
သရဲနီပဲ့ကိုင်ရှင်တန်ဟတ်ကတော့ သူရဲ့အိပ်မက်ထဲက





အလိုချင်ဆုံးကစားသမားဟာ နယ်သာလန်ဂန္တဝင်တိုက်စစ်မှူး
ဂျိုဟန်ခရိုက်ဖ်ဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့





နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာတဲ့ တန်ဟတ်က
အခက်အခဲကြားထဲက ယူနိုက်တက်ကို လူရိုသေရှင်ရိုသေဖြစ်အောင်
စွမ်းဆောင်ပြခဲ့သူဖြစ်တယ်။ ယူနိုက်တက်နည်းပြဘစအစမှာ





ဘရိုက်တန်နဲ့ ဘရန်ဖို့ဒ်ကိုဆက်တိုက်ရှုံးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပေမဲ့
အခုအခါမှာတော့ ထိပ်သီး ၄သင်းစာရင်းဝင်ဖြစ်အောင် လမ်းပြ





ပေးထားနိုင်တာပါ။ တန်ဟတ်အနေနဲ့ ယူနိုက်တက်အတွက်
မာတီနက်ဇ်၊ အန်တိုနီတို့လို အေဂျက်ကစားသမားတွေအပြင်
ရီးရဲလ်ကွင်းလယ်လူ ကက်စ်မီရိုကိုအမိအရခေါ်ပြီး အကောင်းဆုံးဖြစ်ဖို့





တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ တန်ဟတ်ကတော့ သူ့ရဲ့အိပ်မက်
ကစားသမားခေါ်ယူမှုက ဂျိုဟန်ခရိုက်ဖ်သာဖြစ်တယ်လို့





အတိအလင်းဆိုခဲ့တာဖြစ်တယ်။ ပိုက်ဆံ၊ အချိန်နဲ့ အခွင့်အရေး
ဆိုတာတွေမရှိခဲ့ဘူးဆိုရင်တော့ သူအလိုချင်ဆုံးက ဂျိုဟန်ခရိုက်ဖ်လို့
တန်ဟတ်ကအလျင်အမြန်အဖြေပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့





တရားဝင်ဝက်ဘ်ဆိုက်နဲ့တွေ့ဆုံမှုမှာတော့ တန်ဟတ်က
“ကျွန်တော် ဂျိုဟန်ခရိုက်ဖ်ကိုလိုချင်သလို သူ့ကိုယူနိုက်တက်မှာ





ကစားစေချင်ပါတယ်။ ဒီကလပ်အတွက် သူအံ့မခန်း
ကူညီပေးနိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ ခရိုက်ဖ်ဟာ
၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ နယ်သာလန်ရဲ့ ‘Total Football’





ဒဿနတွေနဲ့အတူ ဥရောပဘောလုံးသမိုင်းမှာ အရေးပါတဲ့
တိုက်စစ်မှူးအဖြစ်ရပ်တည်ခဲ့တာဖြစ်တယ်။ ဂျိုဟန်ခရိုက်ဖ်ဟာ





နယ်သာလန်အသင်းနဲ့အတူ ၁၉၇၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ
အနောက်ဂျာမနီကိုအရေးနိမ့်ခဲ့ပေမဲ့ ပြိုင်ပွဲရဲ့အကောင်းဆုံး
ကစားသမားဆုကိုဆွတ်ခူးခဲ့သလို အေဂျက်နဲ့အတူ ဥရောပဖလား





(ယခုချန်ပီယံလိဂ်)ချန်ပီယံဆုကို ၃နှစ်ဆက်တိုက်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။
zawgyi





ယူႏိုက္တက္အတြက္ သူအလိုခ်င္ဆုံးကစားသမားကို တန္ဟတ္ လူသိရွင္ၾကားေျပာလိုက္ၿပီ
သရဲနီပဲ့ကိုင္ရွင္တန္ဟတ္ကေတာ့ သူရဲ႕အိပ္မက္ထဲက
အလိုခ်င္ဆုံးကစားသမားဟာ နယ္သာလန္ဂႏၲဝင္တိုက္စစ္မႉး





