
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေထွက်ခွာသွားခဲ့ရတဲ့ ပေါ်တူဂီအသင်းဟာ
နည်းပြဆန်းတို့စ်နေရာကို မော်ရင်ဟိုနဲ့ အစားထိုးဖို့စီစဉ်နေတယ်ဆိုပြီး သတင်းထွက်နေသလို
ပေါ်တူဂီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာလည်း လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆန္ဒမရှိဘဲ
ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ဆက်ကစားသွားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သတင်းတွေမှာဖော်ပြနေပါတယ်။
ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က မော်ရိုကိုနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်
ပြိုင်ပွဲကထွက်ခဲ့ရပြီး ပွဲအပြီး၊ အဝတ်လဲခန်းထဲသွားတဲ့လမ်းမှာ စီရော်နယ်လ်ဒို ဝမ်းနည်းတကြီးနဲ့ ငိုကြွေးခဲ့ပါတယ်။
အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက
သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲဖြစ်ဖို့ရှိတယ်လို့ သုံးသပ်ချက်တွေထွက်ပေါ်ခဲ့ပေမယ့်
စီရော်နယ်လ်ဒိုကတော့ နိုင်ငံအသင်းကနေ အနားယူဖို့ ဆန္ဒမရှိသေးပါဘူး။
ပေါ်တူဂီအားကစားမီဒီယာတစ်ခုဖြစ်တဲ့ CM Journal က စီရော်နယ်လ်ဒိုဟာ
ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းအတွက်
ပါဝင်ကစားပေးဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလား(၂)ပွဲဆက်တိုက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့်
သူက ယူရို-၂၀၂၄ ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ကစားနိုင်ဦးမယ်လို့
အခိုင်အမာယုံကြည်ထားပြီး ယူရို-၂၀၂၄ ပြိုင်ပွဲကျရင် စီရော်နယ်လ်ဒိုရဲ့ အသက်က (၃၉)နှစ်အထိရှိလာမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စီရော်နယ်လ်ဒိုဟာ နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားသူ(အမျိုးသား)စာရင်းမှာ
ကူဝိတ်ဂန္ထဝင်တိုက်စစ်မှူး အယ်လ်မူတာဝါနဲ့အတူ (၁၉၆)ပွဲစီနဲ့ အများဆုံးဖြစ်နေပြီး စံချိန်သစ်တင်ဖို့ နောက်ထပ်တစ်ပွဲသာ လိုပါတော့တယ်။
တကယ်လို့ စီရော်နယ်လ်ဒိုသာ ယူရို-၂၀၂၄ ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းအတွက် ဆက်ကစားဦးမယ်ဆိုရင်
ဒါက သူ့အတွက် (၆)ကြိမ်မြောက် ယူရိုပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပြီး အခုလောလောဆယ် စီရော်နယ်လ်ဒိုဟာ
ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ်အများဆုံးကစားခဲ့သူအဖြစ် (၅)ကြိမ်နဲ့ စံချိန်တင်ထားပါတယ်။
နည်းပြ မော်ရင်ဟိုကို ပေါ်တူဂီလက်ရွေးစင်နည်းပြခန့်အပ်ဖို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ချဉ်းကပ်နေတယ် ဆိုတဲ့သတင်းဟာလည်း
မော်ရိုကိုနဲ့ပွဲမှာ နည်းပြဖာနန်ဒိုဆန်းတို့စ်က အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ်
ပရိသတ်တချို့က သဘောမကျခဲ့ပဲ ဝေဖန်မှုတွေလုပ်နေရာကနေစတင်ခဲ့တာပါ။
