ယူနိုက်တက်အသင်းက ခေါင်းကြီးတို့ သွေးတက်အောင် ကြိုးစားပြလိုက်တဲ့ သရဲနီပေါက်စ

ယူနိုက်တက် ကြယ်ပွင့်လေးကတော့ အိုးထရက်ဖို့ကို

ခဏ စွန့်ခွာ ပြီးပြီးချင်းမှာပဲ အသင်းက

ခေါင်းကြီးတို့ သွေးတက်အောင် ကြိုးစားပြလိုက်ပြန်ပါတယ်။

ယူနိုက်တက်ကနေ ရိန်းဂျားထံ ရာသီဝက် အငှားနဲ့

ပြောင်းရွှေ့ ကစားနေတဲ့ လူငယ်ကြယ်ပွင့် အာမတ် ဒီယာလိုဟာ

ရိုစ် ကန်းထရီးနဲ့ ရိန်းဂျား ပွဲစဉ်မှာ ရိန်းဂျား ကစားသမား ဘဝ

ပွဲဦးထွက်ပွဲ အဖြစ် ပါဝင် ကစားခွင့်ရခဲ့ပါတယ်။

အဲဒီပွဲမှာတော့ အာမတ် ဒီယာလိုဟာ ပွဲအစ ၅မိနစ်မှာတင်

ရိန်းဂျားအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး

အဆိုပါသွင်းဂိုးကြောင့်ပဲ ဒီယာလိုဟာ ရိန်းဂျားအသင်းရဲ့ သမိုင်းတလျှောက်

ပွဲဦးထွက်မှာတင် အမြန်ဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့

ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီယာလိုဟာ အသင်းဖော် အာရီဘိုရဲ့ တောင်ပံကနေ ဖြတ်တင်ပေးမှုကို

ကွင်းလယ်ကနေ တောက်လျှောက် ပြေးလိုက်ရင်း ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ကတော့ တစ်ဖက်ကို ၃ ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။

အဲဒီပွဲမှာ တောင်ပံကစားသမား ဒီယာလိုက (65)မိနစ်အထိကစားခဲ့ ပါတယ်။

တောင်ပံတိုက်စစ်သမားဟာ ပရီးမီးယားလိဂ်ကလပ်အတွက်

၉ ပွဲ ကစားထားရာမှာ သွင်းဂိုး ၁ ဂိုး ရယူပေးထားသူဖြစ်ပါတယ်။

အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ တိုက်စစ်သမားကို အင်္ဂလန်မြေမှာ

ပွဲကစားခွင့်တွေနဲ့အတူ အသားကျလာဖို့အတွက်

စကေ့ာ ထိပ်သီးအသင်းထံ အငှားထွက်စေခဲ့တာဖြစ်ပါတယ်။

”ရာသီကုန်ထိ ရိန်းဂျားအသင်းမှာ အငှားလာကစားရတာကို ကျေနပ်မိပါတယ်။

ကျွန်တော်ကစားသမားဘဝမှာ တိုက်စစ်ပိုင်း စိန်ခေါ်မှုတွေများတဲ့

ဒီလို ကလပ်အသင်းကြီးအတွက် ကစားပေးရမှာကို

သိပ်ကောင်းတယ်လို့ ထင်မိပါတယ်။” ဆိုပြီး

ဒီယာလိုက အငှားထွက်ရတဲ့ ခံစားချက်ကို ပြောထားပါတယ်။

zawgyi

ယူႏိုက္တက္အသင္းက ေခါင္းႀကီးတို႔ ေသြးတက္ေအာင္ ႀကိဳးစားျပလိုက္တဲ့ သရဲနီေပါက္စ

ယူႏိုက္တက္ ၾကယ္ပြင့္ေလးကေတာ့ အိုးထရက္ဖို႔ကို

ခဏ စြန႔္ခြာ ၿပီးၿပီးခ်င္းမွာပဲ အသင္းက

ေခါင္းႀကီးတို႔ ေသြးတက္ေအာင္ ႀကိဳးစားျပလိုက္ျပန္ပါတယ္။

ယူႏိုက္တက္ကေန ရိန္းဂ်ားထံ ရာသီဝက္ အငွားနဲ႔

ေျပာင္းေ႐ႊ႕ ကစားေနတဲ့ လူငယ္ၾကယ္ပြင့္ အာမတ္ ဒီယာလိုဟာ

႐ိုစ္ ကန္းထရီးနဲ႔ ရိန္းဂ်ား ပြဲစဥ္မွာ ရိန္းဂ်ား ကစားသမား ဘဝ

ပြဲဦးထြက္ပြဲ အျဖစ္ ပါဝင္ ကစားခြင့္ရခဲ့ပါတယ္။

အဲဒီပြဲမွာေတာ့ အာမတ္ ဒီယာလိုဟာ ပြဲအစ ၅မိနစ္မွာတင္

ရိန္းဂ်ားအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး

အဆိုပါသြင္းဂိုးေၾကာင့္ပဲ ဒီယာလိုဟာ ရိန္းဂ်ားအသင္းရဲ႕ သမိုင္းတေလွ်ာက္

ပြဲဦးထြက္မွာတင္ အျမန္ဆုံး ဂိုးသြင္းႏိုင္ခဲ့တဲ့

ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒီယာလိုဟာ အသင္းေဖာ္ အာရီဘိုရဲ႕ ေတာင္ပံကေန ျဖတ္တင္ေပးမႈကို

ကြင္းလယ္ကေန ေတာက္ေလွ်ာက္ ေျပးလိုက္ရင္း ပိတ္သြင္းခဲ့တာ ျဖစ္ပါတယ္။

အဲဒီပြဲစဥ္ကေတာ့ တစ္ဖက္ကို ၃ ဂိုးစီနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

အဲဒီပြဲမွာ ေတာင္ပံကစားသမား ဒီယာလိုက (65)မိနစ္အထိကစားခဲ့ ပါတယ္။

ေတာင္ပံတိုက္စစ္သမားဟာ ပရီးမီးယားလိဂ္ကလပ္အတြက္

၉ ပြဲ ကစားထားရာမွာ သြင္းဂိုး ၁ ဂိုး ရယူေပးထားသူျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ တိုက္စစ္သမားကို အဂၤလန္ေျမမွာ

ပြဲကစားခြင့္ေတြနဲ႔အတူ အသားက်လာဖို႔အတြက္

စေက့ာ ထိပ္သီးအသင္းထံ အငွားထြက္ေစခဲ့တာျဖစ္ပါတယ္။

”ရာသီကုန္ထိ ရိန္းဂ်ားအသင္းမွာ အငွားလာကစားရတာကို ေက်နပ္မိပါတယ္။

ကြၽန္ေတာ္ကစားသမားဘဝမွာ တိုက္စစ္ပိုင္း စိန္ေခၚမႈေတြမ်ားတဲ့

ဒီလို ကလပ္အသင္းႀကီးအတြက္ ကစားေပးရမွာကို

သိပ္ေကာင္းတယ္လို႔ ထင္မိပါတယ္။” ဆိုၿပီး

ဒီယာလိုက အငွားထြက္ရတဲ့ ခံစားခ်က္ကို ေျပာထားပါတယ္။