
ရော်နယ်ဒိုထွက်ခွာမသွားခင်မှာ ယူနိုက်တက်နဲ့ပက်သတ်လို့





ပြောဆိုခဲ့တာတွေက အမှန်တရားတွေဖြစ်တယ်လို့ လင်ဂတ်က
ထောက်ခံလိုက်ပါတယ်။ လင်ဂတ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ





နှစ်အနည်းငယ်ရုန်းကန်ခဲ့ရသလို့ ပြီးခဲ့တဲ့နွေရာသီမှာတော့
အသင်းကိုကျောခိုင်းခဲ့သူဖြစ်တယ်။ သူ့ရဲ့ သရဲနီကစားသမားဘဝက
အနိမ့်ဆုံးအခိုက်အတန့်မှာရှိခဲ့တယ်ဆိုရင်တောင် ၁၁နှစ်ကြာ





ကစားပေးခဲ့တဲ့ လင်ဂတ်ဟာ ပရိသတ်တွေကိုနောက်ဆုံး
နှုတ်ဆက်ခွင့်တောင်မရခဲ့ပါဘူး။ နည်းပြအဖြစ် ရန်နစ်ခ်တာဝန်ယူခဲ့စဉ်





အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ လင်ဂတ်ကစားခွင့်မရခဲ့ဘဲ
ကာဗာနီကသာပရိသတ်ရဲ့လက်ခုပ်သံကိုရရှိခဲ့တာဖြစ်တယ်။
ပြီးခဲ့တဲ့လအတွင်း အိုးလ်ထရက်ဖို့ဒ်က ယူနိုက်တက်နဲ့





နော်တင်ဟမ်တို့ပွဲစဉ်အရောက်မှသာ လင်ဂတ်တစ်ယောက်
ပရိသတ်ရဲ့သြဘာကိုရရှိခဲ့တာပါ။ ရော်နယ်ဒိုထွက်ခွာသွားတဲ့





ပုံစံနဲ့ယှဉ်ရင်တော့ လင်ဂတ်ရဲ့အနေအထားကချစ်ဖို့
ကောင်းခဲ့တာအမှန်ပါ။ ပေါ်တူဂီစူပါစတားဟာ ယူနိုက်တက်
အသင်းပိုင်ရှင်တွေအပါအဝင် နည်းပြတန်ဟတ်နဲ့





ကစားဖော်ဟောင်းတွေကို ရုပ်ပျက်ဆင်းပျက်ဝေဖန်ခဲ့ပြီး
အိုးလ်ထရက်ဖို့ဒ်ကိုကျောခိုင်းခဲ့လို့ ပရိသတ်ရဲ့ဝေဖန်မှုနဲ့





ရင်ဆိုင်ခဲ့ရပါတယ်။ ရော်နယ်ဒိုက အသင်းပိုင်ရှင်တွေဟာ
ဈေးကွက်ရှာဖွေရေးကလပ်အဖြစ်ပြောင်းလဲနေပြီး အသင်းရဲ့
လည်ပတ်ပုံကတော့ ထိပ်သီး ၆သင်း စာရင်းဝင်တွေထဲမှာ





နောက်ကောက်ကျကျန်နေပြီလို့ ပေါ်တင်ဝေဖန်ခဲ့တာဖြစ်တယ်။
အခုအခါမှာလည်း လင်ဂတ်က ရော်နယ်ဒိုရဲ့ဝေဖန်မှုကိုထောက်ခံခဲ့သလို





ယူနိုက်တက်ရဲ့လေ့ကျင့်ရေးအဆောက်အဦတွေဟာ အခြားကလပ်တွေရဲ့
နောက်ရောက်နေပြီလို့ ဆိုခဲ့ပါတယ်။ “သူတို့အရာအားလုံးမှာ
နောက်ကျလွန်းတယ်။ မန်စီးတီးရဲ့အဆောက်အဦတွေ၊





စပါးရဲ့အဆောက်အဦတွေ…လူတွေကမိုင်ပေါင်းများစွာဝေးကွာ
နေတာကိုမြင်ရမှာပါ။ လှုမှုဝန်းကျင်ဆိုတာကိုမေ့ထားလို့မရပါဘူး။





၂၀၁၇ မှာ YouTube နဲ့ပက်သတ်တဲ့အကြောင်းအရာတွေလုပ်ရင်း
သူတို့ဆီသွားခဲ့တယ်။ ငါ့ဘက်က သူတို့ကိုအရာရာတိုင်း
up to date ဖြစ်စေချင်ခဲ့သလို အရာရာတိုင်းကအသစ်တွေ





