
ဆီဗီလာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ
အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမားမာစီယဲလ်ကို
အပြီးသတ်ခေါ်ယူဖို့မရှိတာကြောင့် ဆီဗီလာအသင်းဆီအပြီးပြောင်းရွှေ့လိုနေတဲ့
မာစီယဲလ်အတွက် စိတ်ပျက်စရာလို့ပြောရမှာပါ။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ
ပြီးခဲ့တဲ့ဇန်နဝါရီကာလတုန်းက ဆီဗီလာအသင်းကို
ရာသီကုန်အထိအငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး
အသင်းအတွက်(၄)ပွဲကစား၊ (၁)ဂိုးသွင်းယူထားပါတယ်။
မာစီယဲလ်ဟာ ပွဲထွက်ကစားတာနဲ့ပတ်သက်လို့ နည်းပြရန်နစ်ခ်နဲ့
ပြဿနာတက်ခဲ့ပြီးတဲ့နောက် ဆီဗီလာအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပြီး
အခုလောလောဆယ် တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပါတယ်။
မာစီယဲလ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ စိတ်ကျေနပ်စရာစွမ်းဆောင်ရည်မျိုးပြသခဲ့ပေမယ့်
ဆီဗီလာအသင်းအနေနဲ့ မာစီယဲလ်ကို အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့
Football Transfers ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။
ဆီဗီလာအသင်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက လူတစ်ယောက်က
“ယူရိုသန်းနဲ့ချီပြီးတော့ ထီပေါက်ရင်တောင်မှ ဆီဗီလာအသင်းဟာ
မာစီယဲလ်ကို အပြီးသတ်ခေါ်ဖို့မရှိပါဘူး။
မာစီယဲလ်ရဲ့ခြေစွမ်းအပေါ် အားရကျေနပ်မှုရှိပေမယ့်
ဆီဗီလာအသင်းက သူ့ကို အပြီးသတ်စာချုပ်ချုပ်မှာ မဟုတ်ပါဘူး။
ဆီဗီလာအသင်းရဲ့အဓိကပစ်မှတ်က လာလီဂါချန်ပီယံဆုအတွက်
ရီးယဲလ်အသင်းနဲ့အပြိုင်ကြိုးပမ်းဖို့ပါပဲ”လို့ပြောကြားခဲ့ပါတယ်။
ဆီဗီလာအသင်းအနေနဲ့ မာစီယဲလ်ရဲ့လစာငွေနဲ့ ယူနိုက်တက်အသင်းအလိုရှိနေတဲ့
ပြောင်းရွှေ့ကြေးပမာဏကို ပေးချေနိုင်တဲ့အင်အားမျိုးမရှိတာက
အဓိကကျတဲ့အချက်ဖြစ်နေပါတယ်။
မာစီယဲလ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၄ ခုနှစ်အထိစာချုပ်ကျန်ရှိနေပြီး
သူ့ကို ဂျူဗင်တပ်စ်၊ နယူးကာဆယ်၊ အာဆင်နယ်တို့ကခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။
zawgyi
ယူ႐ိုသန္းနဲ႔ခ်ီၿပီးေတာ့ ထီေပါက္ရင္ေတာင္မွ မာစီယဲလ္ကို အၿပီးသတ္ေခၚယူဖို႔ ဆီဗီလာအသင္း အစီအစဥ္မရွိ
ဆီဗီလာအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီကေန
အငွားနဲ႔ေခၚယူထားတဲ့ တိုက္စစ္ကစားသမားမာစီယဲလ္ကို
အၿပီးသတ္ေခၚယူဖို႔မရွိတာေၾကာင့္ ဆီဗီလာအသင္းဆီအၿပီးေျပာင္းေ႐ႊ႕လိုေနတဲ့
မာစီယဲလ္အတြက္ စိတ္ပ်က္စရာလို႔ေျပာရမွာပါ။
အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာစီယဲလ္ဟာ
ၿပီးခဲ့တဲ့ဇန္နဝါရီကာလတုန္းက ဆီဗီလာအသင္းကို
ရာသီကုန္အထိအငွားစာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး
အသင္းအတြက္(၄)ပြဲကစား၊ (၁)ဂိုးသြင္းယူထားပါတယ္။
မာစီယဲလ္ဟာ ပြဲထြက္ကစားတာနဲ႔ပတ္သက္လို႔ နည္းျပရန္နစ္ခ္နဲ႔
ျပႆနာတက္ခဲ့ၿပီးတဲ့ေနာက္ ဆီဗီလာအသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး
အခုေလာေလာဆယ္ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနရပါတယ္။
မာစီယဲလ္ဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ စိတ္ေက်နပ္စရာစြမ္းေဆာင္ရည္မ်ိဳးျပသခဲ့ေပမယ့္
ဆီဗီလာအသင္းအေနနဲ႔ မာစီယဲလ္ကို အၿပီးသတ္ေခၚယူမွာမဟုတ္ဘူးလို႔
Football Transfers ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။
ဆီဗီလာအသင္းနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းက လူတစ္ေယာက္က
“ယူ႐ိုသန္းနဲ႔ခ်ီၿပီးေတာ့ ထီေပါက္ရင္ေတာင္မွ ဆီဗီလာအသင္းဟာ
မာစီယဲလ္ကို အၿပီးသတ္ေခၚဖို႔မရွိပါဘူး။
မာစီယဲလ္ရဲ႕ေျခစြမ္းအေပၚ အားရေက်နပ္မႈရွိေပမယ့္
ဆီဗီလာအသင္းက သူ႔ကို အၿပီးသတ္စာခ်ဳပ္ခ်ဳပ္မွာ မဟုတ္ပါဘူး။
ဆီဗီလာအသင္းရဲ႕အဓိကပစ္မွတ္က လာလီဂါခ်န္ပီယံဆုအတြက္
ရီးယဲလ္အသင္းနဲ႔အၿပိဳင္ႀကိဳးပမ္းဖို႔ပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။
ဆီဗီလာအသင္းအေနနဲ႔ မာစီယဲလ္ရဲ႕လစာေငြနဲ႔ ယူႏိုက္တက္အသင္းအလိုရွိေနတဲ့
ေျပာင္းေ႐ႊ႕ေၾကးပမာဏကို ေပးေခ်ႏိုင္တဲ့အင္အားမ်ိဳးမရွိတာက
အဓိကက်တဲ့အခ်က္ျဖစ္ေနပါတယ္။
မာစီယဲလ္ဟာ ယူႏိုက္တက္နဲ႔ ၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္က်န္ရွိေနၿပီး
သူ႔ကို ဂ်ဴဗင္တပ္စ္၊ နယူးကာဆယ္၊ အာဆင္နယ္တို႔ကေခၚယူဖို႔စိတ္ဝင္စားေနၾကပါတယ္။