





ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးရုန်းကန်ခဲ့ရတဲ့
ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက်





ခြေစွမ်းပြထားနိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ သရဲနီဟောင်းကြီးဖြစ်တဲ့
ဝိန်းရွန်နီက အင်္ဂလန်သားကိုလမ်းကြောင်းမှန်ပေါ်ရောက်အောင်
ကူညီပေးနိုင်ခဲ့တဲ့ တန်ဟတ်ကိုချီးကျူးသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ





ယူနိုက်တက်ကို တန်ဟတ်ရောက်လာခဲ့ပြီးနောက် ၁၉ ပွဲမှာ ၈ ဂိုးသွင်းပြီး
ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် ဆောက်ဂိတ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်





အင်္ဂလန်အသင်းလူစာရင်းမှာရွေးချယ်ခံခဲ့ရပါတယ်။ ကာတာမှာတော့
ရက်ရှ်ဖို့ဒ်ဟာ ဆာကာနဲ့အတူ အင်္ဂလန်ရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်
ရပ်တည်နေပြီး အသင်းအတွက် ၃ဂိုး သွင်းပေးထားနိုင်ပါတယ်။





ဟယ်ရီကိန်းအပါအဝင် ဆာကာ၊ ဖိုဒန်၊ စတာလင်း၊ ဂျက်ဂရီလစ်ရှ်နဲ့
မေဆန်မောင့်တို့ရှိနေတဲ့ အင်္ဂလန်တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်အတွက်ပွဲထွက်ခွင့်က





မလွယ်ပေမဲ့ အီရန်နဲ့ပွဲမှာ အရန်ခုံကထပြီးတစ်ဂိုးသွင်းနိုင်ခဲ့သလို
ပွဲထွက်ခွင့်ရတဲ့ ဝေးလ်နဲ့ပွဲစဉ်မှာ အင်္ဂလန်အတွက် ၂ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ပုံစံကောင်းပြန်ရလာတာနဲ့ပတ်သတ်လို့ ဝိန်းရွန်နီက





“ဝေးလ်နဲ့ပွဲစဉ်မှာ သူ့ရဲ့ယုံကြည်မှုကိုမြင်ရမှာပါ။ ပထမပိုင်းမှာအလုပ်
သိပ်မလုပ်နိုင်ပေမဲ့ သူအကောင်းဆုံးစွမ်းဆောင်ပြခဲ့တယ်။





ပြီးခဲ့တဲ့နှစ်နဲ့ကွာခြားတာကတော့ ဘောလုံးအပေါ်အာရုံစိုက်မှု
ပိုကောင်းလာပြီး မျက်နှာမှာအပြုံးတွေမြင်လာရတယ်။
တန်ဟတ်က ရက်ရှ်ဖို့ဒ်ကိုပိုကောင်းအောင်ကိုင်တွယ်နိုင်ခဲ့တယ်။





သူ့ရဲ့တိုးတက်မှုကို အစဉ်တစိုက်စောင့်ကြည့်ခဲ့သလို မြန်နှုန်းမြင့်နဲ့
ပြိုင်ဘက်ဂိုးပေါက်ကိုခြိမ်းခြောက်တဲ့နေရာမှာ သူ့လိုကစားသမားမျိုးက





ရှားပါတယ်” လို့ ပြောဆိုသွားပါတယ်။ ဆောက်ဂိတ်ရဲ့အသင်းမှာ
ရက်ရှ်ဖို့ဒ်အတွက်ပွဲထွက်ခွင့်ကမလွယ်ပေမဲ့ ပွဲစဉ်တစ်ပွဲရဲ့
နောက်ဆုံးမိနစ်ဖြတ်ခန်းတွေမှာတော့ ယူနိုက်တက်တိုက်စစ်မှူးရဲ့





မြန်နှုန်းကအရေးပါတယ်လို့ အင်္ဂလန်နည်းပြက ဖွင့်ဟခဲ့ပြီးသားပါ။





zawgyi
ရက္ဖို႔ဒ္ကို အဂၤလန္အသင္းအတြက္ေျခစြမ္းျပႏိုင္ေအာင္ကူညီေပးခဲ့တဲ့ တန္ဟတ္ကို ဝိန္း႐ြန္နီ ခ်ီးက်ဴးလိုက္
ယူႏိုက္တက္အသင္းမွာ ၿပီးခဲ့တဲ့ရာသီတစ္ေလွ်ာက္လုံး႐ုန္းကန္ခဲ့ရတဲ့





