္ရွ္ဖို႔ဒ္ေရာ လူကြၽံေနျခင္း မရွိ​ဘူးလို႔ သတ္မွတ္ေပးခဲ့ပါတယ္။

ဒါေပမယ့္ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုရက္စ္ကေတာ့

လူကြၽံအေနအထားကေန ဂိုးသတ္မွတ္ေပးခဲ့တယ္ဆိုၿပီး မွတ္ခ်က္ခ်ခဲ့သလို

လူမႈကြန္ရက္ေတြအေပၚမွာလည္း အျငင္းပြားေနၾကတာျဖစ္ပါတယ္။

ရွက္ရွ္ဖို႔ဒ္ဟာ မန္ယူအတြက္ လူစားဝင္ကစားခြင့္ရတဲ့

ေနာက္ဆုံး ၂ ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ငယ္ခ်စ္နဲ႔ ၈ႏွစ္ၾကာအခ်စ္ေရးကို ျပတ္စဲၿပီး ၈ လအၾကာမွာ

ျပန္လည္ခ်စ္ႀကိဳးသြယ္ၿပီးေနာက္ ရက္ရွ္ဖို႔ဒ္လည္း

တိုက္တိုက္ဆိုင္ဆိုင္ ၂ ပြဲဆက္ ဂိုးသြင္းလာႏိုင္တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းပြဲက သြင္းဂိုးေၾကာင့္ ရက္ရွ္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ

မိနစ္ ၉၀ နဲ႔ ေနာက္ပိုင္း အႏိုင္ဂိုးအသြင္းႏိုင္ဆုံးကစားသမားအျဖစ္လည္း

၄ ဂိုးနဲ႔ မွတ္တမ္းဝင္သြားပါတယ္။

သူကိုယ္တိုင္ကလည္း အဲ့ဒီလို မိနစ္ ၉၀ ေနာက္က်အႏိုင္ဂိုးေတြသြင္းရတာ

အံဖြယ္ခံစားမႈပဲလို႔ ေျပာၾကားခဲ့ပါတယ္။

မန္ယူနည္းျပရန္းနစ္ခ္ကေတာ့ အႏိုင္ဂိုးရဖို႔ ေနာက္ဆုံးအခ်ိန္အထိ

႐ုန္းကန္ခဲ့ရတာကို အားမရေပမယ့္ ရက္ရွ္ဖို႔ဒ္ကို အထူးခ်ီးက်ဴးခဲ့ၿပီး

ရက္ရွ္ဖို႔ျပန္လာၿပီလို႔ မွတ္ခ်က္ခ်ခဲ့ပါတယ္။

“အဂၤလန္မွာေတာ့ ရက္ရွ္ဖို႔ဒ္ဟာ ထိပ္သီးတိုက္စစ္မႈးေတြထဲက တစ္ဦးပါ။

ေခတ္သစ္တိုက္စစ္မႈးေကာင္းတစ္ဦးျဖစ္ဖို႔လိုအပ္တဲ့ အျမန္ႏႈန္း၊ ကြၽမ္းက်င္မႈ၊

ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ႀကံ့ခိုင္မႈေတြ သူ႔ဆီမွာ ရွိ္တယ္”

“အႏွစ္ခ်ဳပ္ရရင္ေတာ့ ယုံၾကည္မႈနဲ႔ပဲ ဆိုင္ပါတယ္။ ဘရန္႔ဖို႔ဒ္၊ ဝက္စ္ဟမ္း၊

ဒီ ၂ ပြဲကသြင္းဂိုး၂ ဂိုးက ရက္ရွ္ဖို႔ဒ္ကို ယုံၾကည္မႈ ျမင့္သြားေစမွာပါ။

မန္ယူရဲ႕ လက္က်န္ရာသီမွာ ရက္ရွ္ဖို႔ဒ္က အေရးပါတဲ့

အခန္းက႑ကေန ရွိလိမ့္မယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္” လို႔

ရန္းနစ္ခ္က ရက္ရွ္ဖို႔ဒ္ကို ခ်ီးက်ဴးခဲ့ပါတယ္။