ယူနိုက်တက် ရလဒ်ကောင်းတွေ ရဖို့ မက်ဂွိုင်းယားကို အရန်ခုံပို့ထားဖို့ မိုက်ကယ်အိုဝင် ပြောကြား

ယူနိုက်တက် နိုင်ပွဲ ဆက်တိုက်ပျောက်ဆုံးနေတာကြောင့် ပရိသတ်တွေရော၊

ဘောလုံးရေးရာ ဝေဖန်သူတွေကပါ ဟိုလူ့ အပြစ်ပြော၊

ဒီလူ့ အပြစ်ပြောဖြစ်နေကြပါတယ်။ ခေါင်ကအစ

အောက်ခြေအဆုံး စာရင်းရှင်းရမလို ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တစ်ဦး အဖြစ်

လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင် ကတော့

သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ယူနိုက်တက် အနေနဲ့

ရလဒ်ကောင်းတွေ ရရှိချင်ရင် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတဲ့

နောက်ခံလူ မက်ဂွိုင်းယားကို အရန်ခုံပို့ဖို့

လိုအပ်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၂နေရာနဲ့

ရာသီသိမ်းနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ

ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး ခံစစ်ပိုင်းက ပွဲတိုင်းလိုလို

ပေးဂိုးတွေ ခွင့်ပြုပေးနေရတဲ့ အချက်က ယူနိုက်တက်ရဲ့

ရလဒ်ဆိုးတွေ အတွက် အဓိက တရားခံလည်း ဖြစ်ပါတယ်။

အပြစ်ဖို့ ရရင် သရဲနီအများစုမှာ တာဝန်ရှိပေမယ့်

ကံဆိုးသူ မောင်ရှင် မက်ဂွိုင်းယားရဲ့ ကွင်းတွင်း ခြေစွမ်းပိုင်းဟာ

ယခုနှစ် ဘောလုံးရာသီမှာ အတော်လေးကို ဆိုးရွားနေခဲ့ပြီး

မက်ဂွိုင်းယား ပါဝင် ကစားတဲ့ ပွဲစဉ်တိုင်းမှာ ယူနိုက်တက်က

တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ အားနည်းခဲ့သလို

မက်ဂွိုင်းယား ကိုယ်တိုင်ကလည်း အမှားအယွင်းတွေ

မကြာခဏ ပြုလုပ်နေလေ့ ရှိပါတယ်။

အိုဝင်က “မက်ဂွိုင်းယားမှာ အကြောက်တရားတွေ ရှိနေတယ်လို့

ကျွန်တော် ခံစားနေရပါတယ်။ သူ့ရဲ့ ကစားပုံက အတော်လေးကို

ရှက်စရာကောင်းပါတယ်။ သူက လျင်မြန်မှု မရှိတော့သလို

ပြီးခဲ့တဲ့ ပွဲမှာလည်း ဘရော်ဂျာရဲ့ လှည့်စားမှုကို ခပ်လွယ်လွယ်ပဲ ခံခဲ့ရပါတယ်။

သူက အမှားတစ်ခု လုပ်ပြီးရင် အဲဒီအမှားကို ပြန်လည် ပြင်ဆင်ဖို့ မပြောနဲ့

နောက်ထပ် အမှားတွေကို ဆက်ပြီး ကျူးလွန်ဖို့ အဆင်သင့် ဖြစ်နေသလိုပါပဲ။

သူနဲ့ ဘရော်ဂျာရဲ့ ဖြစ်ရပ်က ပင်နယ်တီ ပေးသင့်တဲ့ ဖြစ်ရပ်တစ်ခု

မဟုတ်ပေမယ့်လည်း သူ့ရဲ့ တုံံ့ပြန်ပုံက အတော်လေး ဆိုးရွားနေပါတယ်။

သူ့ရဲ့ အဓိက ပြဿနာက လျင်မြန်မှု မရှိတာပါ။

ပေးလိုက်ရတဲ့ ပေးဂိုးမှာဆိုရင်လည်း သူသာ မြန်နေမယ် ဆိုရင်

နေရာလွတ်တွေကို လျှော့ချနိုင်ဖို့ ရှိနေပေမယ့်

သူကတော့ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ပွဲထွက်ခွင့် ပေးနေမယ် ဆိုရင် အမှားကြီး တစ်ခု

ကျူးလွန်မိသလို ဖြစ်နေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။

zawgyi

ယူႏိုက္တက္ ရလဒ္ေကာင္းေတြ ရဖို႔ မက္ဂြိဳင္းယားကို အရန္ခုံပို႔ထားဖို႔ မိုက္ကယ္အိုဝင္ ေျပာၾကား

