ရက်ပိုင်းအတွင်း နည်းပြပိုချက်တီနိုကို ရာထူးကနေ ပီအက်စ်ဂျီ ထုတ်ပယ်တော့မယ်လို့ဆို

သတင်းတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ

လာမယ့်ရက်ပိုင်းအတွင်း နည်းပြပိုချက်တီနိုကို
ရာထူးကနေ ထုတ်ပယ်ဖို့ နောက်ဆုံးအဆင့်
ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်သလို အားကစားဒါရိုက်တာ
လီယိုနာဒို ထွက်ခွာတော့မယ့်အကြောင်းလည်း
အတည်ပြုကြေညာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ ၂၀၂၃ နွေရာသီကျမှ
အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်
ယခုရာသီ ချန်ပီယံလိဂ်ကနေ စောစောစီးစီး
ထွက်ခဲ့ရပြီးနောက် အနာဂတ်
မသေမချာဖြစ်နေပါတယ်။

ပီအက်စ်ဂျီဟာ ယခုရာသီမှာ လီဂူး ၁ ဖလား
ရယူနိုင်ခဲ့ပေမယ့် ပိုချက်တီနိုရဲ့
အနာဂတ်အပေါ် ချမှတ်မယ့်
တရားဝင်ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့
ဆွေးနွေးပွဲ တစ်ခုပဲ လိုတော့တယ်လို့

သတင်းတွေက ရေးသားဖော်ပြနေပါတယ်။
ဒါ့အပြင် အပြောင်းအရွှေ့ဂုရု ရိုမာနိုက
လီယိုနာဒိုအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့
အားကစားဒါရိုက်တာ ရာထူးကနေ
ထွက်ခွာတော့မှာဖြစ်ပြီး သူ့နေရာမှာ

မိုနာကိုနဲ့ လိုင်လီမှာ အားကစားအကြံပေးအဖြစ်
ဆောင်ရွက်ခဲ့ဖူးတဲ့ လူးဝစ်ကမ်ပို့စ်က
လီယိုနာဒိုရဲ့နေရာမှာ အစားထိုး
ဝင်ရောက်မယ်လို့ သတင်းပေးပိုခဲ့ပါတယ်။
”ပီအက်စ်ဂျီဟာ လာမယ့်ရက်ပိုင်းအတွင်း

နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်တော့မှာပါ။
တရားဝင်ဆုံးဖြတ်ချက် ချမှတ်ဖို့
မီတင်းတစ်ခုပဲ လိုပါတော့တယ်။
လီယိုနာဒို ထွက်ခွာမယ့်အကြောင်းလည်း
မကြာခင် အတည်ပြုတော့မှာဖြစ်ပြီး

သူ့နေရာမှာ ကမ်ပို့စ်က
အစားဝင်ရောက်မှာဖြစ်ပါတယ်”လို့
ရိုမာနိုက တွစ်တာကနေ သတင်းပေးပို့ပါတယ်။
ဒါပေမဲ့ ပိုချက်တီနိုကတော့ မိမိအနေနဲ့
အသင်းမှာပဲ ဆက်နေချင်တယ်လို့

မကြာသေးခင်က ပြောကြားထားပါတယ်။
မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ
ကြယ်ပွင့်တိုက်စစ်မှူး ဘာပေဟာ ယခုနွေရာသီအတွင်း
ပီအက်စ်ဂျီကနေ ၁၄ ဦးအထိ ထွက်ခွာဖို့
အလိုရှိနေပြီး သူထွက်ခွာစေချင်တဲ့ ၁၄ဦးထဲမှာ

ပိုချက်တီနိုနဲ့ အသင်းဖော်တိုက်စစ်မှူး
နေမာတို့လည်း ပါဝင်ကြောင်း သိရါပတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဘာပေဟာ ရီးရဲလ်ရဲ့
ကမ်းလှမ်းမှုကို ပယ်ချကာ ပီအက်စ်ဂျီနဲ့
တစ်ပတ်လုပ်ခ ပေါင် ၆၅၀၀၀၀ တန်

