
နည်းပြသစ် ရန်းနစ်ရဲ့ ပထမဆုံးပွဲဟာ တိုက်စစ်ဖိအားပေးပုံစံနဲ့
ပရိသတ်တွေသဘောကျခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
ပွဲထွက် ကစားသမားစာရင်းဟာ အာဆင်နယ်နဲ့ပွဲက
အသင်းလူစာရင်းကိုပဲ ဆက်လက် ပွဲထုတ်ခဲ့ပါတယ်။
ကစားကွက်မှာလည်း ယူနိုက်တက်ရဲ့ ၄-၂-၃-၁ အထိုင်ကိုပဲ
ဆက်လက် သုံးစွဲခဲ့တာဖြစ်ပေမယ့် ပွဲအတွင်းမှာ
၄-၂-၂-၂ကို ပြောင်းလဲသုံးသွားခဲ့သလို နည်းစနစ်အပိုင်းမှာလည်း
ယူနိုက်တက်ဟာ အရင်ပွဲတွေနဲ့မတူဘဲ ပြိုင်ဘက်ဆီက ဘောလုံးပြန်ဆယ်နိုင်အောင်
ကြိုးစားခဲ့တဲ့အပိုင်းမှာတော့ မြင်သာတဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားတွေဟာ ဘောလုံးရချိန်တိုင်းမှာလည်း
တိုက်စစ်ကို အလျင်မြန်ဆုံး ပြန်လည်စတင်နိုင်ခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး
ပဲလေ့စ် ဘက်ကို ဖိအားပေးကစားသွားခဲ့ပါတယ်။
ရော်နယ်ဒို နဲ့ချိတ်ဆက်ထားတဲ့ တိုက်စစ်ပိုင်းက အားရစရာမရှိသေးပေမယ့်
ဖိအားပေးတိုက်စစ်ကစားဟန်ပြောင်းလဲခဲ့တာကတော့
ယူနိက်တက်ပရိသတ်တွေ သဘောကျခဲ့မှာ အသေအချာပါပဲ။
ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှုများခဲ့ပြီး ပဲလေ့စ်ရဲ့ ဂိုးဧရိယာတဝိုက်မှာ
ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲကို ဦးဆောင်နိုင်ဖို့ အဓိကကျတဲ့
သွင်းဂိုးရဖို့အတွက်တော့ အတော့်ကို ရုန်းကန်ခဲ့ရပါတယ်။
ပဲလေ့စ်ကလည်း ဇာဟာကိုသာ အဓိကထားပြီး တန်ပြန်တိုက်စစ်နဲ့
ဂိုးသွင်းနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်ရဲ့ခံစစ်ပိုင်းကို မကျော်နိုင်ခဲ့ပါဘူး။
ရန်းနစ်ရဲ့ နည်းစနစ်မှာ ဒါလော့ခ်နဲ့ ဖရက်ဒ် တို့ဟာ အံ့ဝင်စွာ ကစားနိုင်ခဲ့ကြသလို
ဖရက်ဒ်က တော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ပွဲချိန်တစ်လျှောက်လုံး ဖရက်ဒ်ဟာ အမှားအယွင်းမရှိပဲ
ကွင်းလယ်မှာ ပုံမှန်ခြေစွမ်းပြနိုင်ခဲ့ပြီး ပဲလေ့စ်ရဲ့
တိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားပေးနိုင်ခဲ့သလို အရေးပါတဲ့
ဦးဆောင်ဂိုးကိုလည်း ဂရင်းဝုဒ်ရဲ့ ပေးပို့မှုကတစ်ဆင့် ဂိုးဧရိယာထိပ်ကနေ
