ယူနိုက်တက် အနိုင်ရတဲ့ပွဲအပြီးမှာ လီဗာပူးလ်အသင်းရဲ့ ဆောင်ပုဒ်ကို စနောက်ပြီး ကာရေဂါကို မခံချိမခံသာဖြစ်အောင် လှောင်ပြောင်ခဲ့တဲ့ ဂယ်ရီနဗီးလ်

အိုးထရက်ဖိုဒ်မှာ ကစားခဲ့တဲ့ အင်္ဂလန်ရဲ့ နာမည်ကျော် အနောက်မြောက်ဒါဘီပွဲစဉ်မှာ ယူနိုက်တက်ဟာ

လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဒီပွဲကို Sky Sports ရုပ်သံရဲ့ အစီအစဉ်တင်ဆက်သူလုပ်နေတဲ့

ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်က သူနဲ့ အတူ အစီအစဉ်တင်ဆက်နေတဲ့

လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ကာရေဂါကို မခံချိမခံသာဖြစ်အောင် လှောင်ပြောင်သွားခဲ့သလို

ယူနိုက်တက်အနိုင်ရရှိသွားခဲ့တာကိုလည်း မယုံနိုင်အောင် အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ကာရေဂါနဲ့ ဂယ်ရီနဗီးလ်တို့ဟာ တစ်ချိန်တုန်းက ကွင်းထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်တွေဖြစ်ခဲ့ကြပေမယ့်

လက်ရှိအချိန်မှာလည်း နှစ်ယောက်စလုံးက Sky Sports ရုပ်သံမှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေအဖြစ်

ဆောင်ရွက်နေပြီး တစ်ယောက်ကို တစ်ယောက် အမြဲတမ်း မခံချင်အောင် စနောက်မှုတွေလုပ်လေ့ရှိနေပါတယ်။

ယူနိုက်တက်အသင်းက လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂယ်ရီနဗီးလ်ဟာ

‘I’d rather walk alone'(ငါ့ဘာသာငါ တစ်ယောက်တည်း လမ်းလျှောက်တာပဲ ကောင်းပါတယ်)ဆိုတဲ့

သိုးမွှေးပဝါကိုင်ပြီးတော့ ကာရေဂါနောက်ကနေ လှောင်ပြခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ ဆောင်ပုဒ်က ‘You’ll never Walk Alone’ဖြစ်တာကြောင့် အဲဒါကို ဂယ်ရီနဗီးလ်က

‘I’d rather walk alone’ဆိုပြီးတော့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်တို့ နိုင်ပွဲရခဲ့တာကြောင့် ကာရေဂါကို ဂယ်ရီနဗီးလ်တစ်ယောက် အခုလို နှိမ်ခွင့်ရခဲ့တာဖြစ်ပေမယ့်

ပွဲမတိုင်ခင်တုန်းကတော့ ယူနိုက်တက်နိုင်မယ်လို့ ဂယ်ရီနဗီးလ်ကိုယ်တိုင် မယုံမကြည်ဖြစ်ခဲ့တာပါ။

အဲဒါနဲ့ပတ်သက်ပြီး ဂယ်ရီနဗီးလ်က “အခုနိုင်ပွဲအတွက် ကျွန်တော် မယုံနိုင်အောင်ဖြစ်ရပါတယ်။

ဒီလိုရလဒ်ထွက်လာမယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။

ပထမပိုင်း(၄၅)မိနစ်က ယူနိုက်တက်ရဲ့ကစားပုံကိုကြည့်ပြီး ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဖြစ်ခဲ့ရပါတယ်။

အခုနိုင်ပွဲက ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့အလှည့်အပြောင်းလို့ပြောရမှာပါ။

ယူနိုက်တက်ပရိသတ်တစ်ဦးအနေနဲ့ အခုပွဲက,ကစားသမားတွေရဲ့ခြေစွမ်းအတွက်

အရမ်းဂုဏ်ယူမိတယ်ဆိုတာ ပြောချင်ပြီး,ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဒီလိုချီးကျူးစကားပြောခွင့်ရမယ်လို့ မထင်ခဲ့ပါဘူး။

ယူနိုက်တက်ကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်၊ ပြေးအားနဲ့ ပွဲအပေါ် အားစိုက်ထုတ်မှုတွေက

တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ အႏိုင္ရတဲ့ပြဲအၿပီးမွာ လီဗာပူးလ္အသင္းရဲ႕ ေဆာင္ပုဒ္ကို စေနာက္ၿပီး

ကာေရဂါကို မခံခ်ိမခံသာျဖစ္ေအာင္ ေလွာင္ေျပာင္ခဲ့တဲ့ ဂယ္ရီနဗီးလ္

အိုးထရက္ဖိုဒ္မွာ ကစားခဲ့တဲ့ အဂၤလန္ရဲ႕ နာမည္ေက်ာ္ အေနာက္ေျမာက္ဒါဘီပြဲစဥ္မွာ ယူႏိုက္တက္ဟာ

