ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွေဟာ မန်ယူအတွက် လွယ်လွယ်လေးပါလို့ထင်ရင်တော့ မှားသွားမှာပေါ့

ယူရိုပါလိဂ် အုပ်စု (E) မှာ စပိန်ကလပ် ဆိုစီဒက်၊ မော်လ်ဒိုဗာကလပ် ရှရစ်ဖ်၊ ဆိုက်ပရပ်စ်ကလပ် အိုမိုနီယာတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေခဲ့လို့ မန်ယူအသင်းဟာ နောက်တစ်ဆင့်တက်ဖို့အတွက် ပွဲချောင်နေပြီလို့ မှတ်ယူလိုက်ရင်တော့ မှားယွင်းတဲ့ ယူဆချက်သာ ဖြစ်ပါလိမ့်မယ်။

ဆိုစီဒက်ဆိုတာဟာ စပိန်လာလီဂါမှာ ဘာစီလိုနာအပါအဝင် အသင်းကြီးအတော်များများကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းဖြစ်ပြီး အထူးသဖြင့် အိမ်ကွင်းဆိုရင် လုပ်အားနှုန်းကောင်းမွန်တဲ့အသင်းပါ။ ဒါကြောင့် စပိန်မြေကို အလည်သွားတဲ့အခါ သရဲနီတွေအနေနဲ့ အမှတ်ရယူနိုင်မယ်လို့ အပ်ကျမတ်ကျ ပြောလို့မရပါဘူး။

ဒါ့အပြင် မန်ယူအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တွေလည်း ဒီအုပ်စုမှာရှိနေပြန်ပါတယ်။ အဲဒါကတော့ သွားရောက်ကစားရမယ့် အဝေးကွင်းတွေ ရဲ့ ခရီးမိုင် အကွာအဝေးပဲ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ စပိန်ဟာ ခရီးကွာဝေးမှု မပြောပလောက်တာမို့

အထူးတလည်ပြောဆိုစရာ မရှိပေမယ့် ဆိုက်ပရပ်စ်ကို သွားကစားရမယ့် အိုမိုနီယာနဲ့ ခရီးစဉ်အတွက် မိုင်ပေါင်း ၄၂၀၀ အထိ အသွားအပြန် ခရီးနှင်ရမှာဖြစ်သလို မော်လ်ဒိုဗာမှာ ကစားမယ့် ရှရစ်ဖ်နဲ့ ပွဲစဉ် အတွက်လည်း မိုင်ပေါင်း ၃၆၀၀ ခရီးသွားရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တော့ ယူရိုပါလိဂ် ပွဲစဉ်တွေနဲ့ပတ်သက်ပြီး ပွဲချိန်ဇယားတွေ အတိအကျ မထုတ်ပြန်ရသေးတာကြောင့် ဘယ်လိုအခြေအနေမျိုးမှာ ခရီးသွားရမယ်ဆို တာကိုတော့ အတိအကျ ပြောလို့မရနိုင်ပါဘူး။

ဒါပေမဲ့ တကယ်လို့များသာ အိုမိုနီယာ၊ ရှရစ်ဖ်တို့နဲ့ ဆက်တိုက်ဆိုသလို အဝေးကွင်းတွေသာ ကစားရမယ်ဆိုရင်တော့ မန်ယူအဖို့အတော်ကို ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်ပြီး

ခရီးပန်းမယ့်ဒဏ်ကို အလူးအလဲခံရတော့မယ့် အနေအထားမျိုး ရှိနေပြီဖြစ်ပါတယ်။ အခြား အင်္ဂလန်ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ အုပ်စု (A) မှာ ပီအက်စ်ဗွီ၊ ဘိုဒို/ဂလင့်၊ ဇူးရစ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

(zawgyi)