ရက္ရွ္ဖို႔ဒ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အဂၤလန္အသင္းအတြက္
ေျခစြမ္းျပထားႏိုင္ပါတယ္။ ဒီလိုအခ်ိန္မွာေတာ့ သရဲနီေဟာင္းႀကီးျဖစ္တဲ့





ဝိန္း႐ြန္နီက အဂၤလန္သားကိုလမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္
ကူညီေပးႏိုင္ခဲ့တဲ့ တန္ဟတ္ကိုခ်ီးက်ဴးသြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ
ယူႏိုက္တက္ကို တန္ဟတ္ေရာက္လာခဲ့ၿပီးေနာက္ ၁၉ ပြဲမွာ ၈ ဂိုးသြင္းၿပီး





ဂိုးဖန္တီးမႈ ၃ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ေဆာက္ဂိတ္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲဝင္
အဂၤလန္အသင္းလူစာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ကာတာမွာေတာ့





ရက္ရွ္ဖို႔ဒ္ဟာ ဆာကာနဲ႔အတူ အဂၤလန္ရဲ႕ထိပ္တန္းဂိုးသြင္းရွင္အျဖစ္
ရပ္တည္ေနၿပီး အသင္းအတြက္ ၃ဂိုး သြင္းေပးထားႏိုင္ပါတယ္။
ဟယ္ရီကိန္းအပါအဝင္ ဆာကာ၊ ဖိုဒန္၊ စတာလင္း၊ ဂ်က္ဂရီလစ္ရွ္နဲ႔





ေမဆန္ေမာင့္တို႔ရွိေနတဲ့ အဂၤလန္တိုက္စစ္မွာ ရက္ရွ္ဖို႔ဒ္အတြက္ပြဲထြက္ခြင့္က
မလြယ္ေပမဲ့ အီရန္နဲ႔ပြဲမွာ အရန္ခုံကထၿပီးတစ္ဂိုးသြင္းႏိုင္ခဲ့သလို





ပြဲထြက္ခြင့္ရတဲ့ ေဝးလ္နဲ႔ပြဲစဥ္မွာ အဂၤလန္အတြက္ ၂ဂိုး သြင္းေပးႏိုင္ခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္ပုံစံေကာင္းျပန္ရလာတာနဲ႔ပတ္သတ္လို႔ ဝိန္း႐ြန္နီက
“ေဝးလ္နဲ႔ပြဲစဥ္မွာ သူ႔ရဲ႕ယုံၾကည္မႈကိုျမင္ရမွာပါ။ ပထမပိုင္းမွာအလုပ္





သိပ္မလုပ္ႏိုင္ေပမဲ့ သူအေကာင္းဆုံးစြမ္းေဆာင္ျပခဲ့တယ္။
ၿပီးခဲ့တဲ့ႏွစ္နဲ႔ကြာျခားတာကေတာ့ ေဘာလုံးအေပၚအာ႐ုံစိုက္မႈ





ပိုေကာင္းလာၿပီး မ်က္ႏွာမွာအၿပဳံးေတြျမင္လာရတယ္။
တန္ဟတ္က ရက္ရွ္ဖို႔ဒ္ကိုပိုေကာင္းေအာင္ကိုင္တြယ္ႏိုင္ခဲ့တယ္။
သူ႔ရဲ႕တိုးတက္မႈကို အစဥ္တစိုက္ေစာင့္ၾကည့္ခဲ့သလို ျမန္ႏႈန္းျမင့္နဲ႔





ၿပိဳင္ဘက္ဂိုးေပါက္ကိုၿခိမ္းေျခာက္တဲ့ေနရာမွာ သူ႔လိုကစားသမားမ်ိဳးက
ရွားပါတယ္” လို႔ ေျပာဆိုသြားပါတယ္။ ေဆာက္ဂိတ္ရဲ႕အသင္းမွာ





ရက္ရွ္ဖို႔ဒ္အတြက္ပြဲထြက္ခြင့္ကမလြယ္ေပမဲ့ ပြဲစဥ္တစ္ပြဲရဲ႕
ေနာက္ဆုံးမိနစ္ျဖတ္ခန္းေတြမွာေတာ့ ယူႏိုက္တက္တိုက္စစ္မႉးရဲ႕
ျမန္ႏႈန္းကအေရးပါတယ္လို႔ အဂၤလန္နည္းျပက ဖြင့္ဟခဲ့ၿပီးသားပါ။




