ယူရိုသန်း ၅၀တန် ဂတ်ပိုအတွက် ပြိုင်ဆိုင်မှုကအလွတ်တန်းဖြစ်ပြီး ယူနိုက်တက် အသေအကြေကြိုးစားရလိမ့်မယ်လို့ ရိုမာနိုသတိပေး

ပီအက်ဗွီအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ဂတ်ပိုအတွက် ယူရိုသန်း ၅၀ စျေး သတ်မှတ်လိုက်ပြီး သူ့အတွက်ပြိုင်ဆိုင်မှုမှာ ယူနိုက်တက်နဲ့

လီဗာပူးထိပ်တိုက်ရင်ဆိုင် ရဖို့ရှိနေတယ်လို့ အီတလီနာမည်ကျော်ဂျာနယ်လစ်ရိုမာနိုက အသိပေးလိုက်ပါတယ်။ အဲရစ်တန်ဟတ်ဟာ အန်တိုနီနဲ့

လီဆန်ဒရိုမာတီနက်ဇ်တို့ကိုအရခေါ်ယူထားပြီး နောက်ထပ် နယ်သာလန်လိဂ် ကစားသမားတစ်ယောက်ကို အိုးလ်ထရက်ဖို့ဒ်အရောက်

ခေါ်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီလို့ သတင်းထွက်လာပါတယ်။ အခြားတစ်ဖက်မှာ လီဗာပူးနည်းပြကလော့ပ်က စိတ်ဝင်စားမှုပြထားလို့ တန်ဟတ်အနေနဲ့

ဂတ်ပိုကိုအလွယ်ခေါ်ယူနိုင်ဖို့တော့မဖြစ် နိုင်သေးပါဘူး။ “ဂတ်ပိုရဲ့ တန်ကြေးက ယူရိုသန်း ၅၀ ဖြစ်ဖို့အတော်လေးနီးစပ်နေပါ ပြီ။ ဒီနေရာမှာ

ဘောနက်စ်နဲ့ ထပ်ဆောင်းအပိုကြေးတွေအပေါ် အခြေခံနိုင်ပေမဲ့ ပီအက်ဗွီဘက်ကတော့ သူတို့ကစားသမားအတွက် ယူရိုသန်း ၅၀ လိုချင်နေပါတယ်။

အင်္ဂလိပ်ကလပ်တွေတင်မကပါဘူး။ ဒါကအလွတ်တန်းပြိုင်ဆိုင်မှုဖြစ်လာနိုင်သလို သေချာတာက ယူနိုက်တက်ဟာပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” လို့

ရိုမာနိုကအသိပေးလိုက်ပါတယ်။ နယ်သာလန်တောင်ပံကစားသမားဟာ ရာသီသစ်ကိုအကောင်းဆုံးစတင်ထားနိုင်ပြီး ပီအက်စ်ဗွီအတွက်ပြိုင်ပွဲစုံ ၂၃ပွဲမှာ

သွင်းဂိုး ၃၀ အထိပါဝင်ပတ်သတ်ထားနိုင်ပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုနဲ့ မာရှယ်နေရာအတွက်အဖြေရှာဖို့ရှိနေသလို မာနေးကိုလက်လွှတ်ခဲ့ရပြီး

တောင်ပံကစားသမားအများစုကိုဒဏ်ရာကြောင့်ဆုံးရှုံးထားရတဲ့ လီဗာပူးကလည်း ဇန်နဝါရီမှာသွေးသစ်လောင်းဖို့ ကြိုးစားမှာဖြစ်တယ်။

(Zawgyi)

ယူ႐ိုသန္း ၅၀တန္ ဂတ္ပိုအတြက္ ၿပိဳင္ဆိုင္မႈကအလြတ္တန္းျဖစ္ၿပီး ယူႏိုက္တက္ အေသအေၾကႀကိဳးစားရလိမ့္မယ္လို႔ ႐ိုမာႏိုသတိေပး

ပီအက္ဗြီအသင္းဟာ ေတာင္ပံတိုက္စစ္ကစားသမားဂတ္ပိုအတြက္ ယူ႐ိုသန္း ၅၀ ေစ်း သတ္မွတ္လိုက္ၿပီး သူ႔အတြက္ၿပိဳင္ဆိုင္မႈမွာ ယူႏိုက္တက္နဲ႔ လီဗာပူးထိပ္တိုက္ရင္ဆိုင္

ရဖို႔ရွိေနတယ္လို႔ အီတလီနာမည္ေက်ာ္ဂ်ာနယ္လစ္႐ိုမာႏိုက အသိေပးလိုက္ပါတယ္။ အဲရစ္တန္ဟတ္ဟာ အန္တိုနီနဲ႔ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ကိုအရေခၚယူထားၿပီး

ေနာက္ထပ္နယ္သာလန္လိဂ္ကစားသမားတစ္ေယာက္ကို အိုးလ္ထရက္ဖို႔ဒ္အေရာက္ ေခၚဖို႔အတြက္အဆင္သင့္ျဖစ္ေနၿပီလို႔ သတင္းထြက္လာပါတယ္။ အျခားတစ္ဖက္မွာ

လီဗာပူးနည္းျပကေလာ့ပ္က စိတ္ဝင္စားမႈျပထားလို႔ တန္ဟတ္အေနနဲ႔ ဂတ္ပိုကိုအလြယ္ေခၚယူႏိုင္ဖို႔ေတာ့မျဖစ္ ႏိုင္ေသးပါဘူး။ “ဂတ္ပိုရဲ႕ တန္ေၾကးက

ယူ႐ိုသန္း ၅၀ ျဖစ္ဖို႔အေတာ္ေလးနီးစပ္ေနပါ ၿပီ။ ဒီေနရာမွာ ေဘာနက္စ္နဲ႔ ထပ္ေဆာင္းအပိုေၾကးေတြအေပၚအေျခခံႏိုင္ေပမဲ့ ပီအက္ဗြီဘက္ကေတာ့

သူတို႔ကစားသမားအတြက္ ယူ႐ိုသန္း ၅၀ လိုခ်င္ေနပါတယ္။ အဂၤလိပ္ကလပ္ေတြတင္မကပါဘူး။ ဒါကအလြတ္တန္းၿပိဳင္ဆိုင္မႈျဖစ္လာႏိုင္သလို ေသခ်ာတာက

ယူႏိုက္တက္ဟာျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈနဲ႔ ရင္ဆိုင္ရပါလိမ့္မယ္” လို႔ ႐ိုမာႏိုကအသိေပးလိုက္ပါတယ္။ နယ္သာလန္ေတာင္ပံကစားသမားဟာ

ရာသီသစ္ကိုအေကာင္းဆုံးစတင္ထားႏိုင္ၿပီး ပီအက္စ္ဗြီအတြက္ၿပိဳင္ပြဲစုံ ၂၃ပြဲမွာ သြင္းဂိုး ၃၀အထိပါဝင္ပတ္သတ္ထားႏိုင္ပါတယ္။ ယူႏိုက္တက္ဟာ ေရာ္နယ္ဒိုနဲ႔

မာရွယ္ေနရာအတြက္အေျဖရွာဖို႔ရွိေနသလို မာေနးကိုလက္လႊတ္ခဲ့ရၿပီး ေတာင္ပံကစားသမားအမ်ားစုကိုဒဏ္ရာေၾကာင့္ဆုံးရႈံးထားရတဲ့

လီဗာပူးကလည္း ဇန္နဝါရီမွာေသြးသစ္ေလာင္းဖို႔ ႀကိဳးစားမွာျဖစ္တယ္။