ယူရိုပါလိဂ်ပွဲမှာ တစ်ပွဲတည်း(၄)ဂိုးသွင်းပြီးတော့ သူရဲကောင်းဖြစ်ခဲ့တဲ့ ဒက်ကာ

ယူရိုပါလိဂ်အုပ်စုပွဲအဖြစ် စပါးတပ်မော်စကိုနဲ့လက်စတာတို့ကစားခဲ့တဲ့ပွဲမှာ

လက်စတာအသင်းဟာ မထင်မှတ်လောက်အောင်ပဲ (၂)ဂိုးပြတ်ရှုံးနိမ့်နေတာကနေ

(၄-၃)ဂိုးနဲ့ပြန်အနိုင်ယူခဲ့ပြီး အသင်းရဲ့ဇမ်ဘီယာလက်ရွေးစင်တိုက်စစ်မှူး

ဒက်ကာက တစ်ပွဲတည်း(၄)ဂိုးသွင်းပြီးတော့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ လက်စတာနည်းပြဘရန်ဒန်ရော်ဂျာက ဝါရင့်တိုက်စစ်မှူးဗာဒီကို

အသုံးမပြုခဲ့ဘဲ တိုက်စစ်မှာ ဒက်ကာနဲ့အီဟီယာနာချိုတို့ကို ပွဲထွက်

အသုံးပြုခဲ့တာဖြစ်ပြီး ဘရန်ဒန်ရော်ဂျာရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့

ပြောရမှာပါ။ လက်စတာအသင်းဟာ ပွဲချိန်(၁၁)မိနစ်၊ (၄၄)မိနစ်တွေမှာ

ဦးဆောင်ဂိုးတွေပေးလိုက်ရပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဒက်ကာက

ချေပဂိုးပြန်သွင်းခဲ့သလို ဒုတိယပိုင်းပွဲစလို့ (၃)မိနစ်အကြာမှာပဲ

ဒုတိယချေပဂိုး၊ (၅၄)မိနစ်နဲ့ (၇၉)မိနစ်တွေမှာ ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒက်ကာဟာ ဥရောပပြိုင်ပွဲကြီးတစ်ခုမှာ(ခြေစစ်ပွဲတွေမပါဝင်)

ဟက်ထရစ်သွင်းယူခဲ့တဲ့ပထမဆုံးဇမ်ဘီယာကစားသမား၊ လက်စတာ

အသင်းအတွက် ဥရောပပွဲစဉ်တစ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ပထမဆုံး

ကစားသမားအဖြစ် စံချိန်တင်ခဲ့သလို ၁၉၅၈၊ နိုဝင်ဘာလတုန်းက

အက်စတွန်ဗီလာအသင်းကို (၄)ဂိုးသွင်းယူခဲ့တဲ့ ဒါရက်ခ်ဟိုင်းစ်နောက်ပိုင်း

ပွဲတစ်ပွဲမှာ (၄)ဂိုးအထိသွင်းယူခဲ့တဲ့ ပထမဆုံးလက်စတာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒက်ကာဟာ ပြီးခဲ့တဲ့နွေရာသီ

အပြောင်းအရွှေ့ကမှ ဆာလ်ဘာ့ဂ်အသင်းကနေ လက်စတာအသင်းဆီ

ပေါင်(၂၃)သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းအတွက်ပွဲဦးထွက်ရာသီမှာပဲ

ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ(၇)ပွဲကစား၊ (၅)ဂိုးအထိသွင်းယူခဲ့တဲ့

ဒက်ကာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲမှာလည်း လူစားဝင်အဖြစ်ကစားခွင့်ရခဲ့ပြီး စတုတ္ထဂိုး

သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာဂိုးသွင်းခဲ့တဲ့ ပထမဆုံးဇမ်ဘီယာ

ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

zawgyi

ယူ႐ိုပါလိဂ္ပြဲမွာ တစ္ပြဲတည္း(၄)ဂိုးသြင္းၿပီးေတာ့ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဒက္ကာ

