ရက်ပိုင်းအတွင်းမှာပဲ အကောင်းနဲ့အဆိုးကို ခံစားလိုက်ရတဲ့ ဘရန့်ဖို့ဒ်နည်းပြ

ဘရန့်ဖို့ဒ်အသင်းနည်းပြသောမတ်စ်ဖရန့်ခ်ကတော့

အခုရက်ပိုင်းအတွင်းမှာပဲ အကောင်းနဲ့အဆိုးကို ခံစားလိုက်ရပြီး

အသင်းနဲ့စာချုပ်သက်တမ်းတိုးပြီး ရက်ပိုင်းအကြာမှာပဲ

ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲမှာ အနီကတ်ပြအထုတ်ခံခဲ့ရပါတယ်။

သောမတ်စ်ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်အသင်းအတွက်

အကြီးမားဆုံးအောင်မြင်မှုအဖြစ် အသင်းသမိုင်းတစ်လျှောက်

ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်တန်းတက်ခွင့်ရအောင် စွမ်းဆောင်ခဲ့ပြီး

ဒီရာသီပရီးမီးယားလိဂ်အိမ်ကွင်းမှာ ထိပ်သီးအသင်းတွေနဲ့ဆုံတွေ့ရင်

အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်ခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်ရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်ကျရင်

ကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်းတာဝန်ရှိသူတွေက

သောမတ်စ်ဖရန့်ခ်ကို ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းတိုးဖို့

မကြာသေးခင်က သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မနေ့က ဝုလ်ဗ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ

ဘရန့်ဖို့ဒ်အသင်းဟာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးမှာ

နှစ်ဖက်ကစားသမားတွေအချင်းချင်း ပြဿနာတက်နေတုန်းက

သောမတ်စ်ဖရန့်ခ်က ဝုလ်ဗ်ကစားသမားတွေဖြစ်တဲ့

မော်တင်ဟို၊ ရူဘင်နီးဗတ်စ်တို့နဲ့ စကားများခဲ့တာပါ။

ဒါ့အပြင် သောမတ်စ်ဖရန့်ခ်ဟာ ကွင်းလယ်ဒိုင်ကိုပါ

စောဒကတက်ခဲ့တဲ့အတွက် အနီကတ်နဲ့အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ အခုပွဲရှုံးနိမ့်ခဲ့တာကြောင့်

ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ပြီး

ရမှတ်(၂၃)မှတ်နဲ့အဆင့်(၁၄)နေရာမှာရပ်တည်နေသလို

တန်းဆင်းဇုန်က နယူးကာဆယ်အသင်းနဲ့(၈)မှတ်အထိကွာဟနေပါသေးတယ်။

zawgyi

ရက္ပိုင္းအတြင္းမွာပဲ အေကာင္းနဲ႔အဆိုးကို ခံစားလိုက္ရတဲ့ ဘရန႔္ဖို႔ဒ္နည္းျပ

ဘရန႔္ဖို႔ဒ္အသင္းနည္းျပေသာမတ္စ္ဖရန႔္ခ္ကေတာ့

အခုရက္ပိုင္းအတြင္းမွာပဲ အေကာင္းနဲ႔အဆိုးကို ခံစားလိုက္ရၿပီး

အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးၿပီး ရက္ပိုင္းအၾကာမွာပဲ

ဝုလ္ဗ္နဲ႔ကစားခဲ့တဲ့ပြဲမွာ အနီကတ္ျပအထုတ္ခံခဲ့ရပါတယ္။

ေသာမတ္စ္ဖရန႔္ခ္ဟာ ဘရန႔္ဖို႔ဒ္အသင္းအတြက္

အႀကီးမားဆုံးေအာင္ျမင္မႈအျဖစ္ အသင္းသမိုင္းတစ္ေလွ်ာက္

ပထမဆုံးအႀကိမ္ပရီးမီးယားလိဂ္တန္းတက္ခြင့္ရေအာင္ စြမ္းေဆာင္ခဲ့ၿပီး

ဒီရာသီပရီးမီးယားလိဂ္အိမ္ကြင္းမွာ ထိပ္သီးအသင္းေတြနဲ႔ဆုံေတြ႕ရင္

အတိုင္းအတာတစ္ခုအထိ ဒုကၡေပးႏိုင္ခဲ့ပါတယ္။

ေသာမတ္စ္ဖရန႔္ခ္ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္က်ရင္

ကုန္ဆုံးမွာျဖစ္တဲ့အတြက္ အသင္းတာဝန္ရွိသူေတြက

ေသာမတ္စ္ဖရန႔္ခ္ကို ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးဖို႔

မၾကာေသးခင္က သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ မေန႔က ဝုလ္ဗ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ

ဘရန႔္ဖို႔ဒ္အသင္းဟာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ပြဲအၿပီးမွာ

ႏွစ္ဖက္ကစားသမားေတြအခ်င္းခ်င္း ျပႆနာတက္ေနတုန္းက

ေသာမတ္စ္ဖရန႔္ခ္က ဝုလ္ဗ္ကစားသမားေတြျဖစ္တဲ့

ေမာ္တင္ဟို၊ ႐ူဘင္နီးဗတ္စ္တို႔နဲ႔ စကားမ်ားခဲ့တာပါ။

ဒါ့အျပင္ ေသာမတ္စ္ဖရန႔္ခ္ဟာ ကြင္းလယ္ဒိုင္ကိုပါ

ေစာဒကတက္ခဲ့တဲ့အတြက္ အနီကတ္နဲ႔အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္အသင္းဟာ အခုပြဲရႈံးနိမ့္ခဲ့တာေၾကာင့္

ပရီးမီးယားလိဂ္ေနာက္ဆုံး(၄)ပြဲဆက္တိုက္ရႈံးပြဲႀကဳံေတြ႕ခဲ့ၿပီး

ရမွတ္(၂၃)မွတ္နဲ႔အဆင့္(၁၄)ေနရာမွာရပ္တည္ေနသလို

တန္းဆင္းဇုန္က နယူးကာဆယ္အသင္းနဲ႔(၈)မွတ္အထိကြာဟေနပါေသးတယ္။