ယူနိုက်တက်သာ ဟာလန်းကို စောစောစီးစီးခေါ်နိုင်ခဲ့ရင် ဆိုးလ်ရှား နည်းပြရာထူးမှာ ဆက်ရှိနေနိုင်မယ့်အနေအထားပါလို့ အလာဒွိုက်စ်သုံးသပ်

ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်အသင်းနည်းပြဟောင်းအလာဒွိုက်စ်က

၂၀၂၀ ခုနှစ်တုန်းက နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းကို

မခေါ်ယူနိုင်ခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့

အပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို ဆိုးလ်ရှား ကိုင်တွယ်နေတဲ့

၂၀၂၀ ခုနှစ်တုန်းက မိုလ်ဒီအသင်းမှာ လက်တွဲခဲ့ဖူးသူ

တပည့်ဟောင်းဟာလန်းကိုခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘဲ

ဒေ့ါမွန်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း

လက်ဦးမှုရယူပြီး ဟာလန်းကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မိုလ်ဒီအသင်းမှာ ဟာလန်းကစားခဲ့တဲ့

၂၀၁၈ ခုနှစ်ကတည်းက ခေါ်ယူနိုင်ခွင့်ရှိခဲ့ပေမယ့်

အဲဒီအချိန်မှာလည်း အထမမြောက်ခဲ့ဘဲ သြစတြီးယားကလပ်

ဆာလ်ဘာ့ဂ်အသင်းက ကြားဖြတ်ခေါ်ယူခဲ့ပြန်ပါတယ်။

ဆာလ်ဘာ့ဂ်အသင်းမှာကတည်းက ခြေစွမ်းပြကစားခဲ့တဲ့

ဟာလန်းဟာ ဒေ့ါမွန်အသင်းကို ရောက်ရှိချိန်မှာတော့

ကမ္ဘာ့အဆင့်စွမ်းဆောင်မျိုးပြသနေပြီး

အခုဆိုရင် ဥရောပထိပ်သီးကလပ်တွေရဲ့ပစ်မှတ်ထားခံနေရပြီဖြစ်ပါတယ်။

အဲဒါကြောင့် အလာဒွိုက်စ်က ဟာလန်းကို ခေါ်ယူခွင့်ရခဲ့ချိန်မှာ

အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကို

အပြစ်တင်ခဲ့ပြီး ဟာလန်းကိုသာခေါ်ယူနိုင်ခဲ့ရင်

အခုအချိန်အထိ နည်းပြနေရာမှာ ဆိုးလ်ရှားဆက်ရှိနေလောက်တယ်လို့

သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဗြိတိန်သတင်းစာ The Mirror နဲ့ အင်တာဗျူးမှာ အလာဒွိုက်စ်က

“ယူနိုက်တက်သာ ဟာလန်းကို စောစောစီးစီးကတည်းကခေါ်နိုင်ခဲ့ရင်

ဆိုးလ်ရှားလည်း နည်းပြရာထူးမှာ ဆက်ရှိနေနိုင်မယ့်အနေအထားပါ။

ယူနိုက်တက်အသင်းဟာ ဘာလို့များ ဟာလန်းကို လက်လွှတ်ခဲ့ရလဲဆိုတာ

ကျွန်တော်စဉ်းစားလို့မရဘဲ ဒါက ယူနိုက်တက်အသင်းအတွက်

ကြီးမားတဲ့အမှားဖြစ်ခဲ့ပါတယ်။

ဟာလန်းလိုကစားသမားမျိုးကို ပိုင်ဆိုင်မယ့်အသင်းက

ကြီးမားတဲ့အကျိုးကျေးဇူးတွေရရှိမှာ အသေအချာပါပဲ”လို့ဖြေကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္သာ ဟာလန္းကို ေစာေစာစီးစီးေခၚႏိုင္ခဲ့ရင္ ဆိုးလ္ရွား နည္းျပရာထူးမွာ ဆက္ရွိေနႏိုင္မယ့္အေနအထားပါလို႔ အလာဒြိဳက္စ္သုံးသပ္

