ယူအီးအက်ဖ်အေကို မျက်လှည့်ပြပြီး ဥရောပစူပါလိဂ်ဟာ အင်္ဂလန်မှာ အခုပဲစတင်နေပြီ…

အေဂျက်ဇ်ကနေ ပေါင် ၈၂ သန်းနဲ့ မန်ယူခေါ်ခဲ့တဲ့ အန်တိုနီဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ စံချိန်တင်ခေါ်ယူမှု ဖြစ်ခဲ့တယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၁၇ တုန်းက ပေါင် ၁.၄ ဘီလီယံနဲ့တင်ထားခဲ့တဲ့ နွေဈေးကွက်ငွေသုံးမှုစံချိန်ကို ပေါင် ၁.၉ ဘီလီယံနဲ့ သူတို့ကိုယ်တိုင် ချိုးဖျက်ခဲ့တယ်။

ပရီးမီးယားလိဂ် အသင်း ၂၀ မှာ ပေါင် သန်း ၁၀၀ ကျော်သုံးခဲ့တာ ၉ သင်းတောင် ရှိခဲ့တယ်။

တန်းပြန်ဆင်းရမှာ အသေကြောက်နေတဲ့ နော်တင်ဟမ်ရဲ့ကစားသမား ၂၁ ယောက်ခေါ်ယူမှုက နွေဈေးကွက်မှာ ကစားသမားအများဆုံးခေါ်တဲ့ စံချိန်ဖြစ်ခဲ့တယ်။

စတာလင်း၊ ကူလီဘာလီနဲ့ အူဘာမီယန်းအပါအဝင် တူချယ်ရဲ့တောင်းဆိုမှုတွေကို လိုက်လျောခဲ့တဲ့

မနူးမနပ် တော့ဒ်ဘိုးလီကြောင့် ပေါင် သန်း ၂၅၀ ကျော်သုံးခဲ့တဲ့ ချဲလ်ဆီးဟာ ငွေအများဆုံးသုံးတဲ့အသင်းဖြစ်ခဲ့တယ်။

ကိုယ်ကချိန်လိုက် သူများဆီပါသွားလိုက်ဖြစ်ခဲ့တဲ့ မန်ယူတောင် ကက်စ်မီရိုနဲ့ အန်တိုနီတို့ကြောင့် ပေါင် ၂၁၄ သန်းလောက်ထွက်သွားခဲ့တယ်။

ဒီလောက်ဆိုရင် နွေဈေးကွက်မှာ ပရီးမီးယားလိဂ် တအားကြမ်းခဲ့တာမြင်နိုင်ပါပြီ။

သူတို့ဟာ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါ ထိပ်တန်းလိဂ် ၃ ခုပေါင်းတာထက် ပိုသုံးခဲ့တာပါ။

ဒါကြောင့် ယူအီးအက်ဖ်အေ အသည်းအသန်ကန့်ကွက်ခဲ့တဲ့ ဥရောပစူပါလိဂ်ဟာ

အင်္ဂလန်မှာ အခုပဲစတင်နေပါပြီလို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

“ ပရီးမီးယားလိဂ်ဇယားအလယ်လောက်က ဝုဗ်အသင်း သုံးခဲ့တဲ့ငွေက ဥရောပချန်ပီယံရီးရဲလ်ထက် ၂ ဆလောက် ပိုများနေတယ်။

ဒါပေမဲ့ .. ဒါပေမဲ့ စူပါလိဂ်ကဆိုးပါတယ် ” လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။

ဒါ့အပြင် “ စားပွဲဝိုင်းပေါ်ရောက်မလာခင်မှာ စူပါလိဂ်အဆိုပြုချက်တွေကို ပင်မမီဒီယာချန်နယ်တိုင်း ပြင်းပြင်းထန်ထန်ပယ်ချနေတာ ဒါကြောင့်ကိုး။

ပရီးမီးယားလိဂ်ဟာ စူပါလိဂ်ပါပဲ ” ၊ “ ပျော်စရာအချက်ပါ။ မန်ယူဟာ ဒီဈေးကွက်မှာ အေဂျက်ဇ်ကို ယူရို ၁၆၇ သန်း ပေးခဲ့တယ်။

အေဂျက်ဇ်ရဲ့မနှစ်က စုစုပေါင်းဝင်ငွေက ယူရို ၁၂၅.၁၆ သန်းပါ။ ပရီးမီးယားလိဂ်ဟာ စူပါလိဂ်ပါပဲ ” စတဲ့ မှတ်ချက်တွေလည်း ရှိနေတာပါ။

zawgyi

ယူအီးအက္ဖ္ေအကို မ်က္လွည့္ျပၿပီး ဥေရာပစူပါလိဂ္ဟာ အဂၤလန္မွာ အခုပဲစတင္ေနၿပီ…

ေအဂ်က္ဇ္ကေန ေပါင္ ၈၂ သန္းနဲ႔ မန္ယူေခၚခဲ့တဲ့ အန္တိုနီဟာ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ စံခ်ိန္တင္ေခၚယူမႈ ျဖစ္ခဲ့တယ္။