ညာခြေနဲ့လှလှပပကန်သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဖရက်ရဲ့သွင်းဂိုးဟာ ရန်းနစ်ရဲ့ လူစားလဲလှယ်မှု မှန်ကန်ခဲ့တာကြောင့်
ရရှိခဲ့တာလို့ ပြောလို့ရနိုင်သလို နည်းပြသစ်က
လူစားလဲလှယ်ဖို့အတွက် သိပ်မတွန့်ဆုတ်ခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။
ဆန်ချို၊ ရက်ဖိုဒ် တို့ကို လူစားလဲလှယ်ခဲ့ပြီး ဂရင်းဝုဒ်၊ အီလန်ဂါတို့
လူစားဝင်လာပြီးနောက် အသင်းအတွက် အရေးပါတဲ့
သွင်းဂိုးကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန် (၇၇)မိနစ်မှာ ဂိုးသွင်းခံရပြီးနောက်မှာတော့ ပဲလေ့စ်တို့ဟာ
ခံစစ်ကစားနေရာကနေ ချေပဂိုးသွင်းနိုင်ဖို့ကို အစွမ်းကုန်အားထုတ်ခဲ့ပေမယ့်
ဒီဂီယာတို့ရဲ့ ယူနိုက်တက်ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ နည်းပြ ရန်းနစ်ရဲ့
ပွဲဦးထွက်ဟာလည်း နိုင်ပွဲနဲ့ စတင်နိုင်ခဲ့သလို ခံစစ်ကလည်း
ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တာကြောင့်
ယူနိုက်တက် ပရိသတ်တွေစိတ်ကျေနပ်စရာကောင်းခဲ့တဲ့ပွဲဖြစ်မယ်လို့ဆိုချင်ပါတယ်။
zawgyi
ယူႏိုက္တက္ ပရိသတ္ေတြစိတ္ေက်နပ္စရာေကာင္းခဲ့တဲ့ နည္းျပသစ္ရဲ႕ ႏိုင္ပြဲ
နည္းျပသစ္ ရန္းနစ္ရဲ႕ ပထမဆုံးပြဲဟာ တိုက္စစ္ဖိအားေပးပုံစံနဲ႔
ပရိသတ္ေတြသေဘာက်ခဲ့တဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။
ပြဲထြက္ ကစားသမားစာရင္းဟာ အာဆင္နယ္နဲ႔ပြဲက
အသင္းလူစာရင္းကိုပဲ ဆက္လက္ ပြဲထုတ္ခဲ့ပါတယ္။
ကစားကြက္မွာလည္း ယူႏိုက္တက္ရဲ႕ ၄-၂-၃-၁ အထိုင္ကိုပဲ
ဆက္လက္ သုံးစြဲခဲ့တာျဖစ္ေပမယ့္ ပြဲအတြင္းမွာ
၄-၂-၂-၂ကို ေျပာင္းလဲသုံးသြားခဲ့သလို နည္းစနစ္အပိုင္းမွာလည္း
ယူႏိုက္တက္ဟာ အရင္ပြဲေတြနဲ႔မတူဘဲ ၿပိဳင္ဘက္ဆီက ေဘာလုံးျပန္ဆယ္ႏိုင္ေအာင္
ႀကိဳးစားခဲ့တဲ့အပိုင္းမွာေတာ့ ျမင္သာတဲ့ အေျပာင္းအလဲ ျဖစ္ခဲ့ပါတယ္။
ယူႏိုက္တက္ကစားသမားေတြဟာ ေဘာလုံးရခ်ိန္တိုင္းမွာလည္
း တိုက္စစ္ကို အလ်င္ျမန္ဆုံး ျပန္လည္စတင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္တစ္ေလွ်ာက္လုံး
ပဲေလ့စ္ ဘက္ကို ဖိအားေပးကစားသြားခဲ့ပါတယ္။
ေရာ္နယ္ဒို နဲ႔ခ်ိတ္ဆက္ထားတဲ့ တိုက္စစ္ပိုင္းက အားရစရာမရွိေသးေပမယ့္
