





ယူနိုက်တက်နည်းပြဘဝပထမဆုံးရာသီမှာ ထိပ်ဆုံး ၄သင်းစာရင်းဝင်
အဖြစ်အဆုံးသတ်နိုင်ဖို့က ဖိအားတစ်ခုလိုဖြစ်နေတယ်လို့ တန်ဟတ်က





ဝန်ခံလိုက်ပါတယ်။ သရဲနီတွေဟာ ပရီးမီးယားလိဂ် ၁၄ပွဲ ကစားအပြီးမှာ
အဆင့် ၅နေရာ ရပ်တည်နေပြီး နယ်သာလန်သားဘက်ကတော့
ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြန်ကစားခွင့်ရဖို့





တောင့်တနေတယ်ဆိုတာကို သိထားပြီးဖြစ်တယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံးလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်နဲ့





ပြန်ကစားဖို့ရှိနေချိန်မှာ တန်ဟတ်က “ဒါကို ငါလက်ခံတယ်၊
အဲ့ဒီဖိအားကို ပါလက်ခံတယ်။ ဒါပေမဲ့လည်း ချဲလ်ဆီးနဲ့
နယူးကာဆယ်တို့ရဲ့ နည်းပြတွေကလည်း သူတို့အသင်းအတွက်





အများကြီးရင်းနှီးမြုပ်နှံထားပါတယ်။ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့က
ကျွန်တော်တို့အားလုံးအတွက်ကြီးမားတဲ့ဖိအားတစ်ခုပါ။





ကျွန်တော်တို့ထိပ်သီး ၄သင်း စာရင်းဝင်ဖြစ်ချင်ပြီး ဆုဖလားတွေအတွက်
တိုက်ပွဲဝင်ချင်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါ” လို့
ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်အင်္ဂါနေ့ အိုးလ်ထရက်ဖို့ဒ်မှာ





နော်တင်ဟမ်နဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။ “ပြိုင်ပွဲက ခက်ခဲတယ်ဆိုတာ
ကျွန်တော်တို့သိထားတယ်၊ ထိပ်ဆုံး ၄သင်းနေရာအတွက်





တိုက်ပွဲဝင်နေတဲ့ ၇သင်း၊ ၈ သင်းလောက်ကို ထည့်သွင်း
တွက်ချက်ထားတယ်။ ပရီးမီးယားလိဂ်ကိုကြည့်သူတိုင်းအတွက်တော့
ဒါက တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့





လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နေကြပါတယ်။ ဟုတ်ပါတယ်။
ရလဒ်ကောင်းဖို့အတွက် လိုအပ်ပေမဲ့ လုပ်ငန်းစဉ်တွေကလည်း





မှန်ကန်နေပါတယ်။ တိုးတက်မှုရှိအောင်လုပ်ဆောင်နေပြီး
ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖြစ်ဖို့ အခွင့်အရေးကောင်းတစ်ခု
ရှိတယ်ထင်ပါတယ်” လို့ တန်ဟတ်က ဖွင့်ဟထားပါတယ်။





zawgyi





ယူႏိုက္တက္အတြက္အႀကီးမားဆုံးဖိအားက ထိပ္ဆုံး ၄ သင္းစာရင္းဝင္ျဖစ္တယ္လို႔ တန္ဟတ္ ဝန္ခံ
ယူႏိုက္တက္နည္းျပဘဝပထမဆုံးရာသီမွာ ထိပ္ဆုံး ၄သင္းစာရင္းဝင္
အျဖစ္အဆုံးသတ္ႏိုင္ဖို႔က ဖိအားတစ္ခုလိုျဖစ္ေနတယ္လို႔ တန္ဟတ္က





ဝန္ခံလိုက္ပါတယ္။ သရဲနီေတြဟာ ပရီးမီးယားလိဂ္ ၁၄ပြဲ ကစားအၿပီးမွာ
အဆင့္ ၅ေနရာ ရပ္တည္ေနၿပီး နယ္သာလန္သားဘက္ကေတာ့





ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္ျပန္ကစားခြင့္ရဖို႔
ေတာင့္တေနတယ္ဆိုတာကို သိထားၿပီးျဖစ္တယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံးလိဂ္ပြဲစဥ္အျဖစ္ ေနာ္တင္ဟမ္နဲ႔





ျပန္ကစားဖို႔ရွိေနခ်ိန္မွာ တန္ဟတ္က “ဒါကို ငါလက္ခံတယ္၊
အဲ့ဒီဖိအားကို ပါလက္ခံတယ္။ ဒါေပမဲ့လည္း ခ်ဲလ္ဆီးနဲ႔





နယူးကာဆယ္တို႔ရဲ႕ နည္းျပေတြကလည္း သူတို႔အသင္းအတြက္
အမ်ားႀကီးရင္းႏွီးျမဳပ္ႏွံထားပါတယ္။ ထိပ္ဆုံး ၄ သင္းစာရင္းဝင္ဖို႔က
ကြၽန္ေတာ္တို႔အားလုံးအတြက္ႀကီးမားတဲ့ဖိအားတစ္ခုပါ။





ကြၽန္ေတာ္တို႔ထိပ္သီး ၄သင္း စာရင္းဝင္ျဖစ္ခ်င္ၿပီး ဆုဖလားေတြအတြက္
တိုက္ပြဲဝင္ခ်င္ပါတယ္။ အဲ့ဒါက ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ပါ” လို႔





ဆိုခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္အဂၤါေန႔ အိုးလ္ထရက္ဖို႔ဒ္မွာ
ေနာ္တင္ဟမ္နဲ႔ရင္ဆိုင္ရဖို႔ရွိပါတယ္။ “ၿပိဳင္ပြဲက ခက္ခဲတယ္ဆိုတာ
ကြၽန္ေတာ္တို႔သိထားတယ္၊ ထိပ္ဆုံး ၄သင္းေနရာအတြက္





တိုက္ပြဲဝင္ေနတဲ့ ၇သင္း၊ ၈ သင္းေလာက္ကို ထည့္သြင္း
တြက္ခ်က္ထားတယ္။ ပရီးမီးယားလိဂ္ကိုၾကည့္သူတိုင္းအတြက္ေတာ့





ဒါက တကယ့္ကိုစိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕
လုပ္ေဆာင္ခ်က္ေတြကိုလည္း ၾကည့္ေနၾကပါတယ္။ ဟုတ္ပါတယ္။
ရလဒ္ေကာင္းဖို႔အတြက္ လိုအပ္ေပမဲ့ လုပ္ငန္းစဥ္ေတြကလည္း





မွန္ကန္ေနပါတယ္။ တိုးတက္မႈရွိေအာင္လုပ္ေဆာင္ေနၿပီး
ထိပ္ဆုံး ၄သင္းစာရင္းဝင္ျဖစ္ဖို႔ အခြင့္အေရးေကာင္းတစ္ခု





ရွိတယ္ထင္ပါတယ္” လို႔ တန္ဟတ္က ဖြင့္ဟထားပါတယ္။