ဖြစ်နေပါပြီ။ သက်ဆိုင်သူဖြစ်ဖို့နဲ့ သက်ဆိုင်နေဖို့လိုပါတယ်။
ဘာထိန်းချုပ်မှုမှမရှိခဲ့ဘူး။ ဖာဂူဆန်ရှိတုန်းက အပြည့်အဝ





ထိန်းချုပ်ခဲ့တယ်။ ခံတပ်တစ်ခု…သူတို့အရာအားလုံးကို
ကျော်ဖြတ်သွားခဲ့ကြတယ်။ စာချုပ်တွေ၊ ကုန်သွယ်မှုဆိုင်ရာ
သဘောတူညီချက်တွေနဲ့ အရာအားလုံးပါပဲ။ ဟုတ်ပါတယ်၊





မျိုးဆက်တွေပြောင်းလဲလာတယ်၊ ကစားသမားတွေကြီးပြင်လာတယ်၊
လူတိုင်းမှာအသံရှိတယ်။ မင်းနဲ့ပက်သတ်လို့ မမှန်တာတွေ





ပြောလာကြတဲ့အခါ မင်းကလည်း မင်းရဲ့ထင်မြင်ချက်ကို
ထုတ်ပြောလိမ့်မယ်။ အရင်တုန်းက ဒါတွေမရှိခဲ့ဘူး။
ဒါတွေက ဆာအဲလက်စ်နဲ့ အတူဖြိုချခံရလိမ့်မယ်။





ဒါပေမဲ့ အခုအချိန်မှာတော့ လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်
ထင်မြင်ချက်တွေကိုအသံထွက်နိုင်သလို သူတို့လိုချင်တာကို





ရေးဖို့ ပလက်ဖောင်းတွေရှိနေပါပြီ” လို့ လင်ဂတ်က ပြောဆိုသွားတာဖြစ်တယ်။
zawgyi
ယူႏိုက္တက္အေျခအေနက အားလုံးရဲ႕ေနာက္မွာသာရွိေနခဲ့ၿပီး ေရာ္နယ္ဒိုေပါက္ကြဲခဲ့တာကအမွန္တရားပဲလို႔ လင္ဂတ္ ေထာက္ခံလိုက္





ေရာ္နယ္ဒိုထြက္ခြာမသြားခင္မွာ ယူႏိုက္တက္နဲ႔ပက္သတ္လို႔
ေျပာဆိုခဲ့တာေတြက အမွန္တရားေတြျဖစ္တယ္လို႔ လင္ဂတ္က





ေထာက္ခံလိုက္ပါတယ္။ လင္ဂတ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ
ႏွစ္အနည္းငယ္႐ုန္းကန္ခဲ့ရသလို႔ ၿပီးခဲ့တဲ့ေႏြရာသီမွာေတာ့
အသင္းကိုေက်ာခိုင္းခဲ့သူျဖစ္တယ္။ သူ႔ရဲ႕ သရဲနီကစားသမားဘဝက





အနိမ့္ဆုံးအခိုက္အတန႔္မွာရွိခဲ့တယ္ဆိုရင္ေတာင္ ၁၁ႏွစ္ၾကာ
ကစားေပးခဲ့တဲ့ လင္ဂတ္ဟာ ပရိသတ္ေတြကိုေနာက္ဆုံး





ႏႈတ္ဆက္ခြင့္ေတာင္မရခဲ့ပါဘူး။ နည္းျပအျဖစ္ ရန္နစ္ခ္တာဝန္ယူခဲ့စဥ္
အိမ္ကြင္းေနာက္ဆုံးပြဲစဥ္မွာ လင္ဂတ္ကစားခြင့္မရခဲ့ဘဲ
ကာဗာနီကသာပရိသတ္ရဲ႕လက္ခုပ္သံကိုရရွိခဲ့တာျဖစ္တယ္။





ၿပီးခဲ့တဲ့လအတြင္း အိုးလ္ထရက္ဖို႔ဒ္က ယူႏိုက္တက္နဲ႔
ေနာ္တင္ဟမ္တို႔ပြဲစဥ္အေရာက္မွသာ လင္ဂတ္တစ္ေယာက္





ပရိသတ္ရဲ႕ၾသဘာကိုရရွိခဲ့တာပါ။ ေရာ္နယ္ဒိုထြက္ခြာသြားတဲ့
ပုံစံနဲ႔ယွဥ္ရင္ေတာ့ လင္ဂတ္ရဲ႕အေနအထားကခ်စ္ဖို႔
ေကာင္းခဲ့တာအမွန္ပါ။ ေပၚတူဂီစူပါစတားဟာ ယူႏိုက္တက္