ဂ်ိဳဟန္ခ႐ိုက္ဖ္ျဖစ္တယ္လို႔ေျပာဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့
ေႏြရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကိုေရာက္လာတဲ့ တန္ဟတ္က





အခက္အခဲၾကားထဲက ယူႏိုက္တက္ကို လူ႐ိုေသရွင္႐ိုေသျဖစ္ေအာင္
စြမ္းေဆာင္ျပခဲ့သူျဖစ္တယ္။ ယူႏိုက္တက္နည္းျပဘစအစမွာ
ဘ႐ိုက္တန္နဲ႔ ဘရန္ဖို႔ဒ္ကိုဆက္တိုက္ရႈံးၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ေပမဲ့





အခုအခါမွာေတာ့ ထိပ္သီး ၄သင္းစာရင္းဝင္ျဖစ္ေအာင္ လမ္းျပ
ေပးထားႏိုင္တာပါ။ တန္ဟတ္အေနနဲ႔ ယူႏိုက္တက္အတြက္





မာတီနက္ဇ္၊ အန္တိုနီတို႔လို ေအဂ်က္ကစားသမားေတြအျပင္
ရီးရဲလ္ကြင္းလယ္လူ ကက္စ္မီ႐ိုကိုအမိအရေခၚၿပီး အေကာင္းဆုံးျဖစ္ဖို႔
တည္ေဆာက္ခဲ့ပါတယ္။ ဒါေပမဲ့ တန္ဟတ္ကေတာ့ သူ႔ရဲ႕အိပ္မက္





ကစားသမားေခၚယူမႈက ဂ်ိဳဟန္ခ႐ိုက္ဖ္သာျဖစ္တယ္လို႔
အတိအလင္းဆိုခဲ့တာျဖစ္တယ္။ ပိုက္ဆံ၊ အခ်ိန္နဲ႔ အခြင့္အေရး





ဆိုတာေတြမရွိခဲ့ဘူးဆိုရင္ေတာ့ သူအလိုခ်င္ဆုံးက ဂ်ိဳဟန္ခ႐ိုက္ဖ္လို႔
တန္ဟတ္ကအလ်င္အျမန္အေျဖေပးခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕
တရားဝင္ဝက္ဘ္ဆိုက္နဲ႔ေတြ႕ဆုံမႈမွာေတာ့ တန္ဟတ္က





“ကြၽန္ေတာ္ ဂ်ိဳဟန္ခ႐ိုက္ဖ္ကိုလိုခ်င္သလို သူ႔ကိုယူႏိုက္တက္မွာ
ကစားေစခ်င္ပါတယ္။ ဒီကလပ္အတြက္ သူအံ့မခန္း





ကူညီေပးႏိုင္မွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။ ခ႐ိုက္ဖ္ဟာ
၁၉၇၀ ျပည့္လြန္ႏွစ္ေတြအတြင္းမွာ နယ္သာလန္ရဲ႕ ‘Total Football’
ဒႆနေတြနဲ႔အတူ ဥေရာပေဘာလုံးသမိုင္းမွာ အေရးပါတဲ့





တိုက္စစ္မႉးအျဖစ္ရပ္တည္ခဲ့တာျဖစ္တယ္။ ဂ်ိဳဟန္ခ႐ိုက္ဖ္ဟာ
နယ္သာလန္အသင္းနဲ႔အတူ ၁၉၇၄ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ





အေနာက္ဂ်ာမနီကိုအေရးနိမ့္ခဲ့ေပမဲ့ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံး
ကစားသမားဆုကိုဆြတ္ခူးခဲ့သလို ေအဂ်က္နဲ႔အတူ ဥေရာပဖလား
(ယခုခ်န္ပီယံလိဂ္)ခ်န္ပီယံဆုကို ၃ႏွစ္ဆက္တိုက္ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။




