ယူနိုက်တက်ဟာ မန်ချက်စတာမှာ နံပါတ် ၁ ကလပ်ဖြစ်နေဆဲလို့ မန်ယူနည်းပြဆိုးလ်ရှားက ပြောကြား

မကြာသေးခင်နှစ်တွေအတွင်း မြို့ခံပြိုင်ဘက်က ဆုဖလားအောင်မြင်မှုများစွာ

ရခဲ့ပေမယ့်လည်း ယူနိုက်တက်ဟာ မန်ချက်စတာမှာ နံပါတ် ၁ ကလပ်ဖြစ်နေဆဲလို့

မန်ယူနည်းပြဆိုးလ်ရှားက အခိုင်အမာပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဆုဖလားကို

၅ ကြိမ်တိုင်ရခဲ့ပေမယ့် မန်ယူကတော့ အဲဒီအချိန်ကာလအတွင်းမှာ

တစ်ကြိမ်သာ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးက

အဲဒီလိုမျိုးကြီးစိုးထားနိုင်ပေမယ့် ဆိုးလ်ရှားကတော့ သူ့အသင်းဟာ

မန်ချက်စတာရဲ့ထိပ်ဆုံးအသင်းဖြစ်နေဆဲဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း

အဲဒီအတိုင်းဆက်ရှိနေမှာလို့ အခုလို ဆိုခဲ့တာပါ။

မန်စီးတီးက မန်ယူကို ကျော်ဖြတ်သွားတာ မှန်းဆနိုင်သလားလို့ ဆိုးလ်ရှားကို

မေးမြန်းတော့ သူက”နိုး.ကျွန်တော့်အတွက်က မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူတို့လုပ်ခဲ့တာကိုတော့ လေးစားမှုရှိရမှာပေါ့။

ဒါပေမဲ့ ကျွန်တော်တို့က မန်ယူလေ။ မန်ယူဆိုတာ အမြဲတမ်းပြန်လာနိုင်တဲ့အသင်း။

မန်ချက်စတာမှာ ကျွန်တော်တို့က နံပါတ် ၁ ကလပ်လို့ထင်တယ်။

ကမ္ဘာမှာရောပေါ့”လို့ ပြန်ဖြေခဲ့တာပါ။ မန်စီးတီးဟာ ၂၀၁၆-၁၇ က

ဂွါဒီယိုလာရဲ့ပထမဆုံးရာသီနောက်ပိုင်း ဖလားလက်မဲ့ရာသီမရှိသေးဘဲ

အဲဒီဘာစီလိုနာနည်းပြဟောင်းလက်ထက်မှာ အင်အားကြီးတစ်ရပ်ဖြစ်လာတာပါ။

တိုက်ဆိုင်တာက အဲဒီရာသီမှာပဲ မန်ယူဟာ သူတို့နောက်ဆုံးရခဲ့တဲ့

ဆုဖလားတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ကို ကိုင်မြှောက်နိုင်ခဲ့တာပါ။

ဒီရာသီမှာတော့ မန်ယူဟာ ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ ရည်မှန်းထားပေမယ့်

ဒါဘီပွဲမတိုင်ခင် ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၈မှတ်ကွာနေပါတယ်။

တတိယနေရာက မန်စီးတီးကတော့ ပြီးခဲ့တဲ့ရာသီဥရောပချန်ပီယံနဲ့ ၅ မှတ်အကွာမှာ ရှိနေပါတယ်။

zawgyi

ယူႏိုက္တက္ဟာ မန္ခ်က္စတာမွာ နံပါတ္ ၁ ကလပ္ျဖစ္ေနဆဲလို႔ မန္ယူနည္းျပဆိုးလ္ရွားက ေျပာၾကား

မၾကာေသးခင္ႏွစ္ေတြအတြင္း ၿမိဳ႕ခံၿပိဳင္ဘက္က ဆုဖလားေအာင္ျမင္မႈမ်ားစြာ

ရခဲ့ေပမယ့္လည္း ယူႏိုက္တက္ဟာ မန္ခ်က္စတာမွာ နံပါတ္ ၁ ကလပ္ျဖစ္ေနဆဲလို႔

မန္ယူနည္းျပဆိုးလ္ရွားက အခိုင္အမာေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္းမွာ မန္စီးတီးဟာ ပရီးမီးယားလိဂ္ဆုဖလားကို

၅ ႀကိမ္တိုင္ရခဲ့ေပမယ့္ မန္ယူကေတာ့ အဲဒီအခ်ိန္ကာလအတြင္းမွာ

တစ္ႀကိမ္သာ ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ မန္စီးတီးက

အဲဒီလိုမ်ိဳးႀကီးစိုးထားႏိုင္ေပမယ့္ ဆိုးလ္ရွားကေတာ့ သူ႔အသင္းဟာ

မန္ခ်က္စတာရဲ႕ထိပ္ဆုံးအသင္းျဖစ္ေနဆဲျဖစ္ၿပီး လာမယ့္ႏွစ္ေတြမွာလည္း

အဲဒီအတိုင္းဆက္ရွိေနမွာလို႔ အခုလို ဆိုခဲ့တာပါ။

မန္စီးတီးက မန္ယူကို ေက်ာ္ျဖတ္သြားတာ မွန္းဆႏိုင္သလားလို႔ ဆိုးလ္ရွားကို

ေမးျမန္းေတာ့ သူက”ႏိုး.ကြၽန္ေတာ့္အတြက္က မျဖစ္ႏိုင္ဘူးေလ။ ဒါေပမဲ့

လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း သူတို႔လုပ္ခဲ့တာကိုေတာ့ ေလးစားမႈရွိရမွာေပါ့။

ဒါေပမဲ့ ကြၽန္ေတာ္တို႔က မန္ယူေလ။ မန္ယူဆိုတာ အၿမဲတမ္းျပန္လာႏိုင္တဲ့အသင္း။

မန္ခ်က္စတာမွာ ကြၽန္ေတာ္တို႔က နံပါတ္ ၁ ကလပ္လို႔ထင္တယ္။

ကမာၻမွာေရာေပါ့”လို႔ ျပန္ေျဖခဲ့တာပါ။ မန္စီးတီးဟာ ၂၀၁၆-၁၇ က

ဂြါဒီယိုလာရဲ႕ပထမဆုံးရာသီေနာက္ပိုင္း ဖလားလက္မဲ့ရာသီမရွိေသးဘဲ

အဲဒီဘာစီလိုနာနည္းျပေဟာင္းလက္ထက္မွာ အင္အားႀကီးတစ္ရပ္ျဖစ္လာတာပါ။

တိုက္ဆိုင္တာက အဲဒီရာသီမွာပဲ မန္ယူဟာ သူတို႔ေနာက္ဆုံးရခဲ့တဲ့

ဆုဖလားတစ္ခုျဖစ္တဲ့ ယူ႐ိုပါလိဂ္ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာပါ။

ဒီရာသီမွာေတာ့ မန္ယူဟာ ခ်န္ပီယံဆုစိန္ေခၚႏိုင္ဖို႔ ရည္မွန္းထားေပမယ့္

ဒါဘီပြဲမတိုင္ခင္ ထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႔ ၈မွတ္ကြာေနပါတယ္။

တတိယေနရာက မန္စီးတီးကေတာ့ ၿပီးခဲ့တဲ့ရာသီဥေရာပခ်န္ပီယံနဲ႔ ၅ မွတ္အကြာမွာ ရွိေနပါတယ္။