ပရီးမီးယားလိဂ္နဲ႔ အဂၤလန္အသင္းနည္းျပေဟာင္းအလာဒြိဳက္စ္က

၂၀၂၀ ခုႏွစ္တုန္းက ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းကို

မေခၚယူႏိုင္ခဲ့တဲ့အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕

အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈအေပၚ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကို ဆိုးလ္ရွား ကိုင္တြယ္ေနတဲ့

၂၀၂၀ ခုႏွစ္တုန္းက မိုလ္ဒီအသင္းမွာ လက္တြဲခဲ့ဖူးသူ

တပည့္ေဟာင္းဟာလန္းကိုေခၚယူႏိုင္ဖို႔နီးစပ္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ဘဲ

ေဒ့ါမြန္အသင္းက ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း

လက္ဦးမႈရယူၿပီး ဟာလန္းကိုေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ မိုလ္ဒီအသင္းမွာ ဟာလန္းကစားခဲ့တဲ့

၂၀၁၈ ခုႏွစ္ကတည္းက ေခၚယူႏိုင္ခြင့္ရွိခဲ့ေပမယ့္

အဲဒီအခ်ိန္မွာလည္း အထမေျမာက္ခဲ့ဘဲ ၾသစႀတီးယားကလပ္

ဆာလ္ဘာ့ဂ္အသင္းက ၾကားျဖတ္ေခၚယူခဲ့ျပန္ပါတယ္။

ဆာလ္ဘာ့ဂ္အသင္းမွာကတည္းက ေျခစြမ္းျပကစားခဲ့တဲ့

ဟာလန္းဟာ ေဒ့ါမြန္အသင္းကို ေရာက္ရွိခ်ိန္မွာေတာ့

ကမာၻ႔အဆင့္စြမ္းေဆာင္မ်ိဳးျပသေနၿပီး

အခုဆိုရင္ ဥေရာပထိပ္သီးကလပ္ေတြရဲ႕ပစ္မွတ္ထားခံေနရၿပီျဖစ္ပါတယ္။

အဲဒါေၾကာင့္ အလာဒြိဳက္စ္က ဟာလန္းကို ေခၚယူခြင့္ရခဲ့ခ်ိန္မွာ

အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တဲ့ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကို

အျပစ္တင္ခဲ့ၿပီး ဟာလန္းကိုသာေခၚယူႏိုင္ခဲ့ရင္

အခုအခ်ိန္အထိ နည္းျပေနရာမွာ ဆိုးလ္ရွားဆက္ရွိေနေလာက္တယ္လို႔

သုံးသပ္ေျပာဆိုခဲ့ပါတယ္။

ၿဗိတိန္သတင္းစာ The Mirror နဲ႔ အင္တာဗ်ဴးမွာ အလာဒြိဳက္စ္က

“ယူႏိုက္တက္သာ ဟာလန္းကို ေစာေစာစီးစီးကတည္းကေခၚႏိုင္ခဲ့ရင္

ဆိုးလ္ရွားလည္း နည္းျပရာထူးမွာ ဆက္ရွိေနႏိုင္မယ့္အေနအထားပါ။

ယူႏိုက္တက္အသင္းဟာ ဘာလို႔မ်ား ဟာလန္းကို လက္လႊတ္ခဲ့ရလဲဆိုတာ

ကြၽန္ေတာ္စဥ္းစားလို႔မရဘဲ ဒါက ယူႏိုက္တက္အသင္းအတြက္

ႀကီးမားတဲ့အမွားျဖစ္ခဲ့ပါတယ္။

ဟာလန္းလိုကစားသမားမ်ိဳးကို ပိုင္ဆိုင္မယ့္အသင္းက

ႀကီးမားတဲ့အက်ိဳးေက်းဇူးေတြရရွိမွာ အေသအခ်ာပါပဲ”လို႔ေျဖၾကားခဲ့ပါတယ္။