ပရီးမီးယားလိဂ္ဟာ ၂၀၁၇ တုန္းက ေပါင္ ၁.၄ ဘီလီယံနဲ႔တင္ထားခဲ့တဲ့ ေႏြေဈးကြက္ေငြသုံးမႈစံခ်ိန္ကို ေပါင္ ၁.၉ ဘီလီယံနဲ႔ သူတို႔ကိုယ္တိုင္ ခ်ိဳးဖ်က္ခဲ့တယ္။

ပရီးမီးယားလိဂ္ အသင္း ၂၀ မွာ ေပါင္ သန္း ၁၀၀ ေက်ာ္သုံးခဲ့တာ ၉ သင္းေတာင္ ရွိခဲ့တယ္။

တန္းျပန္ဆင္းရမွာ အေသေၾကာက္ေနတဲ့ ေနာ္တင္ဟမ္ရဲ႕ကစားသမား ၂၁ ေယာက္ေခၚယူမႈက ေႏြေဈးကြက္မွာ ကစားသမားအမ်ားဆုံးေခၚတဲ့ စံခ်ိန္ျဖစ္ခဲ့တယ္။

စတာလင္း၊ ကူလီဘာလီနဲ႔ အူဘာမီယန္းအပါအဝင္ တူခ်ယ္ရဲ႕ေတာင္းဆိုမႈေတြကို လိုက္ေလ်ာခဲ့တဲ့

မႏူးမနပ္ ေတာ့ဒ္ဘိုးလီေၾကာင့္ ေပါင္ သန္း ၂၅၀ ေက်ာ္သုံးခဲ့တဲ့ ခ်ဲလ္ဆီးဟာ ေငြအမ်ားဆုံးသုံးတဲ့အသင္းျဖစ္ခဲ့တယ္။

ကိုယ္ကခ်ိန္လိုက္ သူမ်ားဆီပါသြားလိုက္ျဖစ္ခဲ့တဲ့ မန္ယူေတာင္ ကက္စ္မီ႐ိုနဲ႔ အန္တိုနီတို႔ေၾကာင့္ ေပါင္ ၂၁၄ သန္းေလာက္ထြက္သြားခဲ့တယ္။

ဒီေလာက္ဆိုရင္ ေႏြေဈးကြက္မွာ ပရီးမီးယားလိဂ္ တအားၾကမ္းခဲ့တာျမင္ႏိုင္ပါၿပီ။ သူတို႔ဟာ လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒက္စ္လီဂါ ထိပ္တန္းလိဂ္ ၃ ခုေပါင္းတာထက္ ပိုသုံးခဲ့တာပါ။

ဒါေၾကာင့္ ယူအီးအက္ဖ္ေအ အသည္းအသန္ကန႔္ကြက္ခဲ့တဲ့ ဥေရာပစူပါလိဂ္ဟာ အဂၤလန္မွာ အခုပဲစတင္ေနပါၿပီလို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးေနၾကပါတယ္။

“ ပရီးမီးယားလိဂ္ဇယားအလယ္ေလာက္က ဝုဗ္အသင္း သုံးခဲ့တဲ့ေငြက ဥေရာပခ်န္ပီယံရီးရဲလ္ထက္ ၂ ဆေလာက္ ပိုမ်ားေနတယ္။

ဒါေပမဲ့ .. ဒါေပမဲ့ စူပါလိဂ္ကဆိုးပါတယ္ ” လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။

ဒါ့အျပင္ “ စားပြဲဝိုင္းေပၚေရာက္မလာခင္မွာ စူပါလိဂ္အဆိုျပဳခ်က္ေတြကို ပင္မမီဒီယာခ်န္နယ္တိုင္း ျပင္းျပင္းထန္ထန္ပယ္ခ်ေနတာ ဒါေၾကာင့္ကိုး။

ပရီးမီးယားလိဂ္ဟာ စူပါလိဂ္ပါပဲ ” ၊ “ ေပ်ာ္စရာအခ်က္ပါ။ မန္ယူဟာ ဒီေဈးကြက္မွာ ေအဂ်က္ဇ္ကို ယူ႐ို ၁၆၇ သန္း ေပးခဲ့တယ္။

ေအဂ်က္ဇ္ရဲ႕မႏွစ္က စုစုေပါင္းဝင္ေငြက ယူ႐ို ၁၂၅.၁၆ သန္းပါ။ ပရီးမီးယားလိဂ္ဟာ စူပါလိဂ္ပါပဲ ” စတဲ့ မွတ္ခ်က္ေတြလည္း ရွိေနတာပါ။