ရက်ဖိုဒ်ကိုခေါ်ယူဖို အသံထွက်လာပြန်တဲ့ ပီအက်စ်ဂျီ

မန်ယူတိုက်စစ်မှူး ရက်ဖိုဒ်ကိုခေါ်ယူဖိုအတွက် ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို လီဂူး ချန်ပီယံ ပီအက်စ်ဂျီဘက်က အသံတွေထွက်လာပါတယ်။ ပီအက်စ်ဂျီဟာ နည်းပြပိုချက်တီနိုလက်ထက်မှာက တည်းက

ရက်ဖိုဒ်ကိုခေါ်ယူဖို စိတ်ဝင်စားခဲ့တာပါ။ လာမယ့်ရက်ပိုင်းအတွင်း ရက်ဖိုဒ်အပြောင်းအရွှေ့နဲ့ပတ်သက် ပြီး အသင်းနှစ်သင်းကြားဆွေးနွေးမှုတွေရှိလာနိုင်တယ်လိုတော့ ပြင်သစ်သတင်းတွေကဆိုနေပါတယ်။

ဒါပေမယ့် လတ်တလောမှာ မန်ယူဟာ သူတိုရဲ့တိုက်စစ်မှူးကိုရောင်းချမယ့်အရိပ်အယောင်မတွေ့ရပါဘူး။ ဒါ့အပြင် ရက်ဖိုဒ် ရဲ့စာချုပ်သက်တမ်းဟာ တစ်နှစ်ကျန်သေးသလို မန်ယူအနေနဲ့ စာချုပ်သက်တမ်း ထပ်တိုးလိုရတဲ့

အခွင့်အရေး တွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ မန်ယူအကယ်ဒမီကနေပေါ်ထွက်လာတဲ့ ရက်ဖိုဒ်အနေနဲ့ကလည်း လက်ရှိ အချိန်ထိ မန်ယူမှာအဆင်ပြေနေသေးတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ

မန်ယူရဲ့ အဓိကပွဲထွက် ကစားသမားအဖြစ်လည်း ရက်ဖိုဒ်ကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြတန်ဟတ်ရဲ့အစီအစဉ်တွေထဲမှာ ရက်ဖိုဒ်ရှိနေသေးတယ်ဆိုတာသေချာပါတယ်။ ဒါ့အပြင် ဒီဂျောင်ကိုခေါ်ယူဖို

အလှမ်းဝေးလာတဲ့နည်းပြတန်ဟတ် အနေနဲ့လည်း နောက်ထပ်တိုက်စစ်မှူးတစ်ဦးတောင်ထပ်မံခေါ်ယူရဦးမယ့် အနေအထားမျိုးတွေရှိနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီနည်းပြသစ် ဂယ်တီရာကလည်း

အိုင်ကာဒီနဲ့ ခါလီမူအန်ဒိုတိုနေရာမှာအထိုးဖို တိုက်စစ်မှူးသစ်တစ်ယောက်လိုအပ်နေကြောင်းကို တရားဝင်ထုတ်ပြောထားပါတယ်။ ဒါကြောင့် ပီအက်စီဂျီ အနေနဲ့ ရက်ဖိုဒ်အတွက် မန်ယူကို တရားဝင်ကမ်းလှမ်းမှုတွေလုပ်လာဖိုလည်းရှိနေတာပါ။

(zawgyi)

မန္ယူတိုက္စစ္မႉး ရက္ဖိုဒ္ကိုေခၚယူဖိုအတြက္ ကစားသမားရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးခဲ့တယ္လို လီဂူး ခ်န္ပီယံ ပီအက္စ္ဂ်ီဘက္က အသံေတြထြက္လာပါတယ္။ ပီအက္စ္ဂ်ီဟာ နည္းျပပိုခ်က္တီႏိုလက္ထက္မွာက

တည္းက ရက္ဖိုဒ္ကိုေခၚယူဖို စိတ္ဝင္စားခဲ့တာပါ။ လာမယ့္ရက္ပိုင္းအတြင္း ရက္ဖိုဒ္အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ ၿပီး အသင္းႏွစ္သင္းၾကားေဆြးေႏြးမႈေတြရွိလာႏိုင္တယ္လိုေတာ့ ျပင္သစ္သတင္းေတြက

ဆိုေနပါတယ္။ ဒါေပမယ့္ လတ္တေလာမွာ မန္ယူဟာ သူတိုရဲ႕တိုက္စစ္မႉးကိုေရာင္းခ်မယ့္အရိပ္အေယာင္မေတြ႕ရပါဘူး။ ဒါ့အျပင္ ရက္ဖိုဒ္ ရဲ႕စာခ်ဳပ္သက္တမ္းဟာ တစ္ႏွစ္က်န္ေသးသလို မန္ယူအေနနဲ႔ စာခ်ဳပ္သက္တမ္း

ထပ္တိုးလိုရတဲ့ အခြင့္အေရး ေတြလည္းရွိေနခဲ့တာျဖစ္ပါတယ္။ မန္ယူအကယ္ဒမီကေနေပၚထြက္လာတဲ့ ရက္ဖိုဒ္အေနနဲ႔ကလည္း လက္ရွိ အခ်ိန္ထိ မန္ယူမွာအဆင္ေျပေနေသးတာေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့

ဘ႐ိုက္တန္နဲ႔ပြဲမွာ မန္ယူရဲ႕ အဓိကပြဲထြက္ ကစားသမားအျဖစ္လည္း ရက္ဖိုဒ္ကိုေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းျပတန္ဟတ္ရဲ႕အစီအစဥ္ေတြထဲမွာ ရက္ဖိုဒ္ရွိေနေသးတယ္ဆိုတာေသခ်ာပါတယ္။

ဒါ့အျပင္ ဒီေဂ်ာင္ကိုေခၚယူဖိုအလွမ္းေဝးလာတဲ့နည္းျပတန္ဟတ္ အေနနဲ႔လည္း ေနာက္ထပ္တိုက္စစ္မႉးတစ္ဦးေတာင္ထပ္မံေခၚယူရဦးမယ့္ အေနအထားမ်ိဳးေတြရွိေနတာလည္း ျဖစ္ပါတယ္။

လက္ရွိမွာ ပီအက္စ္ဂ်ီနည္းျပသစ္ ဂယ္တီရာကလည္း အိုင္ကာဒီနဲ႔ ခါလီမူအန္ဒိုတိုေနရာမွာအထိုးဖို တိုက္စစ္မႉးသစ္တစ္ေယာက္လိုအပ္ေနေၾကာင္းကို တရားဝင္ထုတ္ေျပာထားပါတယ္။ ဒါေၾကာင့္ ပီအက္စီဂ်ီ အေနနဲ႔ ရက္ဖိုဒ္အတြက္ မန္ယူကို တရားဝင္ကမ္းလွမ္းမႈေတြလုပ္လာဖိုလည္းရွိေနတာပါ။