နည်းပြဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်မှာ
အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရို-၂၀၁၆ ချန်ပီယံဆုဖလားနဲ့
၂၀၁၈-၁၉ UEFA Nations League ချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ ပေါ်တူဂီအသင်းးနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရလဒ်ကြောင့်
စာချုပ်မပြည့်ခင်မှာပဲ အသင်းနဲ့လမ်းခွဲဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။
အီတလီနာမည်ကျော်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Corriere dello Sport က ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ
မော်ရင်ဟိုကို ဖာနန်ဒိုဆန်းတို့စ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆွေးနွေးနေပြီး
လက်ရှိကလပ်ရိုးမားနဲ့ပေါ်တူဂီအသင်းကို ပူးတွဲကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဘောလုံးသမိုင်းတစ်လျှောက်မှာ ကလပ်နဲ့ လက်ရွေးစင်နှစ်သင်းစလုံးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေက
များများစားစားမရှိပေမယ့် နာမည်ကျော်နည်းပြကြီးတွေဖြစ်တဲ့ ဖာဂူဆန်၊ ဖာတစ်တာရင်၊ ကီဗင်ကီးဂန်းတို့ဟာ
ကလပ်နဲ့ လက်ရွေးစင်အသင်းတွေမှာ တစ်ချိန်တည်း နည်းပြအဖြစ်ဆောင်ရွက်ခဲ့ဖူးပါတယ်။
zawgyi
ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ ေပၚတူဂီလက္ေ႐ြးစင္အသင္းမွာ ေရာ္နယ္ဒိုအနားမယူေသးဟု သတင္းေတြထြက္ေပၚ
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကေနထြက္ခြာသြားခဲ့ရတဲ့ ေပၚတူဂီအသင္းဟာ
နည္းျပဆန္းတို႔စ္ေနရာကို ေမာ္ရင္ဟိုနဲ႔ အစားထိုးဖို႔စီစဥ္ေနတယ္ဆိုၿပီး သတင္းထြက္ေနသလို
ေပၚတူဂီအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး စီေရာ္နယ္လ္ဒိုဟာလည္း လက္ေ႐ြးစင္အသင္းကေန အနားယူဖို႔ ဆႏၵမရွိဘဲ
ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ ဆက္ကစားသြားဖို႔ ဆုံးျဖတ္ထားတယ္လို႔လည္း သတင္းေတြမွာေဖာ္ျပေနပါတယ္။
ေပၚတူဂီအသင္းဟာ ၿပီးခဲ့တဲ့စေနေန႔က ေမာ္႐ိုကိုနဲ႔ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္
ၿပိဳင္ပြဲကထြက္ခဲ့ရၿပီး ပြဲအၿပီး၊ အဝတ္လဲခန္းထဲသြားတဲ့လမ္းမွာ စီေရာ္နယ္လ္ဒို ဝမ္းနည္းတႀကီးနဲ႔ ငိုေႂကြးခဲ့ပါတယ္။
အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုအတြက္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက
သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္ဖို႔ရွိတယ္လို႔ သုံးသပ္ခ်က္ေတြထြက္ေပၚခဲ့ေပမယ့္
စီေရာ္နယ္လ္ဒိုကေတာ့ ႏိုင္ငံအသင္းကေန အနားယူဖို႔ ဆႏၵမရွိေသးပါဘူး။
ေပၚတူဂီအားကစားမီဒီယာတစ္ခုျဖစ္တဲ့ CM Journal က စီေရာ္နယ္လ္ဒိုဟာ
ဂ်ာမနီႏိုင္ငံမွာ က်င္းပမယ့္ ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းအတြက္
