ယူအီးအက်ဖ်အေ(သို့မဟုတ်)အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူခြင်းခံရတော့မယ့် မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုဟာဂျူဗင်တပ်ကိုမျက်နှာလိုက်ဆုံးဖြတ်တယ်ဆိုပြီး

စီးရီးအေဒိုင်လူကြီးများကိုတိုက်ခိုက်လာမှုနဲ့အတူ အရေးယူခံရမယ့်ကိန်းဆိုက်နေပါတယ်။

ရိုးမားနည်းပြဟာရိုးမားအသင်းရဲ့ပင်နယ်တီကန်မှုနဲ့ဂျူဗင်တပ်အသင်းရဲ့

ပင်နယ်တီကန်နေပုံနှစ်ပုံကိုနှိုင်းယှဉ်တင်ခဲ့တာလည်းဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ရိုးမားဟာအောက်တိုဘာလ၁၇ရက်နေ့တုန်းကဂျူဗင်တပ်ကို

၁-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှဖြစ်ရပ်ကိုရည်ရွယ်ကာတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာဒိုင်လူကြီးဟာအေဘရာဟမ်ကချေပဂိုးသွင်းယူပြီးပေမယ့်လည်း

ဂိုးကိုပယ်ဖျက်ပြီးပင်နယ်တီပေးခဲ့ပါတယ်။

ယင်းပင်နယ်တီကိုဂျော်ဒန်ဗီရီတော့ကန်သွင်းခဲ့ပေမယ့်ဒိုင်လူကြီး

ဒါနီလီအော်ဆာတိုကကစားသမားဧရိယာအတွင်းသို့ပြေးဝင်တယ်ဆိုပြီး

ပင်နယ်တီကိုပြန်ကန်စေခဲ့ပါတယ်။ဗီရီတော့ကဒုတိယအကြိမ်ပင်နယ်တီ

ပြန်ကန်ခဲ့ရာမှာတော့ဂျူဗင်တပ်ဂိုးသမားဆက်ဇက်နီကကာကွယ်သွားခဲ့ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူးပေါ်လိုဒိုင်ဘာလာဟာအင်္ဂါနေ့တုန်းကဇင်းနစ်ကို

၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပင်နယ်တီကန်ခဲ့ရာမှာမဝင်ခဲ့ပါဘူး။ဒါပေမယ့်

ဒိုင်လူကြီးကကစားသမားများ ကွင်းထဲဝင်တယ်ဆိုပြီးပြန်ကန်ခိုင်းခဲ့ပါတယ်။

ဒုတိယအကြိမ်ကန်ရာမှာတော့ဒိုင်ဘာလာကန်ချက်ဝင်သွားခဲ့ပါတယ်။

မော်ရင်ဟိုဟာအထက်ပါဓာတ်ပုံကိုတင်ထားတဲ့အပြင်

“One had to be retaken,one had’nt …Guess which? လို့ရေးသားသွားပါသေးတယ်။

မော်ရင်ဟိုဟာယင်းပို့စ်အတွက်ယူအီးအက်ဖ်အေ(သို့မဟုတ်)

အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူခြင်းခံလာရနိုင်ပါတယ်။

zawgyi

ယူအီးအက္ဖ္ေအ(သို႔မဟုတ္)အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕အေရးယူျခင္းခံရေတာ့မယ့္ ေမာ္ရင္ဟို

ဟိုေဆးေမာ္ရင္ဟိုဟာဂ်ဴဗင္တပ္ကိုမ်က္ႏွာလိုက္ဆုံးျဖတ္တယ္ဆိုၿပီး

စီးရီးေအဒိုင္လူႀကီးမ်ားကိုတိုက္ခိုက္လာမႈနဲ႔အတူ အေရးယူခံရမယ့္ကိန္းဆိုက္ေနပါတယ္။

႐ိုးမားနည္းျပဟာ႐ိုးမားအသင္းရဲ႕ပင္နယ္တီကန္မႈနဲ႔ဂ်ဴဗင္တပ္အသင္းရဲ႕

ပင္နယ္တီကန္ေနပုံႏွစ္ပုံကိုႏႈိင္းယွဥ္တင္ခဲ့တာလည္းျဖစ္ပါတယ္။

ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာေအာက္တိုဘာလ၁၇ရက္ေန႔တုန္းကဂ်ဴဗင္တပ္ကို

၁-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွျဖစ္ရပ္ကိုရည္႐ြယ္ကာတိုက္ခိုက္လာတာလည္းျဖစ္ပါတယ္။

အဆိုပါပြဲစဥ္မွာဒိုင္လူႀကီးဟာေအဘရာဟမ္ကေခ်ပဂိုးသြင္းယူၿပီးေပမယ့္လည္း

ဂိုးကိုပယ္ဖ်က္ၿပီးပင္နယ္တီေပးခဲ့ပါတယ္။

ယင္းပင္နယ္တီကိုေဂ်ာ္ဒန္ဗီရီေတာ့ကန္သြင္းခဲ့ေပမယ့္ဒိုင္လူႀကီး

ဒါနီလီေအာ္ဆာတိုကကစားသမားဧရိယာအတြင္းသို႔ေျပးဝင္တယ္ဆိုၿပီး

ပင္နယ္တီကိုျပန္ကန္ေစခဲ့ပါတယ္။ဗီရီေတာ့ကဒုတိယအႀကိမ္ပင္နယ္တီ

ျပန္ကန္ခဲ့ရာမွာေတာ့ဂ်ဴဗင္တပ္ဂိုးသမားဆက္ဇက္နီကကာကြယ္သြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မႉးေပၚလိုဒိုင္ဘာလာဟာအဂၤါေန႔တုန္းကဇင္းနစ္ကို

၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပင္နယ္တီကန္ခဲ့ရာမွာမဝင္ခဲ့ပါဘူး။ဒါေပမယ့္

ဒိုင္လူႀကီးကကစားသမားမ်ား ကြင္းထဲဝင္တယ္ဆိုၿပီးျပန္ကန္ခိုင္းခဲ့ပါတယ္။

ဒုတိယအႀကိမ္ကန္ရာမွာေတာ့ဒိုင္ဘာလာကန္ခ်က္ဝင္သြားခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာအထက္ပါဓာတ္ပုံကိုတင္ထားတဲ့အျပင္

“One had to be retaken,one had’nt …Guess which? လို႔ေရးသားသြားပါေသးတယ္။

ေမာ္ရင္ဟိုဟာယင္းပို႔စ္အတြက္ယူအီးအက္ဖ္ေအ(သို႔မဟုတ္)

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕အေရးယူျခင္းခံလာရႏိုင္ပါတယ္။