
ယူနိုက်တက်နည်းပြတန်ဟတ်ဟာ ဇန်နဝါရီမှာကစားသမားသစ်





အားဖြည့်ဖို့အတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ ဖီးလ်ဂျုံးစ်ကို
ရောင်းထုတ်သွားဖို့ရှိနေပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ငွေကြေး





အရင်းအနှီးကိုရရှိဖို့အတွက် ဖီးလ်ဂျုံးစ်အပါအဝင် ကစားသမား
၄ ယောက်ကိုအရောင်းစာရင်းတင်ထားတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ယခုဆောင်းဈေးကွက်မှာ ဘတ်ဂျက်အကန့်အသတ်





ရှိနေတာကြောင့် အားသစ်လောင်းဖို့အတွက် ရှိရင်းစွဲတွေကို
အရင်ရောင်းချဖို့ စီစဉ်လာတာပါ။ အရောင်းစာရင်းရဲ့ထိပ်ဆုံးမှာတော့





၂၀၁၃ ခုနှစ်တုန်းက နည်းပြကြီးဖာဂူဆန်ကိုယ်တိုင်က ယူနိုက်တက်ရဲ့
အကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်လို့ ချီးကျူးခဲ့ဖူးတဲ့
ဖီးလ်ဂျုံး ရပ်တည်နေတာဖြစ်တယ်။ အသက် ၃၀ အရွယ်





ကစားသမားဟာ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့
လုံးပန်းခဲ့ရပြီး စီနီယာအသင်းမှာပွဲကစားခွင့်ရဖို့ရုန်းကန်ခဲ့ရပါတယ်။





သရဲနီကစားသမားဘ၀ ၁၁ နှစ်ခွဲ အကြာမှာ ၂၂၉ ပွဲသာ
ကစားခွင့်ရထားတာဖြစ်တယ်။ သူနဲ့အတူ ဗဟိုနောက်ခံလူဖြစ်တဲ့
တူအန်ဇီဘီ၊ ဘစ်ဆာကာနဲ့ ဘရန်ဒန်ဝီလီယံ တို့အတွက်





ကမ်းလှမ်းမှုတွေကို ယူနိုက်တက်ဘက်က အာရုံစိုက်
လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလားအပြီးပွဲစဉ်တွေမှာ





ဘစ်ဆာကာက ယူနိုက်တက်အတွက် ကစားခွင့်ပြန်ရနေပေမဲ့
တန်ဟတ်ရဲ့ရေရှည်စီမံကိန်းမှာတော့ ပါဝင်ခြင်းမရှိပါဘူး။
ဘန်လေကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်းပွဲမှာ





သရဲနီတွေအတွက်ပြန်ကစားခွင့်ရခဲ့တဲ့ ဘရန်ဒန်ဝီလီယံဟာလည်း
ပုံမှန်ပွဲထွက်ခွင့်အတွက် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားဖို့ရှိနေပါတယ်။





zawgyi
ယူႏိုက္တက္အတြက္ ၂၂၉ ပြဲကစားေပးထားသူအပါအဝင္ ကစားသမား ၄ ေယာက္ကို ေရာင္းထုတ္ၿပီး ရန္ပုံေငြရွာဖို႔ တန္ဟတ္ ႀကိဳးစားလာ
ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ ဇန္နဝါရီမွာကစားသမားသစ္





အားျဖည့္ဖို႔အတြက္ ရန္ပုံေငြရွာတဲ့အေနနဲ႔ ဖီးလ္ဂ်ဳံးစ္ကို
ေရာင္းထုတ္သြားဖို႔ရွိေနပါတယ္။ ဒါ့အျပင္ လိုအပ္တဲ့ေငြေၾကး





အရင္းအႏွီးကိုရရွိဖို႔အတြက္ ဖီးလ္ဂ်ဳံးစ္အပါအဝင္ ကစားသမား
၄ ေယာက္ကိုအေရာင္းစာရင္းတင္ထားတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ယခုေဆာင္းေဈးကြက္မွာ ဘတ္ဂ်က္အကန႔္အသတ္





ရွိေနတာေၾကာင့္ အားသစ္ေလာင္းဖို႔အတြက္ ရွိရင္းစြဲေတြကို
အရင္ေရာင္းခ်ဖို႔ စီစဥ္လာတာပါ။ အေရာင္းစာရင္းရဲ႕ထိပ္ဆုံးမွာေတာ့





၂၀၁၃ ခုႏွစ္တုန္းက နည္းျပႀကီးဖာဂူဆန္ကိုယ္တိုင္က ယူႏိုက္တက္ရဲ႕
အေကာင္းဆုံးကစားသမားျဖစ္လာႏိုင္တယ္လို႔ ခ်ီးက်ဴးခဲ့ဖူးတဲ့
ဖီးလ္ဂ်ဳံး ရပ္တည္ေနတာျဖစ္တယ္။ အသက္ ၃၀ အ႐ြယ္





ကစားသမားဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ဒဏ္ရာျပႆနာေတြနဲ႔
လုံးပန္းခဲ့ရၿပီး စီနီယာအသင္းမွာပြဲကစားခြင့္ရဖို႔႐ုန္းကန္ခဲ့ရပါတယ္။





သရဲနီကစားသမားဘ၀ ၁၁ ႏွစ္ခြဲ အၾကာမွာ ၂၂၉ ပြဲသာ
ကစားခြင့္ရထားတာျဖစ္တယ္။ သူနဲ႔အတူ ဗဟိုေနာက္ခံလူျဖစ္တဲ့
တူအန္ဇီဘီ၊ ဘစ္ဆာကာနဲ႔ ဘရန္ဒန္ဝီလီယံ တို႔အတြက္





ကမ္းလွမ္းမႈေတြကို ယူႏိုက္တက္ဘက္က အာ႐ုံစိုက္
လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ကမာၻ႔ဖလားအၿပီးပြဲစဥ္ေတြမွာ





ဘစ္ဆာကာက ယူႏိုက္တက္အတြက္ ကစားခြင့္ျပန္ရေနေပမဲ့
တန္ဟတ္ရဲ႕ေရရွည္စီမံကိန္းမွာေတာ့ ပါဝင္ျခင္းမရွိပါဘူး။
ဘန္ေလကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ကာရာေဘာင္းပြဲမွာ





သရဲနီေတြအတြက္ျပန္ကစားခြင့္ရခဲ့တဲ့ ဘရန္ဒန္ဝီလီယံဟာလည္း
ပုံမွန္ပြဲထြက္ခြင့္အတြက္ အိုးလ္ထရက္ဖို႔ဒ္ကို ေက်ာခိုင္းသြားဖို႔ရွိေနပါတယ္။