ယူနိုက်တက်အသင်း ဟာလန်းကိုခေါ်ယူဖို့ လက်လျှော့လိုက်ပြီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ

ဒေ့ါမွန်အသင်းနာမည်ကျော်တိုက်စစ်မှူးဟာလန်းကိုခေါ်ယူဖို့

ကြိုးပမ်းနေမှုအပေါ် လက်လျှော့လိုက်ပြီဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။

နော်ဝေလူငယ်တိုက်စစ်မှူးဟာလန်းရဲ့ စာချုပ်လျော်ကြေးက

လာမယ့်နွေရာသီအပြောင်းအရွှေ့ကျရင်

ပေါင်(၆၄)သန်းသာရှိတော့မှာဖြစ်လို့ ဥရောပထိပ်သီးကလပ်တွေက

ဟာလန်းကို အပြိုင်အဆိုင်ခေါ်ယူဖို့ပြင်ဆင်နေကြပြီး

ဟာလန်းအနေနဲ့ ရာသီကုန်ကျရင် ဒေ့ါမွန်အသင်းကနေ

ထွက်ခွာမယ့်အရိပ်အယောင်ရှိနေပါတယ်။

ဒေ့ါမွန်ကစားသမားဘဝ (၂)နှစ်တာကာလအတွင်း (၇၈)ပွဲကစား၊

(၇၉)ဂိုးသွင်းထားတဲ့ ဟာလန်းကို မန်စီးတီး၊ ချယ်လ်ဆီး၊ ရီးယဲလ်၊

ဘာစီလိုနာတို့အပါအဝင် ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြတာပါ။

ဒါပေမဲ့ ဟာလန်းရဲ့အဓိကဦးစားပေးကလပ်က

ရီးယဲလ်အသင်းဖြစ်တယ်ဆိုတဲ့သတင်းတွေကြားသိလိုက်ရပြီးချိန်မှာ

ယူနိုက်တက်အသင်း လာမယ့်နွေရာသီကျရင်

ဟာလန်းကို ကြိုးပမ်းမယ့်ကိစ္စကို လက်လျှော့လိုက်တာဖြစ်တယ်လို့

ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်တိုက်စစ်ပိုင်းမှာလည်း

စီရော်နယ်လ်ဒို၊ ကာဗာနီ၊ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်၊ အီလန်ဂါ၊ ဂရင်းဝုဒ်၊ ဆန်ချိုစတဲ့

အရည်အသွေးမြင့်ကစားသမားတွေရှိနေပြီး

ဒီထဲက တချို့ကတော့ အသင်းနဲ့လမ်းခွဲဖို့ရှိနေပါတယ်။

ရီးယဲလ်အသင်းဟာ အသင်းမှာ အသက်အရွယ်ရလာပြီဖြစ်တဲ့

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဘန်ဇီမာရဲ့နေရာမှာ အစားထိုးဖို့အတွက်

ဟာလန်းကိုခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရာသီကုန်ကျရင်

PSG အသင်းနာမည်ကျော်ကစားသမားဘာပေကို အလွတ်နဲ့ခေါ်ယူနိုင်ဖို့ရှိနေပါပြီ။

zawgyi

ယူႏိုက္တက္အသင္း ဟာလန္းကိုေခၚယူဖို႔ လက္ေလွ်ာ့လိုက္ၿပီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ

ေဒ့ါမြန္အသင္းနာမည္ေက်ာ္တိုက္စစ္မႉးဟာလန္းကိုေခၚယူဖို႔

ႀကိဳးပမ္းေနမႈအေပၚ လက္ေလွ်ာ့လိုက္ၿပီျဖစ္တယ္လို႔ သတင္းထြက္ေနပါတယ္။

ေနာ္ေဝလူငယ္တိုက္စစ္မႉးဟာလန္းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးက

လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕က်ရင္

ေပါင္(၆၄)သန္းသာရွိေတာ့မွာျဖစ္လို႔ ဥေရာပထိပ္သီးကလပ္ေတြက

ဟာလန္းကို အၿပိဳင္အဆိုင္ေခၚယူဖို႔ျပင္ဆင္ေနၾကၿပီး

ဟာလန္းအေနနဲ႔ ရာသီကုန္က်ရင္ ေဒ့ါမြန္အသင္းကေန

ထြက္ခြာမယ့္အရိပ္အေယာင္ရွိေနပါတယ္။

ေဒ့ါမြန္ကစားသမားဘဝ (၂)ႏွစ္တာကာလအတြင္း (၇၈)ပြဲကစား၊

(၇၉)ဂိုးသြင္းထားတဲ့ ဟာလန္းကို မန္စီးတီး၊ ခ်ယ္လ္ဆီး၊ ရီးယဲလ္၊

ဘာစီလိုနာတို႔အပါအဝင္ ဥေရာပထိပ္သီးအသင္းေတြက ပစ္မွတ္ထားေနၾကတာပါ။

ဒါေပမဲ့ ဟာလန္းရဲ႕အဓိကဦးစားေပးကလပ္က

ရီးယဲလ္အသင္းျဖစ္တယ္ဆိုတဲ့သတင္းေတြၾကားသိလိုက္ရၿပီးခ်ိန္မွာ

ယူႏိုက္တက္အသင္း လာမယ့္ေႏြရာသီက်ရင္

ဟာလန္းကို ႀကိဳးပမ္းမယ့္ကိစၥကို လက္ေလွ်ာ့လိုက္တာျဖစ္တယ္လို႔

ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္တိုက္စစ္ပိုင္းမွာလည္း

စီေရာ္နယ္လ္ဒို၊ ကာဗာနီ၊ မာစီယဲလ္၊ ရပ္ရွ္ဖို႔ဒ္၊ အီလန္ဂါ၊ ဂရင္းဝုဒ္၊ ဆန္ခ်ိဳစတဲ့

အရည္အေသြးျမင့္ကစားသမားေတြရွိေနၿပီး

ဒီထဲက တခ်ိဳ႕ကေတာ့ အသင္းနဲ႔လမ္းခြဲဖို႔ရွိေနပါတယ္။

ရီးယဲလ္အသင္းဟာ အသင္းမွာ အသက္အ႐ြယ္ရလာၿပီျဖစ္တဲ့

ျပင္သစ္ဝါရင့္တိုက္စစ္မႉးဘန္ဇီမာရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္

ဟာလန္းကိုေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ရာသီကုန္က်ရင္

PSG အသင္းနာမည္ေက်ာ္ကစားသမားဘာေပကို အလြတ္နဲ႔ေခၚယူႏိုင္ဖို႔ရွိေနပါၿပီ။