လီဗာပူးလ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ဒီပြဲကို Sky Sports ႐ုပ္သံရဲ႕ အစီအစဥ္တင္ဆက္သူလုပ္ေနတဲ့

ယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္က သူနဲ႔ အတူ အစီအစဥ္တင္ဆက္ေနတဲ့

လီဗာပူးလ္ဂႏၴဝင္ေနာက္ခံလူ ကာေရဂါကို မခံခ်ိမခံသာျဖစ္ေအာင္ ေလွာင္ေျပာင္သြားခဲ့သလို

ယူႏိုက္တက္အႏိုင္ရရွိသြားခဲ့တာကိုလည္း မယုံႏိုင္ေအာင္ အံ့အားသင့္ခဲ့ရတယ္လို႔ ဝန္ခံေျပာဆိုသြားခဲ့ပါတယ္။

ကာေရဂါနဲ႔ ဂယ္ရီနဗီးလ္တို႔ဟာ တစ္ခ်ိန္တုန္းက ကြင္းထဲမွာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကေပမယ့္

လက္ရွိအခ်ိန္မွာလည္း ႏွစ္ေယာက္စလုံးက Sky Sports ႐ုပ္သံမွာ ေဘာလုံးပြဲေဝဖန္သုံးသပ္သူေတြအျဖစ္

ေဆာင္႐ြက္ေနၿပီး တစ္ေယာက္ကို တစ္ေယာက္ အၿမဲတမ္း မခံခ်င္ေအာင္ စေနာက္မႈေတြလုပ္ေလ့ရွိေနပါတယ္။

ယူႏိုက္တက္အသင္းက လီဗာပူးလ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဂယ္ရီနဗီးလ္ဟာ

‘I’d rather walk alone'(ငါ့ဘာသာငါ တစ္ေယာက္တည္း လမ္းေလွ်ာက္တာပဲ ေကာင္းပါတယ္)ဆိုတဲ့

သိုးေမႊးပဝါကိုင္ၿပီးေတာ့ ကာေရဂါေနာက္ကေန ေလွာင္ျပခဲ့တာပါ။

လီဗာပူးလ္အသင္းရဲ႕ ေဆာင္ပုဒ္က ‘You’ll never Walk Alone’ျဖစ္တာေၾကာင့္ အဲဒါကို ဂယ္ရီနဗီးလ္က

‘I’d rather walk alone’ဆိုၿပီးေတာ့ ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္တို႔ ႏိုင္ပြဲရခဲ့တာေၾကာင့္ ကာေရဂါကို ဂယ္ရီနဗီးလ္တစ္ေယာက္ အခုလို ႏွိမ္ခြင့္ရခဲ့တာျဖစ္ေပမယ့္

ပြဲမတိုင္ခင္တုန္းကေတာ့ ယူႏိုက္တက္ႏိုင္မယ္လို႔ ဂယ္ရီနဗီးလ္ကိုယ္တိုင္ မယုံမၾကည္ျဖစ္ခဲ့တာပါ။

အဲဒါနဲ႔ပတ္သက္ၿပီး ဂယ္ရီနဗီးလ္က “အခုႏိုင္ပြဲအတြက္ ကြၽန္ေတာ္ မယုံႏိုင္ေအာင္ျဖစ္ရပါတယ္။

ဒီလိုရလဒ္ထြက္လာမယ္လို႔ ကြၽန္ေတာ္ မထင္ထားခဲ့ပါဘူး။

ပထမပိုင္း(၄၅)မိနစ္က ယူႏိုက္တက္ရဲ႕ကစားပုံကိုၾကည့္ၿပီး ကိုယ့္မ်က္လုံးေတာင္ ကိုယ္မယုံႏိုင္ျဖစ္ခဲ့ရပါတယ္။

အခုႏိုင္ပြဲက ယူႏိုက္တက္အသင္းအတြက္ ႀကီးမားတဲ့အလွည့္အေျပာင္းလို႔ေျပာရမွာပါ။

ယူႏိုက္တက္ပရိသတ္တစ္ဦးအေနနဲ႔ အခုပြဲက,ကစားသမားေတြရဲ႕ေျခစြမ္းအတြက္

အရမ္းဂုဏ္ယူမိတယ္ဆိုတာ ေျပာခ်င္ၿပီး,ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ ဒီလိုခ်ီးက်ဴးစကားေျပာခြင့္ရမယ္လို႔ မထင္ခဲ့ပါဘူး။

ယူႏိုက္တက္ကစားသမားေတြရဲ႕ တိုက္ပြဲဝင္စိတ္၊ ေျပးအားနဲ႔ ပြဲအေပၚ အားစိုက္ထုတ္မႈေတြက

တကယ့္ကို ေကာင္းမြန္ခဲ့ပါတယ္”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။