၃နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

Zawgyi

ရက္ပိုင္းအတြင္း နည္းျပပိုခ်က္တီႏိုကို ရာထူးကေန ပီအက္စ္ဂ်ီ ထုတ္ပယ္ေတာ့မယ္လို႔ဆို

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ
လာမယ့္ရက္ပိုင္းအတြင္း နည္းျပပိုခ်က္တီႏိုကို
ရာထူးကေန ထုတ္ပယ္ဖို႔ ေနာက္ဆုံးအဆင့္
ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္သလို အားကစားဒါ႐ိုက္တာ
လီယိုနာဒို ထြက္ခြာေတာ့မယ့္အေၾကာင္းလည္း

အတည္ျပဳေၾကညာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုဟာ ၂၀၂၃ ေႏြရာသီက်မွ
အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္
ယခုရာသီ ခ်န္ပီယံလိဂ္ကေန ေစာေစာစီးစီး
ထြက္ခဲ့ရၿပီးေနာက္ အနာဂတ္

မေသမခ်ာျဖစ္ေနပါတယ္။
ပီအက္စ္ဂ်ီဟာ ယခုရာသီမွာ လီဂူး ၁ ဖလား
ရယူႏိုင္ခဲ့ေပမယ့္ ပိုခ်က္တီႏိုရဲ႕
အနာဂတ္အေပၚ ခ်မွတ္မယ့္
တရား၀င္ဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္ဖို႔

ေဆြးေႏြးပြဲ တစ္ခုပဲ လိုေတာ့တယ္လို႔
သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။
ဒါ့အျပင္ အေျပာင္းအေရႊ႕ဂု႐ု ႐ိုမာႏိုက
လီယိုနာဒိုအေနနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕
အားကစားဒါ႐ိုက္တာ ရာထူးကေန

ထြက္ခြာေတာ့မွာျဖစ္ၿပီး သူ႕ေနရာမွာ
မိုနာကိုနဲ႔ လိုင္လီမွာ အားကစားအၾကံေပးအျဖစ္
ေဆာင္ရြက္ခဲ့ဖူးတဲ့ လူး၀စ္ကမ္ပို႔စ္က
လီယိုနာဒိုရဲ႕ေနရာမွာ အစားထိုး
၀င္ေရာက္မယ္လို႔ သတင္းေပးပိုခဲ့ပါတယ္။

”ပီအက္စ္ဂ်ီဟာ လာမယ့္ရက္ပိုင္းအတြင္း
နည္းျပပိုခ်က္တီႏိုကို ရာထူးကေန ထုတ္ပယ္ေတာ့မွာပါ။
တရား၀င္ဆုံးျဖတ္ခ်က္ ခ်မွတ္ဖုိ႔
မီတင္းတစ္ခုပဲ လိုပါေတာ့တယ္။
လီယိုနာဒို ထြက္ခြာမယ့္အေၾကာင္းလည္း

မၾကာခင္ အတည္ျပဳေတာ့မွာျဖစ္ၿပီး
သူ႕ေနရာမွာ ကမ္ပို႔စ္က
အစား၀င္ေရာက္မွာျဖစ္ပါတယ္”လို႔
႐ိုမာႏိုက တြစ္တာကေန သတင္းေပးပို႔ပါတယ္။
ဒါေပမဲ့ ပိုခ်က္တီႏိုကေတာ့ မိမိအေနနဲ႔

အသင္းမွာပဲ ဆက္ေနခ်င္တယ္လို႔
မၾကာေသးခင္က ေျပာၾကားထားပါတယ္။
မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့သတင္းေတြအရ
ၾကယ္ပြင့္တိုက္စစ္မွဴး ဘာေပဟာ ယခုေႏြရာသီအတြင္း
ပီအက္စ္ဂ်ီကေန ၁၄ ဦးအထိ ထြက္ခြာဖို႔

အလိုရွိေနၿပီး သူထြက္ခြာေစခ်င္တဲ့ ၁၄ဦးထဲမွာ
ပိုခ်က္တီႏိုနဲ႔ အသင္းေဖာ္တိုက္စစ္မွဴး
ေနမာတို႔လည္း ပါ၀င္ေၾကာင္း သိရါပတယ္။
အသက္ ၂၃ ႏွစ္အရြယ္ရွိ ဘာေပဟာ ရီးရဲလ္ရဲ႕
ကမ္းလွမ္းမႈကို ပယ္ခ်ကာ ပီအက္စ္ဂ်ီနဲ႔

တစ္ပတ္လုပ္ခ ေပါင္ ၆၅၀၀၀၀ တန္
၃ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ပါတယ္။