ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တဲ့အသင်းတွေဟာ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်နေရတာ မန်စီးတီးလည်းပါဝင်မှာလား

ပြီးခဲ့တဲ့စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အဖြစ်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ

မန်စီးတီးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို (၂-၀)ဂိုးနဲ့အနိုင်ယူပြီး

ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၃)မှတ်အကွာ အဆင့်(၂)နေရာကိုရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ စိတ်ပျက်စရာကောင်းတဲ့ရလဒ်တွေနဲ့

ရင်ဆိုင်နေရသလို ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး(၄)ပွဲမှာလည်း ဗီလာ၊

လီဗာပူးလ်၊ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အဲဗာတန်နဲ့(၁-၁)ဂိုးစီ

သရေကျခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့နည်းစနစ်ပိုင်းအားနည်းမှု၊ ကစားသမားတွေရဲ့

နိုင်လိုစိတ်ပျောက်ဆုံးနေမှုတွေကြောင့် ယူနိုက်တက်အသင်း အခုလိုရှုံးပွဲတွေနဲ့

ရင်ဆိုင်နေရတာက သိပ်မဆန်းပေမယ့် အံ့အားသ့င်စရာကောင်းတာက ဒီရာသီမှာ

ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တဲ့အသင်းတွေဟာ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်နေရတာပါပဲ။

ယူနိုက်တက်အသင်းဟာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ်

ရှုံးပွဲအဖြစ် ဗီလာကို အိမ်ကွင်းမှာ(၁-၀)ဂိုးနဲ့ရှုံးခဲ့ပြီး အဲဒီပွဲနောက်ပိုင်း

ဗီလာအသင်း မထင်မှတ်လောက်အောင်ကို ရလဒ်တွေဆိုးရွားခဲ့သလို

ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက်အရေးနိမ့်ခဲ့တာကြောင့် နည်းပြဒင်းစမစ်ပါ

ရာထူးကအထုတ်ခံရတဲ့အထိဖြစ်သွားပါတယ်။ အဲဒီနောက် ယူနိုက်တက်အသင်းဟာ

လက်စတာကို (၄-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး လက်စတာအသင်းဟာ

ယူနိုက်တက်နဲ့ပွဲအပြီး ပရီးမီးယားလိဂ်(၃)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့တဲ့အပြင်

(၁)ပွဲရှုံး၊ (၁)ပွဲသရေကျခဲ့တာကြောင့် အခုလောလောဆယ် အမှတ်ပေးဇယားအဆင့်

(၁၂)အထိကျဆင်းသွားခဲ့ပါတယ်။ ဗီလာ၊ လက်စတာအသင်းတို့လို ယူနိုက်တက်ကို

အနိုင်ယူပြီးတဲ့နောက် အံ့အားသင့်စရာကောင်းအောင် ရလဒ်တွေယိမ်းယိုင်သွားတာကတော့

လီဗာပူးလ်အသင်းပါပဲ။ လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းကို

အိုးလ်ထရက်ဖို့ဒ်မှာ(၅-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်

အကြီးကျယ်ဆုံးနိုင်ပွဲရယူခဲ့ပေမယ့် အဲဒီနောက်ပိုင်း ရလဒ်တွေကျဆင်းသွားခဲ့တာပါ။

ယူနိုက်တက်ပွဲအပြီး ဘရိုက်တန်နဲ့ကစားခဲ့တဲ့အိမ်ကွင်းပွဲမှာ လီဗာပူးလ်အသင်း

(၂-၀)ဂိုးပြတ်ဦးဆောင်ပြီးတော့မှ ချေပဂိုးတွေပြန်ပေးလိုက်ရတဲ့အတွက်

သရေနဲ့သာကျေနပ်ခဲ့ရတဲ့အပြင် ပိုဆိုးတာက ပြီးခဲ့တဲ့တစ်ပတ်မှာ ဝက်စ်ဟမ်းအသင်းကို

(၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ ဒီရာသီပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီး အဆင့်(၄)နေရာ

ရောက်သွားပါတော့တယ်။ ဆိုးလ်ရှားဟာ ဘာအရည်အချင်းမှမရှိပေမယ့်

ဘုန်းကံကြီးမားတဲ့လူတစ်ယောက်များဖြစ်နေလားဆိုတာ သံသယဖြစ်စရာပါပဲ။

အခု ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တဲ့ မန်စီးတီးအသင်းရော ဗီလာ၊ လက်စတာ၊

လီဗာပူးလ်တို့လို မထင်မှတ်ဘဲ ရလဒ်တွေယိမ်းယိုင်သွားမလား.. ခြေစွမ်းကောင်းတွေ

ဆက်လက်ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ် ..

zawgyi

ယူႏိုက္တက္အသင္းကို အႏိုင္ယူခဲ့တဲ့အသင္းေတြဟာ ေနာက္ပိုင္းပြဲေတြမွာ ႐ုန္းကန္ေနရတာ မန္စီးတီးလည္းပါဝင္မွာလား

ၿပီးခဲ့တဲ့စေနေန႔က ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)အျဖစ္ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ

မန္စီးတီးအသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ယူၿပီး

ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔(၃)မွတ္အကြာ အဆင့္(၂)ေနရာကိုေရာက္ရွိလာခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ စိတ္ပ်က္စရာေကာင္းတဲ့ရလဒ္ေတြနဲ႔

ရင္ဆိုင္ေနရသလို ပရီးမီးယားလိဂ္အိမ္ကြင္းေနာက္ဆုံး(၄)ပြဲမွာလည္း ဗီလာ၊

လီဗာပူးလ္၊ မန္စီးတီးတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီး အဲဗာတန္နဲ႔(၁-၁)ဂိုးစီ

သေရက်ခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕နည္းစနစ္ပိုင္းအားနည္းမႈ၊ ကစားသမားေတြရဲ႕

ႏိုင္လိုစိတ္ေပ်ာက္ဆုံးေနမႈေတြေၾကာင့္ ယူႏိုက္တက္အသင္း အခုလိုရႈံးပြဲေတြနဲ႔

ရင္ဆိုင္ေနရတာက သိပ္မဆန္းေပမယ့္ အံ့အားသ့င္စရာေကာင္းတာက ဒီရာသီမွာ

ယူႏိုက္တက္အသင္းကို အႏိုင္ယူခဲ့တဲ့အသင္းေတြဟာ ေနာက္ပိုင္းပြဲေတြမွာ ႐ုန္းကန္ေနရတာပါပဲ။

ယူႏိုက္တက္အသင္းဟာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ္

ရႈံးပြဲအျဖစ္ ဗီလာကို အိမ္ကြင္းမွာ(၁-၀)ဂိုးနဲ႔ရႈံးခဲ့ၿပီး အဲဒီပြဲေနာက္ပိုင္း

ဗီလာအသင္း မထင္မွတ္ေလာက္ေအာင္ကို ရလဒ္ေတြဆိုး႐ြားခဲ့သလို

ပရီးမီးယားလိဂ္(၅)ပြဲဆက္တိုက္အေရးနိမ့္ခဲ့တာေၾကာင့္ နည္းျပဒင္းစမစ္ပါ

ရာထူးကအထုတ္ခံရတဲ့အထိျဖစ္သြားပါတယ္။ အဲဒီေနာက္ ယူႏိုက္တက္အသင္းဟာ

လက္စတာကို (၄-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး လက္စတာအသင္းဟာ

ယူႏိုက္တက္နဲ႔ပြဲအၿပီး ပရီးမီးယားလိဂ္(၃)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့တဲ့အျပင္

(၁)ပြဲရႈံး၊ (၁)ပြဲသေရက်ခဲ့တာေၾကာင့္ အခုေလာေလာဆယ္ အမွတ္ေပးဇယားအဆင့္

(၁၂)အထိက်ဆင္းသြားခဲ့ပါတယ္။ ဗီလာ၊ လက္စတာအသင္းတို႔လို ယူႏိုက္တက္ကို

အႏိုင္ယူၿပီးတဲ့ေနာက္ အံ့အားသင့္စရာေကာင္းေအာင္ ရလဒ္ေတြယိမ္းယိုင္သြားတာကေတာ့

လီဗာပူးလ္အသင္းပါပဲ။ လီဗာပူးလ္အသင္းဟာ ယူႏိုက္တက္အသင္းကို

အိုးလ္ထရက္ဖို႔ဒ္မွာ(၅-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီး ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္

အႀကီးက်ယ္ဆုံးႏိုင္ပြဲရယူခဲ့ေပမယ့္ အဲဒီေနာက္ပိုင္း ရလဒ္ေတြက်ဆင္းသြားခဲ့တာပါ။

ယူႏိုက္တက္ပြဲအၿပီး ဘ႐ိုက္တန္နဲ႔ကစားခဲ့တဲ့အိမ္ကြင္းပြဲမွာ လီဗာပူးလ္အသင္း

(၂-၀)ဂိုးျပတ္ဦးေဆာင္ၿပီးေတာ့မွ ေခ်ပဂိုးေတြျပန္ေပးလိုက္ရတဲ့အတြက္

သေရနဲ႔သာေက်နပ္ခဲ့ရတဲ့အျပင္ ပိုဆိုးတာက ၿပီးခဲ့တဲ့တစ္ပတ္မွာ ဝက္စ္ဟမ္းအသင္းကို

(၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့လို႔ ဒီရာသီပရီးမီးယားလိဂ္ပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့ၿပီး အဆင့္(၄)ေနရာ

ေရာက္သြားပါေတာ့တယ္။ ဆိုးလ္ရွားဟာ ဘာအရည္အခ်င္းမွမရွိေပမယ့္

ဘုန္းကံႀကီးမားတဲ့လူတစ္ေယာက္မ်ားျဖစ္ေနလားဆိုတာ သံသယျဖစ္စရာပါပဲ။

အခု ယူႏိုက္တက္အသင္းကို အႏိုင္ယူခဲ့တဲ့ မန္စီးတီးအသင္းေရာ ဗီလာ၊ လက္စတာ၊

လီဗာပူးလ္တို႔လို မထင္မွတ္ဘဲ ရလဒ္ေတြယိမ္းယိုင္သြားမလား.. ေျခစြမ္းေကာင္းေတြ

ဆက္လက္ျပသႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္ ..