ယူအီးအက်ဖ်အေက တရားဝင်မထုတ်ပြန်ခင် ချန်ပီယံလိဂ်အကောင်းဆုံးအသင်းစာရင်းပေါက်ကြား

ယူအီးအက်ဖ်အေက တရားဝင် မထုတ်ပြန်ခင်မှာ ၂၀၂၁-၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်း ပေါက်ကြားခဲ့ပါတယ်။ ယူအီးအက်ဖ်အေဟာ ပုံမှန်အားဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားစာရင်းကို

အုပ်စုပွဲစဉ်တွေရေးဆွဲမယ့် ဩဂုတ် ၂၅ ရက်ရောက်မှထုတ်ပြန်လေ့ရှိတာဖြစ် ပါတယ်။ ဒီနှစ်မှာတော့ အုပ်စုပွဲစဉ်တွေ ရေးဆွဲမှုမတိုင်ခင် ဩဂုတ် ၂၄ ရက်မှာပဲ နည်းစနစ်ပိုင်းအစီရင်ခံစာကနေ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

အဲဒီအကောင်းဆုံးကစားသမားစာရင်းမှာ ဗိုလ်လုပွဲကစားခဲ့တဲ့ ရီးရဲလ်နဲ့ လီဗာပူးကစားသမားတွေ အများဆုံးပါဝင်ခဲ့တာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင် အောင်မြင်မှု အဖြစ် ၁၄ ကြိမ်မြောက်ဆုဖလားကိုရယူနိုင်ခဲ့တဲ့ ရီးရဲလ်အသင်းက

ကစားသမား ၄ ယောက်ရွေးချယ်ခံခဲ့ရသလို လီဗာပူးအသင်းကလည်း ကစားသမား ၄ ယောက်ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ကနေ ဘန်ဇီးမား၊ ဗင်နီဆီး ယပ်စ်၊ မိုဒရစ်နဲ့ ဂိုးသမားကော့တွိုက်စ်တို့ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံပြိုင်ပွဲမှာ

သွင်းဂိုး ၁၅ ဂိုးနဲ့ ထိပ်တန်း ဂိုးသွင်းသူဖြစ်တဲ့ ဘန်ဇီးမားဟာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့တာပါ။ ဗင်နီဆီးယပ်စ်ကလည်း အကောင်းဆုံးလူငယ်ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရသလို ဂိုးသမား ကော့တွိုက်စ်ကလည်း

အကောင်းဆုံးဂိုးသမားအဖြစ် အရွေးခံခဲ့ရတာဖြစ်ပါတယ်။ အကောင်းဆုံးနောက်ခံလူတွေ စာရင်းမှာတော့ လီဗာပူးက အာနိုး၊ ဗန်ဒိုက်နဲ့ ရော်ဘင်ဆင်တို့ ပါဝင်ခဲ့ပြီး နောက်တစ်ယောက်ကတော့

ရီးရဲလ်ကို ပြောင်းသွားတဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ရူဒီဂါ ဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ မိုဒရစ်နဲ့အတူ လီဗာပူး ကွင်း လယ်လူ ဖာဘင်ဟို၊ ပီအက်စ်ဂျီက အမ်ဘာပေနဲ့ မန်စီးတီးက ဒီဘရိုင်းတို့ပါဝင်ခဲ့တာပါ။

အကောင်းဆုံးနည်းပြ ကိုတော့ နည်းပြတွေထဲမှာ ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်မြောက်အဖြစ် ပထမဆုံးရယူပြနိုင်ခဲ့တဲ့ အန်ဆယ် လော့တီက ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

(zawgyi)

ယူအီးအက္ဖ္ေအက တရားဝင္ မထုတ္ျပန္ခင္မွာ ၂၀၂၁-၂၂ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကစားသမား ၁၁ ေယာက္စာရင္း ေပါက္ၾကားခဲ့ပါတယ္။ ယူအီးအက္ဖ္ေအဟာ ပုံမွန္အားျဖင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားစာရင္းကို

အုပ္စုပြဲစဥ္ေတြေရးဆြဲမယ့္ ဩဂုတ္ ၂၅ ရက္ေရာက္မွထုတ္ျပန္ေလ့ရွိတာျဖစ္ ပါတယ္။ ဒီႏွစ္မွာေတာ့ အုပ္စုပြဲစဥ္ေတြ ေရးဆြဲမႈမတိုင္ခင္ ဩဂုတ္ ၂၄ ရက္မွာပဲ နည္းစနစ္ပိုင္းအစီရင္ခံစာကေန ေပါက္ၾကားလာခဲ့တာျဖစ္ပါတယ္။

အဲဒီအေကာင္းဆုံးကစားသမားစာရင္းမွာ ဗိုလ္လုပြဲကစားခဲ့တဲ့ ရီးရဲလ္နဲ႔ လီဗာပူးကစားသမားေတြ အမ်ားဆုံးပါဝင္ခဲ့တာပါ။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ ေအာင္ျမင္မႈ အျဖစ္ ၁၄ ႀကိမ္ေျမာက္ဆုဖလားကိုရယူႏိုင္ခဲ့တဲ့

ရီးရဲလ္အသင္းက ကစားသမား ၄ ေယာက္ေ႐ြးခ်ယ္ခံခဲ့ရသလို လီဗာပူးအသင္းကလည္း ကစားသမား ၄ ေယာက္ေ႐ြးခ်ယ္ခံခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္ကေန ဘန္ဇီးမား၊ ဗင္နီဆီး ယပ္စ္၊ မိုဒရစ္နဲ႔ ဂိုးသမားေကာ့တြိဳက္စ္တို႔ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံၿပိဳင္ပြဲမွာ သြင္းဂိုး ၁၅ ဂိုးနဲ႔ ထိပ္တန္း ဂိုးသြင္းသူျဖစ္တဲ့ ဘန္ဇီးမားဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္လည္း ေ႐ြးခ်ယ္ခံခဲ့တာပါ။ ဗင္နီဆီးယပ္စ္ကလည္း အေကာင္းဆုံးလူငယ္ကစားသမားအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရသလို

ဂိုးသမား ေကာ့တြိဳက္စ္ကလည္း အေကာင္းဆုံးဂိုးသမားအျဖစ္ အေ႐ြးခံခဲ့ရတာျဖစ္ပါတယ္။ အေကာင္းဆုံးေနာက္ခံလူေတြ စာရင္းမွာေတာ့ လီဗာပူးက အာႏိုး၊ ဗန္ဒိုက္နဲ႔ ေရာ္ဘင္ဆင္တို႔ ပါဝင္ခဲ့ၿပီး

ေနာက္တစ္ေယာက္ကေတာ့ ရီးရဲလ္ကို ေျပာင္းသြားတဲ့ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ႐ူဒီဂါ ျဖစ္ပါတယ္။ ကြင္းလယ္မွာေတာ့ မိုဒရစ္နဲ႔အတူ လီဗာပူး ကြင္း လယ္လူ ဖာဘင္ဟို၊ ပီအက္စ္ဂ်ီက အမ္ဘာေပနဲ႔ မန္စီးတီးက

ဒီဘ႐ိုင္းတို႔ပါဝင္ခဲ့တာပါ။ အေကာင္းဆုံးနည္းျပ ကိုေတာ့ နည္းျပေတြထဲမွာ ခ်န္ပီယံလိဂ္ဖလားကို ၄ ႀကိမ္ေျမာက္အျဖစ္ ပထမဆုံးရယူျပႏိုင္ခဲ့တဲ့ အန္ဆယ္ ေလာ့တီက ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။