ယူရိုပါလိဂ်မှာ အုပ်စုပထမဖြစ်ဖို့အတွက် မန်ယူအသင်းဘာတွေလိုအပ်လဲ

ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ဖို့အတွက် မန်ယူအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ စပိန်မြေကိုသွားရောက်ပြီး

ဆိုစီဒက်နဲ့ ရင်ဆိုင် ရပါတော့မယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ ယူနိုက်တက်ဟာ လာမယ့်မေလမှာ ကျင်းပမယ့်

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒါ ပေမဲ့ မန်ယူဟာ ယူရိုပါလိဂ် အုပ်စု (E) အဖွင့်ပွဲစဉ်မှာ

ဆိုစီဒက်ကို အငြင်း ပွားဖွယ်ရာ ပင်နယ်တီသွင်းဂိုးနဲ့ ရှုံးခဲ့ရတာကြောင့် အုပ်စုပထမနေရာ ရဖို့ အတွက်ဆိုရင်တော့ လာမယ့်ပွဲစဉ်မှာ မဖြစ်မနေကို

အနိုင်ကစားရပါတော့ မယ်။ အဲဒီအတွက် မန်ယူလိုအပ်နေတဲ့ အချက်အလက်တွေကတော့ အခုလို မျိုး ရှိပါတယ်။ ယူနိုက်တက်ဟာ ၄ ပွဲဆက်တိုက်

အနိုင်ရခဲ့တာကြောင့် ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပြီး ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ဆိုစီဒက်ထက် ၃ မှတ်လျော့နေပါတယ်။

နောက်ပြီး ဆိုစီဒက်ဟာ ဂိုးကွာခြား မှုမှာလည်း +၉ ရှိထားပြီး မန်ယူက +၆ ဖြစ်နေပါတယ်။ ဒါကြောင့် မန်ယူဟာ အုပ်စုဗိုလ်နေရာ ရဖို့ဆိုရင် ဒီပွဲမှာ

ဆိုစီဒက်ကို အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ပါတယ်။ ရမှတ်တူနေတဲ့အခါ ယူရိုပါလိဂ်ရဲ့ စည်းမျဉ်းအရ ထိပ်တိုက်တွေ့ဆုံမှုကို တွက်ချက်ပြီး

သွင်းဂိုးအသာနဲ့ အနိုင်တဲ့အသင်းက ဦးစားပေးအဆင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုစီဒက်ဟာ မန်ယူကို ပြီးခဲ့တဲ့ အိုးလ် ထရက်ဖို့ဒ်ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့

နိုင်ထားတဲ့အတွက် ဒီပွဲမှာ မန်ယူက ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုပထမနေရာ ရရှိမှာဖြစ်ပါတယ်။ နောက်ပြီး မန်ယူ အတွက် အုပ်စုပထမနေရာ

ရဖို့ကလည်း အတော်လေးကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်စုဒုတိယနေရာနဲ့သာ အဆုံးသတ်ခဲ့မယ်ဆိုရင် လာမယ့် ရှုံးထွက်ပွဲစဉ်မှာ

ချန်ပီယံလိဂ်က ပြုတ်လာတဲ့ အသင်းတစ်သင်းနဲ့ ထိပ်တိုက်တိုးရဖို့ ရှိနေလို့ပါ။ ဒီအတွက် မန်ယူဟာ ဒုတိယနေရာနဲ့သာ အဆုံး သတ်ခဲ့မယ်ဆိုရင်တော့

ဘာစီလိုနာ၊ အေဂျက်ဇ်၊ ဆီဗီလာ၊ ရှက်တာဒိုးနက်၊ အက်သလက်တီကိုမက်ဒရစ်တို့လို အသင်းမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

သူနဲ့ ထိပ်တိုက်တွေ့နိုင်မယ့်အသင်းကိုတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အပြီးကျရင် ပိုပြီး နီးနီးစပ်စပ် ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

(Zawgyi)

ယူ႐ိုပါလိဂ္မွာ အုပ္စုပထမျဖစ္ဖို႔အတြက္ မန္ယူအသင္းဘာေတြလိုအပ္လဲ

ယူ႐ိုပါလိဂ္ အုပ္စုေနာက္ဆုံးပြဲစဥ္ကို ယွဥ္ၿပိဳင္ဖို႔အတြက္ မန္ယူအသင္းဟာ လာမယ့္ ၾကာသပေတးေန႔မွာ စပိန္ေျမကိုသြားေရာက္ၿပီး