ယူႏိုက္တက္ ႏိုင္ပြဲ ဆက္တိုက္ေပ်ာက္ဆုံးေနတာေၾကာင့္ ပရိသတ္ေတြေရာ၊

ေဘာလုံးေရးရာ ေဝဖန္သူေတြကပါ ဟိုလူ႔ အျပစ္ေျပာ၊

ဒီလူ႔ အျပစ္ေျပာျဖစ္ေနၾကပါတယ္။ ေခါင္ကအစ

ေအာက္ေျခအဆုံး စာရင္းရွင္းရမလို ျဖစ္ေနပါတယ္။

လက္ရွိအခ်ိန္မွာ ေဘာလုံးေရးရာ သုံးသပ္သူ တစ္ဦး အျဖစ္

လုပ္ကိုင္ ေဆာင္႐ြက္ေနတဲ့ မိုက္ကယ္ အိုဝင္ ကေတာ့

သူ႔ရဲ႕ အသင္းေဟာင္း တစ္သင္း ျဖစ္တဲ့ယူႏိုက္တက္ အေနနဲ႔

ရလဒ္ေကာင္းေတြ ရရွိခ်င္ရင္ ေျခစြမ္းပိုင္း တည္ၿငိမ္မႈ အားနည္းေနတဲ့

ေနာက္ခံလူ မက္ဂြိဳင္းယားကို အရန္ခုံပို႔ဖို႔

လိုအပ္ေၾကာင္း အႀကံေပးသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အဆင့္၂ေနရာနဲ႔

ရာသီသိမ္းႏိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ

ရလဒ္ေကာင္းေတြ ရရွိဖို႔ ႐ုန္းကန္ေနရၿပီး ခံစစ္ပိုင္းက ပြဲတိုင္းလိုလို

ေပးဂိုးေတြ ခြင့္ျပဳေပးေနရတဲ့ အခ်က္က ယူႏိုက္တက္ရဲ႕

ရလဒ္ဆိုးေတြ အတြက္ အဓိက တရားခံလည္း ျဖစ္ပါတယ္။

အျပစ္ဖို႔ ရရင္ သရဲနီအမ်ားစုမွာ တာဝန္ရွိေပမယ့္

ကံဆိုးသူ ေမာင္ရွင္ မက္ဂြိဳင္းယားရဲ႕ ကြင္းတြင္း ေျခစြမ္းပိုင္းဟာ

ယခုႏွစ္ ေဘာလုံးရာသီမွာ အေတာ္ေလးကို ဆိုး႐ြားေနခဲ့ၿပီး

မက္ဂြိဳင္းယား ပါဝင္ ကစားတဲ့ ပြဲစဥ္တိုင္းမွာ ယူႏိုက္တက္က

တစ္ဖက္အသင္းရဲ႕ တိုက္စစ္ကို ထိန္းခ်ဳပ္ဖို႔ အားနည္းခဲ့သလို

မက္ဂြိဳင္းယား ကိုယ္တိုင္ကလည္း အမွားအယြင္းေတြ

မၾကာခဏ ျပဳလုပ္ေနေလ့ ရွိပါတယ္။

အိုဝင္က “မက္ဂြိဳင္းယားမွာ အေၾကာက္တရားေတြ ရွိေနတယ္လို႔

ကြၽန္ေတာ္ ခံစားေနရပါတယ္။ သူ႔ရဲ႕ ကစားပုံက အေတာ္ေလးကို

ရွက္စရာေကာင္းပါတယ္။ သူက လ်င္ျမန္မႈ မရွိေတာ့သလို

ၿပီးခဲ့တဲ့ ပြဲမွာလည္း ဘေရာ္ဂ်ာရဲ႕ လွည့္စားမႈကို ခပ္လြယ္လြယ္ပဲ ခံခဲ့ရပါတယ္။

သူက အမွားတစ္ခု လုပ္ၿပီးရင္ အဲဒီအမွားကို ျပန္လည္ ျပင္ဆင္ဖို႔ မေျပာနဲ႔

ေနာက္ထပ္ အမွားေတြကို ဆက္ၿပီး က်ဴးလြန္ဖို႔ အဆင္သင့္ ျဖစ္ေနသလိုပါပဲ။

သူနဲ႔ ဘေရာ္ဂ်ာရဲ႕ ျဖစ္ရပ္က ပင္နယ္တီ ေပးသင့္တဲ့ ျဖစ္ရပ္တစ္ခု

မဟုတ္ေပမယ့္လည္း သူ႔ရဲ႕ တုံံ့ျပန္ပုံက အေတာ္ေလး ဆိုး႐ြားေနပါတယ္။

သူ႔ရဲ႕ အဓိက ျပႆနာက လ်င္ျမန္မႈ မရွိတာပါ။

ေပးလိုက္ရတဲ့ ေပးဂိုးမွာဆိုရင္လည္း သူသာ ျမန္ေနမယ္ ဆိုရင္

ေနရာလြတ္ေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ရွိေနေပမယ့္

သူကေတာ့ ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္ေနခဲ့ပါတယ္။

ဒါေၾကာင့္ သူ႔ကို ပြဲထြက္ခြင့္ ေပးေနမယ္ ဆိုရင္ အမွားႀကီး တစ္ခု

က်ဴးလြန္မိသလို ျဖစ္ေနပါလိမ့္မယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။