ယူနိုက်တက်အတွက် ကစားခွင့်မရရင် ဆာဘစ်ဇာကလူပါသတ်မယ့်အမျိုးလို့ တန်ဟတ်ကို အေးဂျင့်ဖြစ်သူ အသိပေးလာ

ဆာဘစ်ဇာဟာ ယူနိုက်တက်အတွက်ကစားခွင့်မရဘူးဆိုရင် အဆိုးဆုံးလူသား

ဖြစ်လာနိုင်တယ်လို့ အေးဂျင့်ဖြစ်သူက သတိပေးပြောဆိုလိုက်ပါတယ်။

အဲရစ်ဆင်ဒဏ်ရာရသွားတဲ့နောက် ယူနိုက်တက်ဟာ သြစတြီးယားကြယ်ပွင့်ကို

ရာသီကုန်အထိအမြန်ခေါ်ယူခဲ့တာဖြစ်တယ်။ နည်းပြတန်ဟတ်ကတော့

ဆာဘစ်ဇာရဲ့စိတ်ပိုင်းဆိုင်ရာကိုသိကျွမ်းဖို့အတွက်အချိန်ယူရဦးမှာဖြစ်ပေမဲ့

အေးဂျင့်ဖြစ်သူကတော့ အရှုံးကိုလက်မခံနိုင်သူလို့ သတိပေးထားပါတယ်။

ဆာဘစ်ဇာရဲ့ အေးဂျင့် ရော်ဂျာဝစ်မန်းက ‘လူသတ်သမား’ လို့

တံဆိပ်ကပ်လိုက်ပြီး အမြဲတမ်းအနိုင်ရချင်သူလို့ ဆိုထားတာဖြစ်တယ်။

“သူဟာ ကစားခွင့်မရတဲ့အချိန်တွေမှာအဆိုးဆုံးလူသားဖြစ်တယ်။

အရှုံးကိုလည်းမုန်းတယ်။ ဒါက အဓိကအချက်ပါ။ ဇာတ်ကောင်အရ

ဒီကောင်လေးဟာ လူသတ်သမားဖြစ်တယ်။ ဒါက အမြဲတမ်းအနိုင်ရချင်တဲ့

ကစားသမားတွေလိုပါပဲ” လို့ ရော်ဂျာဝစ်မန်းက ဆိုပါတယ်။

ဆာဘစ်ဇာဟာ ပဲလေ့စ်နဲ့ စနေညပွဲစဉ်မှာ ယူနိုက်တက်အတွက်စတင်ကစားခွင့်ရဖို့ရှိနေတာပါ။

ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကိုပြောင်းရွှေ့တာဟာ ဘဝအတွက်

အရေးပါတဲ့ဆုံးဖြတ်ချက်ကိုအမြန်ဆုံးချမှတ်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။

တနည်းအားဖြင့်တော့ ဆာဘစ်ဇာဟာ ယူနိုက်တက်ပရိသတ်တွေကို

သူ့ရဲ့စွမ်းဆောင်ရည်ကို ထုတ်ပြလိုစိတ်ပြင်းပြနေတာဖြစ်တယ်။

လိုက်ပ်ဇစ်ကွင်းလယ်လူဟောင်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက်

ပြိုင်ပွဲစုံ ၂၄ ပွဲ အထိပါဝင်ကစားပေးထားပါတယ်။ တန်ဟတ်အနေနဲ့

လာမယ့်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဆာဘစ်ဇာကိုပွဲထုတ်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်။

zawgyi

ယူႏိုက္တက္အတြက္ ကစားခြင့္မရရင္ ဆာဘစ္ဇာကလူပါသတ္မယ့္အမ်ိဳးလို႔ တန္ဟတ္ကို ေအးဂ်င့္ျဖစ္သူ အသိေပးလာ

ဆာဘစ္ဇာဟာ ယူႏိုက္တက္အတြက္ကစားခြင့္မရဘူးဆိုရင္ အဆိုးဆုံးလူသား

ျဖစ္လာႏိုင္တယ္လို႔ ေအးဂ်င့္ျဖစ္သူက သတိေပးေျပာဆိုလိုက္ပါတယ္။

အဲရစ္ဆင္ဒဏ္ရာရသြားတဲ့ေနာက္ ယူႏိုက္တက္ဟာ ၾသစႀတီးယားၾကယ္ပြင့္ကို

ရာသီကုန္အထိအျမန္ေခၚယူခဲ့တာျဖစ္တယ္။ နည္းျပတန္ဟတ္ကေတာ့

ဆာဘစ္ဇာရဲ႕စိတ္ပိုင္းဆိုင္ရာကိုသိကြၽမ္းဖို႔အတြက္အခ်ိန္ယူရဦးမွာျဖစ္ေပမဲ့

ေအးဂ်င့္ျဖစ္သူကေတာ့ အရႈံးကိုလက္မခံႏိုင္သူလို႔ သတိေပးထားပါတယ္။

ဆာဘစ္ဇာရဲ႕ ေအးဂ်င့္ ေရာ္ဂ်ာဝစ္မန္းက ‘လူသတ္သမား’ လို႔

တံဆိပ္ကပ္လိုက္ၿပီး အၿမဲတမ္းအႏိုင္ရခ်င္သူလို႔ ဆိုထားတာျဖစ္တယ္။

“သူဟာ ကစားခြင့္မရတဲ့အခ်ိန္ေတြမွာအဆိုးဆုံးလူသားျဖစ္တယ္။

အရႈံးကိုလည္းမုန္းတယ္။ ဒါက အဓိကအခ်က္ပါ။ ဇာတ္ေကာင္အရ

ဒီေကာင္ေလးဟာ လူသတ္သမားျဖစ္တယ္။ ဒါက အၿမဲတမ္းအႏိုင္ရခ်င္တဲ့

ကစားသမားေတြလိုပါပဲ” လို႔ ေရာ္ဂ်ာဝစ္မန္းက ဆိုပါတယ္။

ဆာဘစ္ဇာဟာ ပဲေလ့စ္နဲ႔ စေနညပြဲစဥ္မွာ ယူႏိုက္တက္အတြက္စတင္ကစားခြင့္ရဖို႔ရွိေနတာပါ။

ကစားသမားကိုယ္တိုင္က ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕တာဟာ ဘဝအတြက္

အေရးပါတဲ့ဆုံးျဖတ္ခ်က္ကိုအျမန္ဆုံးခ်မွတ္ခဲ့တာျဖစ္တယ္လို႔ဆိုထားပါတယ္။

တနည္းအားျဖင့္ေတာ့ ဆာဘစ္ဇာဟာ ယူႏိုက္တက္ပရိသတ္ေတြကို

သူ႔ရဲ႕စြမ္းေဆာင္ရည္ကို ထုတ္ျပလိုစိတ္ျပင္းျပေနတာျဖစ္တယ္။

လိုက္ပ္ဇစ္ကြင္းလယ္လူေဟာင္းဟာ ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္အတြက္

ၿပိဳင္ပြဲစုံ ၂၄ ပြဲ အထိပါဝင္ကစားေပးထားပါတယ္။ တန္ဟတ္အေနနဲ႔

လာမယ့္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ဆာဘစ္ဇာကိုပြဲထုတ္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္တယ္။