ယူ႐ိုပါလိဂ္ အုပ္စု (E) မွာ စပိန္ကလပ္ ဆိုစီဒက္၊ ေမာ္လ္ဒိုဗာကလပ္ ရွရစ္ဖ္၊ ဆိုက္ပရပ္စ္ကလပ္ အိုမိုနီယာတို႔နဲ႔အတူ တစ္အုပ္စုတည္း က်ေရာက္ေနခဲ့လို႔ မန္ယူအသင္းဟာ ေနာက္တစ္ဆင့္တက္ဖို႔အတြက္ ပြဲေခ်ာင္ေနၿပီလို႔ မွတ္ယူလိုက္ရင္ေတာ့ မွားယြင္းတဲ့ ယူဆခ်က္သာ ျဖစ္ပါလိမ့္မယ္။

ဆိုစီဒက္ဆိုတာဟာ စပိန္လာလီဂါမွာ ဘာစီလိုနာအပါအဝင္ အသင္းႀကီးအေတာ္မ်ားမ်ားကို ဒုကၡေပးႏိုင္စြမ္းရွိတဲ့အသင္းျဖစ္ၿပီး အထူးသျဖင့္ အိမ္ကြင္းဆိုရင္ လုပ္အားႏႈန္းေကာင္းမြန္တဲ့အသင္းပါ။ ဒါေၾကာင့္ စပိန္ေျမကို အလည္သြားတဲ့အခါ

သရဲနီေတြအေနနဲ႔ အမွတ္ရယူႏိုင္မယ္လို႔ အပ္က်မတ္က် ေျပာလို႔မရပါဘူး။ ဒါ့အျပင္ မန္ယူအသင္းအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ေတြလည္း ဒီအုပ္စုမွာရွိေနျပန္ပါတယ္။ အဲဒါကေတာ့ သြားေရာက္ကစားရမယ့္ အေဝးကြင္းေတြ ရဲ႕ ခရီးမိုင္ အကြာအေဝးပဲ ျဖစ္ပါတယ္။

အဂၤလန္နဲ႔ စပိန္ဟာ ခရီးကြာေဝးမႈ မေျပာပေလာက္တာမို႔ အထူးတလည္ေျပာဆိုစရာ မရွိေပမယ့္ ဆိုက္ပရပ္စ္ကို သြားကစားရမယ့္ အိုမိုနီယာနဲ႔ ခရီးစဥ္အတြက္ မိုင္ေပါင္း ၄၂၀၀ အထိ အသြားအျပန္ ခရီးႏွင္ရမွာျဖစ္သလို

ေမာ္လ္ဒိုဗာမွာ ကစားမယ့္ ရွရစ္ဖ္နဲ႔ ပြဲစဥ္ အတြက္လည္း မိုင္ေပါင္း ၃၆၀၀ ခရီးသြားရမွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ေတာ့ ယူ႐ိုပါလိဂ္ ပြဲစဥ္ေတြနဲ႔ပတ္သက္ၿပီး ပြဲခ်ိန္ဇယားေတြ အတိအက် မထုတ္ျပန္ရေသးတာေၾကာင့္ ဘယ္လိုအေျခအေနမ်ိဳးမွာ

ခရီးသြားရမယ္ဆို တာကိုေတာ့ အတိအက် ေျပာလို႔မရႏိုင္ပါဘူး။ ဒါေပမဲ့ တကယ္လို႔မ်ားသာ အိုမိုနီယာ၊ ရွရစ္ဖ္တို႔နဲ႔ ဆက္တိုက္ဆိုသလို အေဝးကြင္းေတြသာ ကစားရမယ္ဆိုရင္ေတာ့ မန္ယူအဖို႔အေတာ္ကို ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာႏိုင္ၿပီး ခရီးပန္းမယ့္ဒဏ္ကို

အလူးအလဲခံရေတာ့မယ့္ အေနအထားမ်ိဳး ရွိေနၿပီျဖစ္ပါတယ္။ အျခား အဂၤလန္ပရီးမီးယားလိဂ္ အသင္းတစ္သင္းျဖစ္တဲ့ အာဆင္နယ္ကေတာ့ အုပ္စု (A) မွာ ပီအက္စ္ဗြီ၊ ဘိုဒို/ဂလင့္၊ ဇူးရစ္အသင္းတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။