
နေ့သစ်တစ်နေ့သို့ရောက်လာမှုနဲ့အတူမန်ချက်စတာယူနိုက်တက်အဝတ်လဲခန်းအတွင်းမှ
သတင်းသစ်တစ်ခုလည်းထွက်ပေါ်လာခဲ့ပြန်ပါပြီ။အိုးထရက်ဖို့ဒ်ခေါင်မိုးပေါက်နေပြီနဲ့တူပါတယ်။
ယူနိုက်တက်အဝတ်အစားလဲခန်းမှသတင်းတွေက ဆက်လက်ပေါက်ကြားလျက်ရှိနေပါတယ်။
အထူးသဖြင့်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးရွားနေမှုနဲ့အတူ သတင်းဆိုးတွေကလည်း
တောက်လျှောက်ထွက်ပေါ်လာနေတာလည်းဖြစ်ပါတယ်။
ယနေ့အသစ်ထွက်ပေါ်လာတဲ့သတင်းအရယူနိုက်တက်ကစားသမားအချို့တို့ဟာ
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဗိုလ်ကျနေမှုကြောင့် ဒေါသထွက်နေကြောင်းသိရပါတယ်။
Bild ကဟယ်ရီမက်ဂွိုင်းယား၊မားကပ်စ်ရပ်ရှ်ဖို့ဒ်အပါအဝင် ယူနိုက်တက်ကစားသမားအချို့တို့ဟာ
ခရစ္စတီယာနိုရော်နယ်ဒိုက အဝတ်အစားလဲခန်းကိုဦးဆောင်ရန်အတင်းကြိုးပမ်းနေမှုအပေါ်
ဒေါသထွက်နေကြကြောင်းသိရပါတယ်။ ဒါ့အပြင်၎င်းတို့ဟာခရစ္စတီယာနိုရော်နယ်ဒိုက
အုပ်စုဖွဲ့ပြီး တဂိုဏ်းထောင်နေမှုအပေါ်မှာလည်းပေါက်ကွဲနေပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ
ပေါ်တူဂီစကားပြောကစားသမားများဖြစ်ကြတဲ့ ဒီယေဂိုဒါလော့၊ဖရက်၊ အဲလက်စ်တဲလ်လက်စ်၊
ဘရူနိုဖာနန်ဒက်စ်စတဲ့ကစားသမားများဖြင့်တဂိုဏ်းထောင်နေတာလည်းဖြစ်ပါတယ်။
အင်္ဂလိပ်စကားပြောကစားသမားများကယင်းအပေါ်မကြည်ဖြစ်နေပြီး ယင်းလုပ်ရပ်အပေါ်
ဒေါသထွက်နေကြပါတယ်။ ဒါပေမဲ့မားကပ်စ်ရပ်ရှ်ဖို့ဒ်ကမီဒီယာများကသတင်းတုဖန်တီးနေခြင်းဖြစ်ပြီး
အသင်းကိုနှစ်ခြမ်းကွဲအောင်လုပ်နေကြောင်းဆိုသွားပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ
ခြောက်ပွဲဆက်ဂိုးပေါက်ပျောက်ပြီးနောက်အင်္ဂါနေ့တုန်းကဘရိုက်တန်နှင့်ပွဲစဉ်တွင်ဂိုးပေါက်ပြန်တွေ့ခဲ့ပါတယ်။
Zawgyi
ရက္ရွ္ဖို႔ကလည္း စီေရာ္နယ္ဒိုကို မေက်နပ္ဘူးလို့ ဆို
ေန႔သစ္တစ္ေန႔သို႔ေရာက္လာမႈနဲ႔အတူမန္ခ်က္စတာယူႏိုက္တက္အဝတ္လဲခန္းအတြင္းမွ
သတင္းသစ္တစ္ခုလည္းထြက္ေပၚလာခဲ့ျပန္ပါၿပီ။အိုးထရက္ဖို႔ဒ္ေခါင္မိုးေပါက္ေနၿပီနဲ႔တူပါတယ္။
ယူႏိုက္တက္အဝတ္အစားလဲခန္းမွသတင္းေတြက ဆက္လက္ေပါက္ၾကားလ်က္ရွိေနပါတယ္။
အထူးသျဖင့္ယူႏိုက္တက္အသင္းရဲ႕ရလဒ္ဆိုး႐ြားေနမႈနဲ႔အတူ သတင္းဆိုးေတြကလည္း
ေတာက္ေလွ်ာက္ထြက္ေပၚလာေနတာလည္းျဖစ္ပါတယ္။
ယေန႔အသစ္ထြက္ေပၚလာတဲ့သတင္းအရယူႏိုက္တက္ကစားသမားအခ်ိဳ႕တို႔ဟာ
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဗိုလ္က်ေနမႈေၾကာင့္ ေဒါသထြက္ေနေၾကာင္းသိရပါတယ္။
Bild ကဟယ္ရီမက္ဂြိဳင္းယား၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္အပါအဝင္ ယူႏိုက္တက္ကစားသမားအခ်ိဳ႕တို႔ဟာ
ခရစၥတီယာႏိုေရာ္နယ္ဒိုက အဝတ္အစားလဲခန္းကိုဦးေဆာင္ရန္အတင္းႀကိဳးပမ္းေနမႈအေပၚ
ေဒါသထြက္ေနၾကေၾကာင္းသိရပါတယ္။ ဒါ့အျပင္၎တို႔ဟာခရစၥတီယာႏိုေရာ္နယ္ဒိုက
အုပ္စုဖြဲ႕ၿပီး တဂိုဏ္းေထာင္ေနမႈအေပၚမွာလည္းေပါက္ကြဲေနပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ
ေပၚတူဂီစကားေျပာကစားသမားမ်ားျဖစ္ၾကတဲ့ ဒီေယဂိုဒါေလာ့၊ဖရက္၊ အဲလက္စ္တဲလ္လက္စ္၊
ဘ႐ူႏိုဖာနန္ဒက္စ္စတဲ့ကစားသမားမ်ားျဖင့္တဂိုဏ္းေထာင္ေနတာလည္းျဖစ္ပါတယ္။
အဂၤလိပ္စကားေျပာကစားသမားမ်ားကယင္းအေပၚမၾကည္ျဖစ္ေနၿပီး ယင္းလုပ္ရပ္အေပၚ
ေဒါသထြက္ေနၾကပါတယ္။ ဒါေပမဲ့မားကပ္စ္ရပ္ရွ္ဖို႔ဒ္ကမီဒီယာမ်ားကသတင္းတုဖန္တီးေနျခင္းျဖစ္ၿပီး
အသင္းကိုႏွစ္ျခမ္းကြဲေအာင္လုပ္ေနေၾကာင္းဆိုသြားပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ
ေျခာက္ပြဲဆက္ဂိုးေပါက္ေပ်ာက္ၿပီးေနာက္အဂၤါေန႔တုန္းကဘ႐ိုက္တန္ႏွင့္ပြဲစဥ္တြင္ဂိုးေပါက္ျပန္ေတြ႕ခဲ့ပါတယ္။