ပါဝင္ကစားေပးဖို႔ ဆႏၵရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ေနာက္ဆုံးကစားခဲ့တဲ့ ကမာၻ႔ဖလား(၂)ပြဲဆက္တိုက္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရေပမယ့္
သူက ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္အျဖစ္ ကစားႏိုင္ဦးမယ္လို႔
အခိုင္အမာယုံၾကည္ထားၿပီး ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲက်ရင္ စီေရာ္နယ္လ္ဒိုရဲ႕ အသက္က (၃၉)ႏွစ္အထိရွိလာမွာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ ပြဲအမ်ားဆုံးကစားထားသူ(အမ်ိဳးသား)စာရင္းမွာ
ကူဝိတ္ဂႏၴဝင္တိုက္စစ္မႉး အယ္လ္မူတာဝါနဲ႔အတူ (၁၉၆)ပြဲစီနဲ႔ အမ်ားဆုံးျဖစ္ေနၿပီး စံခ်ိန္သစ္တင္ဖို႔ ေနာက္ထပ္တစ္ပြဲသာ လိုပါေတာ့တယ္။
တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းအတြက္ ဆက္ကစားဦးမယ္ဆိုရင္
ဒါက သူ႔အတြက္ (၆)ႀကိမ္ေျမာက္ ယူ႐ိုၿပိဳင္ပြဲအျဖစ္ မွတ္တမ္းဝင္မွာျဖစ္ၿပီး အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒိုဟာ
ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အႀကိမ္အမ်ားဆုံးကစားခဲ့သူအျဖစ္ (၅)ႀကိမ္နဲ႔ စံခ်ိန္တင္ထားပါတယ္။
နည္းျပ ေမာ္ရင္ဟိုကို ေပၚတူဂီလက္ေ႐ြးစင္နည္းျပခန႔္အပ္ဖို႔ ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္က ခ်ဥ္းကပ္ေနတယ္ ဆိုတဲ့သတင္းဟာလည္း
ေမာ္႐ိုကိုနဲ႔ပြဲမွာ နည္းျပဖာနန္ဒိုဆန္းတို႔စ္က အသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခဲ့တဲ့အေပၚ
ပရိသတ္တခ်ိဳ႕က သေဘာမက်ခဲ့ပဲ ေဝဖန္မႈေတြလုပ္ေနရာကေနစတင္ခဲ့တာပါ။
နည္းျပဆန္းတို႔စ္ဟာ ေပၚတူဂီအသင္းကို ၂၀၁၄ ခုႏွစ္ကတည္းက စတင္ကိုင္တြယ္ခဲ့ၿပီး သူ႔လက္ထက္မွာ
အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ယူ႐ို-၂၀၁၆ ခ်န္ပီယံဆုဖလားနဲ႔
၂၀၁၈-၁၉ UEFA Nations League ခ်န္ပီယံဆုေတြ ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။
သူဟာ ေပၚတူဂီအသင္းးနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲရလဒ္ေၾကာင့္
စာခ်ဳပ္မျပည့္ခင္မွာပဲ အသင္းနဲ႔လမ္းခြဲဖို႔ရွိေနတယ္ဆိုၿပီး သတင္းေတြထြက္ေနပါတယ္။
အီတလီနာမည္ေက်ာ္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Corriere dello Sport က ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြဟာ
ေမာ္ရင္ဟိုကို ဖာနန္ဒိုဆန္းတို႔စ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ေဆြးေႏြးေနၿပီး
လက္ရွိကလပ္႐ိုးမားနဲ႔ေပၚတူဂီအသင္းကို ပူးတြဲကိုင္တြယ္သြားဖို႔ ဆႏၵရွိေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
ေဘာလုံးသမိုင္းတစ္ေလွ်ာက္မွာ ကလပ္နဲ႔ လက္ေ႐ြးစင္ႏွစ္သင္းစလုံးကို တစ္ၿပိဳင္နက္တည္း ကိုင္တြယ္ခဲ့တဲ့ နည္းျပေတြက
မ်ားမ်ားစားစားမရွိေပမယ့္ နာမည္ေက်ာ္နည္းျပႀကီးေတြျဖစ္တဲ့ ဖာဂူဆန္၊ ဖာတစ္တာရင္၊ ကီဗင္ကီးဂန္းတို႔ဟာ
ကလပ္နဲ႔ လက္ေ႐ြးစင္အသင္းေတြမွာ တစ္ခ်ိန္တည္း နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ဖူးပါတယ္။