
အဲရစ်တန်ဟက်ဟာ သူ့ရဲ့ ဘာသာစကား ကျွမ်းကျင်မှု တိုးတက်လာစေဖို့
အင်္ဂလိပ်စာ သင်တန်းတွေ တက်နေတာက ဒီနွေရာသီမှာ
ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူရနိုင်တယ်ဆိုတဲ့
ကောလာဟလတွေကို ပိုမို ခိုင်မာလာစေခဲ့ပြီ ဖြစ်ပါတယ်။
ရန်းနစ်ခ်ဟာ မကြာခင် ကလပ်မှာ အတိုင်ပင်ခံ ရာထူးကို
ပြောင်းရွှေ့ရယူမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ
လမ်းဟောင်း မလိုက်တဲ့ နည်းပြသစ်တစ်ယောက် ခန့်အပ်ဖို့
စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြသစ်ဖြစ်လာဖို့ အတွက် အေဂျက်စ်နည်းပြ
အဲရစ်တန်ဟက်နဲ့ စပါး အသင်းနည်းပြ ပိုချက်တီနို တို့က
ထိပ်ဆုံးကနေ ရေပန်းစားနေတာပါ။ရီးရဲလ်နည်းပြ အန်ဆယ်လော့တီနဲ့
ဘရိုက်တန် နည်းပြ ပေါလ်တာ တို့ကလည်း
အသင်းနည်းပြဖြစ်လာဖို့ ချိတ်ဆက်ခံနေရတာဖြစ်ပါတယ်။
အဲရစ်တန်ဟက် ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်နည်းပြဖြစ်လာနိုင်မယ့်
စပါး အသင်း က ကမ်းလှမ်းတာကို ပယ်ချခဲ့ပြီး
အေဂျက်စ် အသင်းမှာပဲ ဆက်ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အချိန်တွေက ပြောင်းလဲသွားခဲ့ပြီး အဲရစ်တန်ဟက် ဟာ
ယူနိုက်တက် ကို ကိုင်တွယ်ချင်နေတာပါ။
အဲရစ်တန်ဟက် ဟာ ယူနိုက်တက် အသင်းက သူ့ကို မရွေးချယ်ဘူးဆိုရင်
အခြား ပရီးမီးယားလိဂ် တစ်သင်းကို ကိုင်တွယ်ဖို့ လမ်းဖွင့်ထားတာပါ။
အဲရစ်တန်ဟက် ဟာ မန်ချက်စတာကလပ်ကို လာခဲ့မယ်ဆိုရင်
သူ့ရဲ့လက်ထောက် ဗန်ဒါဂတ်ကို ပါခေါ်ဆောင်လာဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
zawgyi
ယူနိုက်တက် နည်းပြထိုင်ခုံမှာထိုင်ဖို့များ အင်္ဂလိပ်စာ သင်နေတာလား အဲရစ်တန်ဟက်