
မော်ရစ်ဆင် မျှဝေခဲ့တဲ့ ဓါတ်ပုံတစ်ခုမှာတော့ အကယ်ဒမီထွက်
လင်ဂတ်တစ်ယောက်လည်းပါပါတယ်။
မော်ရစ်ဆင်နဲ့ လင်ဂတ်တို့ဟာ FA Youth ဖလား
ရယူနိုင်ခဲ့တဲ့ အမှတ်တရတွေလည်း ရှိပါတယ်။
မော်ရစ်ဆင် နဲ့ လင်ဂတ်တို့ ဟာ ကလေးဘ၀ ကတည်းက သူငယ်ချင်းတွေပါ။
ဓါတ်ပုံထဲမှာ မော်ရစ်ဆင်နဲ့ လင်ဂတ်တို့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့
အပြုံးအရယ်တွေကို မြင်ရမှာဖြစ်ပြီး၊ လင်ဂတ်က မော်ရစ်ဆင်ကို ဖက်ထားပါတယ်။
ဓါတ်ပုံနဲ့ အတူ တွေ့ရတဲ့ စာသားကတော့
“အစကတည်းက ကျွန်တော့်ညီကို” ဆိုတဲ့ စာသားပါ။
လင်ဂတ်ကလည်း သူ့ရဲ့ Follower 9.4 သန်းကျော်ရှိတဲ့
အင်စတာဂရမ်အကောင့်ကနေ ဒီပိုစ်ကို ပြန်လည် မျှဝေထားပါတယ်။
သူတို့နှစ်ဦးလုံးဟာ ယူနိုက်တက် လူငယ်အကယ်ဒမီကနေ အလားအလာရှိတဲ့
လူငယ်ကစားသမားတွေဖြစ်ခဲ့ကြသလို ပရော်ဖက်ရှင်နယ်
ကစားသမားတွေအဖြစ် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
မော်ရစ်ဆင်ဟာ လူငယ်အဆင့်တွုန်းက အင်္ဂလန်အသင်းကို
ကိုယ်စားပြုပြီး ကစားခဲ့ပေမယ့် ယခုအခါမှာတော့
ဂျမေကာနိုင်ငံရဲ့ လက်ရွေးစင်ကစားသမားဖြစ်နေပပါပြီ။
မော်ရစ်ဆင်ကို ယူနိုက်တက် အသင်းဟာ ၂၀၀၉ ခုနှစ်မှာ စတင် ခေါ်ယူခဲ့တာဖြစ်ပြီး
အသင်းလူငယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့ ပထမအသင်းကြီး လူစာရင်း ပွဲထွက်ပါဝင်လာမှုကိုတော့ ယူနိုက်တက်အသင်းက
သူ့ကို ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ပြီး နောက်တစ်နှစ် ၂၀၁၀ ခုနှစ်
ဖေဖော်ဝါရီလ ၂ ရက်နေ့ သူ့အသက် ၁၇ မှာ စတင် ပါဝင်ခွင့်ရရှိခဲ့တာပါ။
ဘောလုံးလောက ရဲ့ ဖြစ်နေကျ အစဉ်အလာတစ်ခု အရ
မော်ရစ်ဆင် ဟာ ယူနိုက်တက်အသင်းမှာအဆင်မပြေမှုများဖြစ်ပွားခဲ့ပြီးနောက်
၂၀၁၂ ခုနှစ်မှာ ဝက်စ်ဟမ်း အသင်း သို့ပြောင်းရွေ့သွားပြီး
ထို့နောက် စီးရီးအေ ကလပ် လာဇီယိုမှာ ၃ နှစ် ကစားခဲ့ရပါတယ်။
အင်္ဂလန် လူငယ်အသင်း လက်ရွေးစင်ဟောင်း ဟာ
သူ့ရဲ့ ကစားသမားဘဝ တော်တော်များများကို
အငှားဖြင့်သာ ကုန်ဆုံးနေခဲ့ရတာများပြီး
အခုနောက်ဆုံး ဒါဘီ အသင်းမှာ ကစားနေပါတယ်။
zawgyi
ယူနိုက်တက်အသင်းအတွက် FA Youth ဖလားကိုရယူပေးနိုင်ခဲ့တဲ့ မော်ရစ်ဆင် မျှဝေခဲ့တဲ့ အမှတ်တရ ပုံရိပ်တစ်ခု