ယူ႐ိုပါလိဂ္အုပ္စုပြဲအျဖစ္ စပါးတပ္ေမာ္စကိုနဲ႔လက္စတာတို႔ကစားခဲ့တဲ့ပြဲမွာ

လက္စတာအသင္းဟာ မထင္မွတ္ေလာက္ေအာင္ပဲ (၂)ဂိုးျပတ္ရႈံးနိမ့္ေနတာကေန

(၄-၃)ဂိုးနဲ႔ျပန္အႏိုင္ယူခဲ့ၿပီး အသင္းရဲ႕ဇမ္ဘီယာလက္ေ႐ြးစင္တိုက္စစ္မႉး

ဒက္ကာက တစ္ပြဲတည္း(၄)ဂိုးသြင္းၿပီးေတာ့ သူရဲေကာင္းျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာ လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာက ဝါရင့္တိုက္စစ္မႉးဗာဒီကို

အသုံးမျပဳခဲ့ဘဲ တိုက္စစ္မွာ ဒက္ကာနဲ႔အီဟီယာနာခ်ိဳတို႔ကို ပြဲထြက္

အသုံးျပဳခဲ့တာျဖစ္ၿပီး ဘရန္ဒန္ေရာ္ဂ်ာရဲ႕ဆုံးျဖတ္ခ်က္မွန္ကန္ခဲ့တယ္လို႔

ေျပာရမွာပါ။ လက္စတာအသင္းဟာ ပြဲခ်ိန္(၁၁)မိနစ္၊ (၄၄)မိနစ္ေတြမွာ

ဦးေဆာင္ဂိုးေတြေပးလိုက္ရေပမယ့္ ပထမပိုင္းၿပီးခါနီးမွာ ဒက္ကာက

ေခ်ပဂိုးျပန္သြင္းခဲ့သလို ဒုတိယပိုင္းပြဲစလို႔ (၃)မိနစ္အၾကာမွာပဲ

ဒုတိယေခ်ပဂိုး၊ (၅၄)မိနစ္နဲ႔ (၇၉)မိနစ္ေတြမွာ ဂိုးေတြဆက္တိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒက္ကာဟာ ဥေရာပၿပိဳင္ပြဲႀကီးတစ္ခုမွာ(ေျခစစ္ပြဲေတြမပါဝင္)

ဟက္ထရစ္သြင္းယူခဲ့တဲ့ပထမဆုံးဇမ္ဘီယာကစားသမား၊ လက္စတာ

အသင္းအတြက္ ဥေရာပပြဲစဥ္တစ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ ပထမဆုံး

ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့သလို ၁၉၅၈၊ ႏိုဝင္ဘာလတုန္းက

အက္စတြန္ဗီလာအသင္းကို (၄)ဂိုးသြင္းယူခဲ့တဲ့ ဒါရက္ခ္ဟိုင္းစ္ေနာက္ပိုင္း

ပြဲတစ္ပြဲမွာ (၄)ဂိုးအထိသြင္းယူခဲ့တဲ့ ပထမဆုံးလက္စတာကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒက္ကာဟာ ၿပီးခဲ့တဲ့ေႏြရာသီ

အေျပာင္းအေ႐ႊ႕ကမွ ဆာလ္ဘာ့ဂ္အသင္းကေန လက္စတာအသင္းဆီ

ေပါင္(၂၃)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး အသင္းအတြက္ပြဲဦးထြက္ရာသီမွာပဲ

ေျခစြမ္းျပကစားေနတာျဖစ္ပါတယ္။ ၿပိဳင္ပြဲစုံ(၇)ပြဲကစား၊ (၅)ဂိုးအထိသြင္းယူခဲ့တဲ့

ဒက္ကာဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲမွာလည္း လူစားဝင္အျဖစ္ကစားခြင့္ရခဲ့ၿပီး စတုတၳဂိုး

သြင္းယူခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာဂိုးသြင္းခဲ့တဲ့ ပထမဆုံးဇမ္ဘီယာ

ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါေသးတယ္။