အသင္းပိုင္ရွင္ေတြအပါအဝင္ နည္းျပတန္ဟတ္နဲ႔
ကစားေဖာ္ေဟာင္းေတြကို ႐ုပ္ပ်က္ဆင္းပ်က္ေဝဖန္ခဲ့ၿပီး





အိုးလ္ထရက္ဖို႔ဒ္ကိုေက်ာခိုင္းခဲ့လို႔ ပရိသတ္ရဲ႕ေဝဖန္မႈနဲ႔
ရင္ဆိုင္ခဲ့ရပါတယ္။ ေရာ္နယ္ဒိုက အသင္းပိုင္ရွင္ေတြဟာ
ေဈးကြက္ရွာေဖြေရးကလပ္အျဖစ္ေျပာင္းလဲေနၿပီး အသင္းရဲ႕





လည္ပတ္ပုံကေတာ့ ထိပ္သီး ၆သင္း စာရင္းဝင္ေတြထဲမွာ
ေနာက္ေကာက္က်က်န္ေနၿပီလို႔ ေပၚတင္ေဝဖန္ခဲ့တာျဖစ္တယ္။





အခုအခါမွာလည္း လင္ဂတ္က ေရာ္နယ္ဒိုရဲ႕ေဝဖန္မႈကိုေထာက္ခံခဲ့သလို
ယူႏိုက္တက္ရဲ႕ေလ့က်င့္ေရးအေဆာက္အဦေတြဟာ အျခားကလပ္ေတြရဲ႕
ေနာက္ေရာက္ေနၿပီလို႔ ဆိုခဲ့ပါတယ္။ “သူတို႔အရာအားလုံးမွာ





ေနာက္က်လြန္းတယ္။ မန္စီးတီးရဲ႕အေဆာက္အဦေတြ၊
စပါးရဲ႕အေဆာက္အဦေတြ…လူေတြကမိုင္ေပါင္းမ်ားစြာေဝးကြာ





ေနတာကိုျမင္ရမွာပါ။ လႈမႈဝန္းက်င္ဆိုတာကိုေမ့ထားလို႔မရပါဘူး။
၂၀၁၇ မွာ YouTube နဲ႔ပက္သတ္တဲ့အေၾကာင္းအရာေတြလုပ္ရင္း
သူတို႔ဆီသြားခဲ့တယ္။ ငါ့ဘက္က သူတို႔ကိုအရာရာတိုင္း





up to date ျဖစ္ေစခ်င္ခဲ့သလို အရာရာတိုင္းကအသစ္ေတြ
ျဖစ္ေနပါၿပီ။ သက္ဆိုင္သူျဖစ္ဖို႔နဲ႔ သက္ဆိုင္ေနဖို႔လိုပါတယ္။





ဘာထိန္းခ်ဳပ္မႈမွမရွိခဲ့ဘူး။ ဖာဂူဆန္ရွိတုန္းက အျပည့္အဝ
ထိန္းခ်ဳပ္ခဲ့တယ္။ ခံတပ္တစ္ခု…သူတို႔အရာအားလုံးကို
ေက်ာ္ျဖတ္သြားခဲ့ၾကတယ္။ စာခ်ဳပ္ေတြ၊ ကုန္သြယ္မႈဆိုင္ရာ





သေဘာတူညီခ်က္ေတြနဲ႔ အရာအားလုံးပါပဲ။ ဟုတ္ပါတယ္၊
မ်ိဳးဆက္ေတြေျပာင္းလဲလာတယ္၊ ကစားသမားေတြႀကီးျပင္လာတယ္၊





လူတိုင္းမွာအသံရွိတယ္။ မင္းနဲ႔ပက္သတ္လို႔ မမွန္တာေတြ
ေျပာလာၾကတဲ့အခါ မင္းကလည္း မင္းရဲ႕ထင္ျမင္ခ်က္ကို
ထုတ္ေျပာလိမ့္မယ္။ အရင္တုန္းက ဒါေတြမရွိခဲ့ဘူး။





ဒါေတြက ဆာအဲလက္စ္နဲ႔ အတူၿဖိဳခ်ခံရလိမ့္မယ္။
ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ လူတိုင္းက သူတို႔ရဲ႕ကိုယ္ပိုင္





ထင္ျမင္ခ်က္ေတြကိုအသံထြက္ႏိုင္သလို သူတို႔လိုခ်င္တာကို
ေရးဖို႔ ပလက္ေဖာင္းေတြရွိေနပါၿပီ” လို႔ လင္ဂတ္က ေျပာဆိုသြားတာျဖစ္တယ္။