ယူနိုက်တက် ခြေစွမ်းကျဆင်းမှုရဲ့ အစကို  ဖွင့်ဟလာတဲ့ ရွန်းနီ

ယူနိုက်တက် ခြေစွမ်းကျဆင်းမှုရဲ့ အစမှာ ၂၀၀၉ နွေရာသီတွင် ရော်နယ်ဒိုနှင့်

တေးဗက်ဇ်တို့ အသင်းမှ ထွက်ခွာသွားခြင်းကြောင့်

ယူဆကြောင်း ရွန်းနီက ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူးများဖြစ်တဲ့

အဲဒီနှစ်ဦးဟာ ရီးရဲလ်မက်ဒရစ်နှင့် မန်စီးတီး အသင်းများသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းတို့ထွက်ခွာသွားပြီးနောက် ဖာဂူဆန်ရဲ့ အသင်းဟာ

ပရီးမီးယားလိဂ် ချန်ပီယံဆု ရခဲ့သေးပါတယ်။

ရွန်းနီက “၂၀၀၉ မှာ ရော်နယ်ဒိုနဲ့ တေးဗက်ဇ် အသင်းက

ထွက်ခွာသွားတယ်။ယူနိုက်တက်က ရှေ့မတိုးနိုင်ဘဲ နောက်ဆုတ်သွားတယ်။

ဒါကိုကျွန်တော်မြင်လို့အဲဒီအချိန်က မေးခွန်းတွေ ထုတ်ခဲ့တာပါ။

၂၀၁၁ လောက်မှာ အချိန်တွေက သိသာလာတယ်။

အဲဒီကစခဲ့တဲ့ ကျဆင်းမှုကို အခုအချိန်ထိ အဖတ်မဆယ်နိုင်သေးဘူး။”

“၂၀၁၃ မှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အသင်းက သိပ်မကောင်းတော့ဘူး။

ချန်ပီယံ ဖြစ်ခဲ့ရတာတောင် အံ့ဩစရာကောင်းတယ်လို့

ကျွန်တော် ထင်ပါတယ်”လို့ ပြောဆိုပါတယ်။

ရွန်းနီဟာ ၂၀၁၄ တွင် ဖာဒီနန်၊ ဗီဒစ်နှင့် ရွိုင်ယန်ဂစ်တို့

အနားယူသွားပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ တွင် ယူနိုက်တက်အတွက် နောက်ဆုံးကစားတဲ့ ပွဲတွင်

အသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား ရရှိခဲ့ပါတယ်။

အဲဒီနောက် အဲဗာတန်၊ ဒီစီယူနိုက်တက်နှင့် ဒါဘီ အသင်းများသို့

ပြောင်းရွှေ့ခဲ့ပြီးကစားသမားဘဝမှ အနားယူသွားပြီးနောက်

ဒါဘီအသင်းရဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ ေျခစြမ္းက်ဆင္းမႈရဲ႕ အစကို  ဖြင့္ဟလာတဲ့ ႐ြန္းနီ

ယူႏိုက္တက္ ေျခစြမ္းက်ဆင္းမႈရဲ႕ အစမွာ ၂၀၀၉ ေႏြရာသီတြင္ ေရာ္နယ္ဒိုႏွင့္

ေတးဗက္ဇ္တို႔ အသင္းမွ ထြက္ခြာသြားျခင္းေၾကာင့္

ယူဆေၾကာင္း ႐ြန္းနီက ေျပာဆိုလိုက္ပါတယ္။

ယူႏိုက္တက္ရဲ႕ အဓိကတိုက္စစ္မႉးမ်ားျဖစ္တဲ့

အဲဒီႏွစ္ဦးဟာ ရီးရဲလ္မက္ဒရစ္ႏွင့္ မန္စီးတီး အသင္းမ်ားသို႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

၎တို႔ထြက္ခြာသြားၿပီးေနာက္ ဖာဂူဆန္ရဲ႕ အသင္းဟာ

ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ရခဲ့ေသးပါတယ္။

႐ြန္းနီက “၂၀၀၉ မွာ ေရာ္နယ္ဒိုနဲ႔ ေတးဗက္ဇ္ အသင္းက

ထြက္ခြာသြားတယ္။ယူႏိုက္တက္က ေရွ႕မတိုးႏိုင္ဘဲ ေနာက္ဆုတ္သြားတယ္။

ဒါကိုကြၽန္ေတာ္ျမင္လို႔အဲဒီအခ်ိန္က ေမးခြန္းေတြ ထုတ္ခဲ့တာပါ။

၂၀၁၁ ေလာက္မွာ အခ်ိန္ေတြက သိသာလာတယ္။

အဲဒီကစခဲ့တဲ့ က်ဆင္းမႈကို အခုအခ်ိန္ထိ အဖတ္မဆယ္ႏိုင္ေသးဘူး။”

“၂၀၁၃ မွာ ခ်န္ပီယံ ျဖစ္ခဲ့ေပမယ့္ အသင္းက သိပ္မေကာင္းေတာ့ဘူး။

ခ်န္ပီယံ ျဖစ္ခဲ့ရတာေတာင္ အံ့ဩစရာေကာင္းတယ္လို႔

ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာဆိုပါတယ္။

႐ြန္းနီဟာ ၂၀၁၄ တြင္ ဖာဒီနန္၊ ဗီဒစ္ႏွင့္ ႐ြိဳင္ယန္ဂစ္တို႔

အနားယူသြားၿပီးေနာက္ ယူႏိုက္တက္အသင္းေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။

၂၀၁၇ တြင္ ယူႏိုက္တက္အတြက္ ေနာက္ဆုံးကစားတဲ့ ပြဲတြင္

အသင္းႏွင့္အတူ ယူ႐ိုပါလိဂ္ဖလား ရရွိခဲ့ပါတယ္။

အဲဒီေနာက္ အဲဗာတန္၊ ဒီစီယူႏိုက္တက္ႏွင့္ ဒါဘီ အသင္းမ်ားသို႔

ေျပာင္းေ႐ႊ႕ခဲ့ၿပီးကစားသမားဘဝမွ အနားယူသြားၿပီးေနာက္

ဒါဘီအသင္းရဲ႕ နည္းျပ ျဖစ္လာခဲ့ပါတယ္။