ဆိုစီဒက္နဲ႔ ရင္ဆိုင္ ရပါေတာ့မယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ ယူႏိုက္တက္ဟာ လာမယ့္ ေမလမွာ က်င္းပမယ့္

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ ဒါ ေပမဲ့ မန္ယူဟာ ယူ႐ိုပါလိဂ္ အုပ္စု (E) အဖြင့္ပြဲစဥ္မွာ

ဆိုစီဒက္ကို အျငင္း ပြားဖြယ္ရာ ပင္နယ္တီသြင္းဂိုးနဲ႔ ရႈံးခဲ့ရတာေၾကာင့္ အုပ္စုပထမေနရာ ရဖို႔ အတြက္ဆိုရင္ေတာ့ လာမယ့္ ပြဲစဥ္မွာ မျဖစ္မေနကို အႏိုင္ကစားရပါေတာ့ မယ္။

အဲဒီအတြက္ မန္ယူလိုအပ္ေနတဲ့ အခ်က္အလက္ေတြကေတာ့ အခုလို မ်ိဳး ရွိပါတယ္။ ယူႏိုက္တက္ဟာ ၄ ပြဲဆက္တိုက္ အႏိုင္ရခဲ့တာေၾကာင့္ ရမွတ္ ၁၂ မွတ္နဲ႔

အုပ္စု ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲရထားတဲ့ ဆိုစီဒက္ထက္ ၃ မွတ္ေလ်ာ့ေနပါတယ္။ ေနာက္ၿပီး ဆိုစီဒက္ဟာ ဂိုးကြာျခား မႈမွာလည္း +၉ ရွိထားၿပီး မန္ယူက +၆

ျဖစ္ေနပါတယ္။ ဒါေၾကာင့္ မန္ယူဟာ အုပ္စုဗိုလ္ေနရာ ရဖို႔ဆိုရင္ ဒီပြဲမွာ ဆိုစီဒက္ကို အနည္းဆုံး ၂ ဂိုးျပတ္နဲ႔ အႏိုင္ ရဖို႔ လိုအပ္ပါတယ္။ ရမွတ္တူေနတဲ့အခါ

ယူ႐ိုပါလိဂ္ရဲ႕ စည္းမ်ဥ္းအရ ထိပ္ တိုက္ေတြ႕ဆုံမႈကို တြက္ခ်က္ၿပီး သြင္းဂိုးအသာနဲ႔ အႏိုင္တဲ့အသင္းက ဦးစား ေပးအဆင့္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္

ဆိုစီဒက္ဟာ မန္ယူကို ၿပီးခဲ့တဲ့ အိုးလ္ ထရက္ဖို႔ဒ္ပြဲစဥ္မွာ ၁-၀ ဂိုးနဲ႔ ႏိုင္ထားတဲ့အတြက္ ဒီပြဲမွာ မန္ယူက ၂ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့မယ္ဆိုရင္ အုပ္စုပထမေနရာ ရရွိမွာျဖစ္ပါတယ္။

ေနာက္ၿပီး မန္ယူ အတြက္ အုပ္စုပထမေနရာ ရဖို႔ကလည္း အေတာ္ေလးကို အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အုပ္စုဒုတိယေနရာနဲ႔သာ

အဆုံးသတ္ခဲ့မယ္ဆိုရင္ လာမယ့္ ရႈံးထြက္ပြဲစဥ္မွာ ခ်န္ပီယံလိဂ္က ျပဳတ္လာတဲ့ အသင္းတစ္သင္းနဲ႔ ထိပ္တိုက္တိုးရဖို႔ ရွိေနလို႔ပါ။ ဒီအတြက္ မန္ယူဟာ ဒုတိယေနရာနဲ႔သာ

အဆုံး သတ္ခဲ့မယ္ဆိုရင္ေတာ့ ဘာစီလိုနာ၊ ေအဂ်က္ဇ္၊ ဆီဗီလာ၊ ရွက္တာဒိုးနက္၊ အက္သလက္တီကိုမက္ဒရစ္တို႔လို အသင္းမ်ိဳးေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။

သူနဲ႔ ထိပ္တိုက္ေတြ႕ႏိုင္မယ့္အသင္းကိုေတာ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြ အၿပီးက်ရင္ ပိုၿပီး နီးနီးစပ္စပ္ ခန႔္မွန္းႏိုင္မွာ ျဖစ္ပါတယ္။