
ရီးဒင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ယူနိုက်တက်အတွက်





တတိယဂိုးသွင်းပေးခဲ့တဲ့ ဖရက်ဒ်ကို ရွိုင်ကိန်းက
ထူးထူးခြားခြားချီးကျူးသွားခဲ့ပါတယ်။ ဖရက်ဒ်ဟာ





ဒဏ်ရာရသွားတဲ့ အဲရစ်ဆင်နေရာကို လူစားဝင်လာခဲ့ပြီးနောက်
တတိယဂိုးသွင်းပေးခြင်းနဲ့အတူ ပွဲကိုအဆုံးသတ်ပေးခဲ့သလို
ဘရာဇီးသားရဲ့သွင်းဂိုးက ချစ်စရာကောင်းတဲ့အချောသပ်





ဖြစ်တယ်လို့ ရွိုင်ကိန်းကဆိုခဲ့တာဖြစ်တယ်။
ITV ရုပ်သံကတစ်ဆင့်ရွိုင်ကိန်းက “လူစားဝင်ကစားတာဟာ





သူ့ရဲ့အရေးပါတဲ့လုပ်ဆောင်ချက်တစ်ခုလို့ထင်ပါတယ်။
သူလူစားဝင်ကစားခဲ့တဲ့ပွဲတိုင်းမှာ ယူနိုက်တက်က
ပြီးမြောက်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။





ရီးဒင်းကတော့ ထောင့်တစ်ထောင့်မှာခွေနေခဲ့တယ်၊
ဒီအချိန်မှာ ယူနိုက်တက်ရဲ့အတွဲအဖက်က အနည်းငယ်





ပိုကောင်းလာတယ်၊ ဖရက်ဒ်က အဲ့ဒီအပေါ်မှာ
လမ်းလျှောက်လိုက်ရုံပါပဲ၊ သူ့မှာလှည့်ကွက်ကောင်း
တစ်ခုရှိတယ်၊ ချစ်စရာကောင်းတဲ့အနားသပ်တစ်ခုလည်း





ရှိပါတယ်။ ရီးဒင်းညံ့ခဲ့တယ်လို့ဆိုနိုင်ပေမဲ့ ချစ်စရာကောင်းတဲ့
အဆုံးသတ်လေးပါ” လို့ ချီးကျူးလိုက်ပါတယ်။





ဘရာဇီးသား အိုးလ်ထရက်ဖို့ဒ်ကိုစရောက်လာတဲ့အချိန်မှာတော့
အသက် ၅၁နှစ်အရွယ် အိုင်ယာလန်သားကြီးဟာ
လုံးဝကြည့်မရခဲ့သလို ယူနိုက်တက်အတွက်ကစားဖို့





လုံလောက်တဲ့အစွမ်းအစမရှိဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ဖရက်ဒ်မှာ ဘောလုံးနဲ့ပက်သတ်လို့ကောင်းမွန်တဲ့





အသိဉာဏ်မရှိဘူးလို့ပေါ်တင်ကြီး ထောက်ပြခဲ့ဖူးတာဖြစ်တယ်။
zawgyi
ယူႏိုက္တက္အတြက္ကစားေပးဖို႔မလုံေလာက္တဲ့ ငတုံးေကာင္လို႔ သူကိုယ္တိုင္ေဝဖန္ခဲ့တဲ့ ဖရက္ဒ္ရဲ႕ အဆုံးသတ္ကို ႐ြိဳင္ကိန္း ခ်ီးက်ဴး





ရီးဒင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ ယူႏိုက္တက္အတြက္
တတိယဂိုးသြင္းေပးခဲ့တဲ့ ဖရက္ဒ္ကို ႐ြိဳင္ကိန္းက





ထူးထူးျခားျခားခ်ီးက်ဴးသြားခဲ့ပါတယ္။ ဖရက္ဒ္ဟာ
ဒဏ္ရာရသြားတဲ့ အဲရစ္ဆင္ေနရာကို လူစားဝင္လာခဲ့ၿပီးေနာက္
တတိယဂိုးသြင္းေပးျခင္းနဲ႔အတူ ပြဲကိုအဆုံးသတ္ေပးခဲ့သလို





ဘရာဇီးသားရဲ႕သြင္းဂိုးက ခ်စ္စရာေကာင္းတဲ့အေခ်ာသပ္
ျဖစ္တယ္လို႔ ႐ြိဳင္ကိန္းကဆိုခဲ့တာျဖစ္တယ္။





ITV ႐ုပ္သံကတစ္ဆင့္႐ြိဳင္ကိန္းက “လူစားဝင္ကစားတာဟာ
သူ႔ရဲ႕အေရးပါတဲ့လုပ္ေဆာင္ခ်က္တစ္ခုလို႔ထင္ပါတယ္။
သူလူစားဝင္ကစားခဲ့တဲ့ပြဲတိုင္းမွာ ယူႏိုက္တက္က





ၿပီးေျမာက္ခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္။
ရီးဒင္းကေတာ့ ေထာင့္တစ္ေထာင့္မွာေခြေနခဲ့တယ္၊





ဒီအခ်ိန္မွာ ယူႏိုက္တက္ရဲ႕အတြဲအဖက္က အနည္းငယ္
ပိုေကာင္းလာတယ္၊ ဖရက္ဒ္က အဲ့ဒီအေပၚမွာ
လမ္းေလွ်ာက္လိုက္႐ုံပါပဲ၊ သူ႔မွာလွည့္ကြက္ေကာင္း





တစ္ခုရွိတယ္၊ ခ်စ္စရာေကာင္းတဲ့အနားသပ္တစ္ခုလည္း
ရွိပါတယ္။ ရီးဒင္းညံ့ခဲ့တယ္လို႔ဆိုႏိုင္ေပမဲ့ ခ်စ္စရာေကာင္းတဲ့





အဆုံးသတ္ေလးပါ” လို႔ ခ်ီးက်ဴးလိုက္ပါတယ္။
ဘရာဇီးသား အိုးလ္ထရက္ဖို႔ဒ္ကိုစေရာက္လာတဲ့အခ်ိန္မွာေတာ့
အသက္ ၅၁ႏွစ္အ႐ြယ္ အိုင္ယာလန္သားႀကီးဟာ
လုံးဝၾကည့္မရခဲ့သလို ယူႏိုက္တက္အတြက္ကစားဖို႔
လုံေလာက္တဲ့အစြမ္းအစမရွိဘူးလို႔ ေဝဖန္ခဲ့ဖူးပါတယ္။





ဒါ့အျပင္ ဖရက္ဒ္မွာ ေဘာလုံးနဲ႔ပက္သတ္လို႔ေကာင္းမြန္တဲ့
အသိဉာဏ္မရွိဘူးလို႔ေပၚတင္ႀကီး ေထာက္ျပခဲ့ဖူးတာျဖစ္တယ္။