ယူရိုပါလိဂ်ပြိုင်ပွဲဝင် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အဲလ်ဗက်စ်

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဇန်နဝါရီလအတွင်း
ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ၄ဦးထဲကနေ တစ်ဦးကို
ယူရိုပါလိဂ်ပြိုင်ပွဲဝင် လူစာရင်းကနေ မဖြစ်မနေချန်လှပ်ရမှာမို့လို့
ဝါရင့်ညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်ကို ချန်လှပ်လိုက်ရပါတယ်။
ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းတွေအရ အသင်းတစ်သင်းအနေနဲ့
ဇန်နဝါရီဈေးကွက်အပြီး ဥရောပကလပ်အသင်းများ ပြိုင်ပွဲဝင်
အသင်းရဲ့လူစာရင်းမှာ အများဆုံး ကစားသမားသစ် ၃ဦးပဲ
ထည့်သွင်းရမယ့်အချက်ပါဝင်ပြီး ဘာစီလိုနာက
ဆောင်းဈေးကွက်အတွင်း အသက် ၃၈ နှစ်အရွယ်ရှိ
အဲလ်ဗက်စ်အပါအဝင် ဖာရန်တောရက်စ်၊
အဒါမာထရာအိုရေးနဲ့ အူဘာမီယန်တို့ကို ခေါ်ယူခဲ့ပါတယ်။


ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ
တတိယနေရာပဲ ရရှိခဲ့လို့ ယူရိုပါလိဂ်ဘက်
ဆင်းကစားရမှာဖြစ်ပြီး ဇာဗီက
အသင်းရဲ့ ၂၃ဦးပါစာရင်းမှာ အဲလ်ဗက်စ်ကို
ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
အစောပိုင်းက စပိန်မှာ ထွက်ပေါ်ခဲ့တဲ့
သတင်းတွေအရ ဇာဗီဟာ အသင်းကို
နောက်ဆုံးမှရောက်လာတဲ့ အူဘာမီယန်ကို
လူစာရင်းကနေ ချန်လှပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့်
အခုတော့ အဲလ်ဗက်စ်ကိုပဲ ချန်လှပ်ခဲ့လို့
စိတ်ပြောင်းလဲသွားပုံရပါတယ်။


အဲလ်ဗက်စ် မပါဝင်လို့ ဘာစီလိုနာအသင်းမှာ
ညာနောက်ခံလူစစ်စစ်ဆိုလို့ ဇာဗီသိပ်မကြိုက်တဲ့
ဆာဂျီနိုဒက်စ်တစ်ဦးတည်းကျန်တော့ပြီး ဆာဂျီရောဘတ်တိုနဲ့
မင်ဂွီဇာတို့က အရေးပေါ်အားဖြည့်ကစားနေပါတယ်။
ပေါင်သန်း ၃၀နဲ့ အပြီးသတ်ခေါ်ယူခွင့်ရမယ့် အငှားစာချုပ်နဲ့
ပြောင်းရွှေ့လာတဲ့ ထရာအိုရေးက တကယ်လို့
ဇာဗီသာ ၃-၅-၂ ပုံစံ ပြောင်းလဲကစားရင်
right wing back အဖြစ် ကစားနိုင်စွမ်းရှိပါတယ်။