ဖိအားေပးတိုက္စစ္ကစားဟန္ေျပာင္းလဲခဲ့တာကေတာ့
ယူနိက္တက္ပရိသတ္ေတြ သေဘာက်ခဲ့မွာ အေသအခ်ာပါပဲ။
ယူႏိုက္တက္ဟာ ေဘာလုံးပိုင္ဆိုင္မႈမ်ားခဲ့ၿပီး ပဲေလ့စ္ရဲ႕ ဂိုးဧရိယာတဝိုက္မွ
ာ ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္ ပြဲကို ဦးေဆာင္ႏိုင္ဖို႔ အဓိကက်တဲ့
သြင္းဂိုးရဖို႔အတြက္ေတာ့ အေတာ့္ကို ႐ုန္းကန္ခဲ့ရပါတယ္။
ပဲေလ့စ္ကလည္း ဇာဟာကိုသာ အဓိကထားၿပီး တန္ျပန္တိုက္စစ္နဲ႔
ဂိုးသြင္းႏိုင္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ခံစစ္ပိုင္းကို မေက်ာ္ႏိုင္ခဲ့ပါဘူး။
ရန္းနစ္ရဲ႕ နည္းစနစ္မွာ ဒါေလာ့ခ္နဲ႔ ဖရက္ဒ္ တို႔ဟာ အံ့ဝင္စြာ ကစားႏိုင္ခဲ့ၾကသလို
ဖရက္ဒ္က ေတာ္ေတာ္ေလးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ဒီေန႔ပြဲမွာ ပြဲခ်ိန္တစ္ေလွ်ာက္လုံး ဖရက္ဒ္ဟာ အမွားအယြင္းမရွိပဲ
ကြင္းလယ္မွာ ပုံမွန္ေျခစြမ္းျပႏိုင္ခဲ့ၿပီး ပဲေလ့စ္ရဲ႕
တိုက္စစ္လမ္းေၾကာင္းေတြကို ဟန႔္တားေပးႏိုင္ခဲ့သလို အေရးပါတဲ့
ဦးေဆာင္ဂိုးကိုလည္း ဂရင္းဝုဒ္ရဲ႕ ေပးပို႔မႈကတစ္ဆင့္ ဂိုးဧရိယာထိပ္ကေန
ညာေျခနဲ႔လွလွပပကန္သြင္းယူေပးႏိုင္ခဲ့ပါတယ္။
ဖရက္ရဲ႕သြင္းဂိုးဟာ ရန္းနစ္ရဲ႕ လူစားလဲလွယ္မႈ မွန္ကန္ခဲ့တာေၾကာင့္
ရရွိခဲ့တာလို႔ ေျပာလို႔ရႏိုင္သလို နည္းျပသစ္က
လူစားလဲလွယ္ဖို႔အတြက္ သိပ္မတြန႔္ဆုတ္ခဲ့တာကိုလည္းေတြ႕ခဲ့ရပါတယ္။
ဆန္ခ်ိဳ၊ ရက္ဖိုဒ္ တို႔ကို လူစားလဲလွယ္ခဲ့ၿပီး ဂရင္းဝုဒ္၊ အီလန္ဂါတို႔
လူစားဝင္လာၿပီးေနာက္ အသင္းအတြက္ အေရးပါတဲ့
သြင္းဂိုးကိုရရွိခဲ့တာလည္းျဖစ္ပါတယ္။
ပြဲခ်ိန္ (၇၇)မိနစ္မွာ ဂိုးသြင္းခံရၿပီးေနာက္မွာေတာ့ ပဲေလ့စ္တို႔ဟာ
ခံစစ္ကစားေနရာကေန ေခ်ပဂိုးသြင္းႏိုင္ဖို႔ကို အစြမ္းကုန္အားထုတ္ခဲ့ေပမယ့္
ဒီဂီယာတို႔ရဲ႕ ယူႏိုက္တက္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ပါဘူး။ နည္းျပ ရန္းနစ္ရဲ႕
ပြဲဦးထြက္ဟာလည္း ႏိုင္ပြဲနဲ႔ စတင္ႏိုင္ခဲ့သလို ခံစစ္ကလည္း
ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္တာေၾကာင့္
ယူႏိုက္တက္ ပရိသတ္ေတြစိတ္ေက်နပ္စရာေကာင္းခဲ့တဲ့ပြဲျဖစ္မယ္လို႔ဆိုခ်င္ပါတယ္။