ယူနိုက်တက်အသင်းဟာ နယ်သာလန်တိုက်စစ်မှူးဂတ်ပိုကို
မကြာခင်အချိန်အတွင်းခေါ်ယူနိုင်တော့မယ်လို့ သတင်းထွက်လာပါတယ်။
ကမ္ဘာ့ဖလားမတိုင်ခင်မှာ ပီအက်စ်ဗွီအတွက်အတောက်ပဆုံး
ခြေစွမ်းပြသခဲ့ပြီး ကာတာမှာ နယ်သာလန်အသင်းကိုကွာတားဖိုင်နယ်
ရောက်အောင်ဦးဆောင်မှုပေးခဲ့တဲ့နောက် ဂတ်ပိုဟာ ယူနိုက်တက်အသင်းရဲ့
ဇန်နဝါရီထိပ်တန်းပစ်မှတ်ထဲပြန်ရောက်လာခဲ့တာပါ။ အသက် ၂၃နှစ်အရွယ်
တိုက်စစ်မှူးဟာ ဒီရာသီမှာ နယ်သာလန်ကလပ်အတွက် ၁၃ဂိုးသွင်း၊
၁၇ကြိမ်ဖန်တီးပြီး ဂိုးပေါင်း ၃၀ အထိပါဝင်ပတ်သတ်ထားနိုင်တာဖြစ်တယ်။
လက်ရှိမှာတော့ TalkSport ရဲ့အပြောင်းအရွှေ့ဂုရုကြီး အဲလက်စ်ခရော့ခ်က
ဂတ်ပိုနဲ့ ယူနိုက်တက်တို့အပြောင်းအရွှေ့မကြာခင်မှာ နိဂုံးချုပ်တော့မယ်လို့
အသိပေးလိုက်တာဖြစ်တယာ်။ ယခုသီတင်းပတ်အစောပိုင်းမှာတော့
ယူနိုက်တက်ဘက်က ဂတ်ပိုကို ပေါင် ၄၃.၁ သန်းနဲ့ကမ်းလှမ်းခဲ့တယ်လို့
The Telegraph သတင်းစာကဖော်ပြထားတာဖြစ်တယ်။
“တကယ်လို့ ယူနိုက်တက်ကမ်းလှမ်းလာရင် စဉ်းစားမှာပါ” လို့
ဂတ်ပိုက ပြောဆိုထားပါတယ်။ TalkSport ရဲ့အပြောင်းအရွှေ့ဂုရုကြီး
အဲလက်စ်ခရော့ခ်ကတော့ “ယူနိုက်တက်ဘက်က စာချုပ်ကိစ္စကို
ပြီးမြောက်ဖို့ စိတ်အားထက်သန်နေပါတယ်။ ကြားထဲမှာဘာပြဿနာမှ
မရှိခဲ့ဘူးဆိုရင်တော့ လက်မှတ်ရေးထိုးပြီး ဒီကိစ္စကိုမကြာခင်
တံဆိပ်ခတ်နိုင်တော့မှာပါ” လို့ အသိပေးထားတာဖြစ်တယ်။
zawgyi
ရက်ပိုင်းအနည်းငယ်အတွင်းမှာ ဂတ်ပိုကို သရဲနီတပ်သားအဖြစ်မြင်တွေ့ရတော့မယ်လို့ အပြောင်းအရွှေ့ဂုရုကြီး အဲလက်စ်ခရော့ခ် အတည်ပြုလိုက်