ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နိုင်ဝင်ဘာလမှာ ရော်နယ်ဒိုနဲ့လမ်းခွဲပြီး
ဖြစ်တာကြောင့် အသင်းရဲ့လူစာရင်းကနေထုတ်ပစ်လိုက်ပြီဖြစ်တယ်။
ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့တရားဝင်အက်ပလီကေးရှင်းက
ဒီကိစ္စမှားယွင်းမှုမရှိစေဖို့အတွက် ဘီတင်ဟိုလို့အမည်ပေးထားတဲ့
ကစားသမားတစ်ယောက်ကိုအစားထိုးထည့်သွင်းထားခဲ့ပါတယ်။
ကျောနံပါတ် ၁၁ ပေးထားပြီး ပေါ်တူဂီသားလို့ဖော်ပြထားတဲ့အတွက်တော့
သရဲနီပရိသတ်တွေဟာ ဒါနဲ့ပတ်သတ်ပြီး တုံ့ပြန်မှုတွေပြုလုပ်
သွားခဲ့ကြတာဖြစ်တယ်။ ထိပ်တန်းအဆင့်ကစားသမားတွေကိုသာ
ဖော်ပြလေ့ရှိတဲ့ အက်ပလီကေးရှင်းမှာ ပေါက်ကရလေးဆယ်ပုံစံနဲ့
ဘယ်သူမှန်းမသိတဲ့ ဘီတင်ဟိုပါဝင်နေတာက ပရိသတ်တွေအတွက်တော့
အတော်လေးစိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။ ထွက်ခွာသွားတဲ့
ကစားသမားကို စာရင်းမသွင်းတော့ပေမဲ့ ဒီပေါ်တူဂီလူစာရင်းထဲ
ရောက်လာတာဟာ ရော်နယ်ဒိုခိုးပြီးပြန်ဝင်လာတာဖြစ်တယ်လို့
သရဲနီပရိသတ်တစ်ယောက်က တုံ့ပြန်ခဲ့ပါတယ်။ ပေါ်တူဂီသား
တစ်ယောက်ပါဝင်နေတာနဲ့ပက်သတ်လို့ သရဲနီပရိသတ်တွေက
အသီးသီးတုံ့ပြန်ခဲ့ကြတာဖြစ်တယ်။ “တိုနေးကို မန်ယူကကြိုဆိုပါတယ်” လို့
ပရိသတ်တစ်ယောက်ကလှောင်ပြောင်ခဲ့သလို ဒုတိယတစ်ယောက်က
“ငါတို့လိုချင်တဲ့ တိုက်စစ်မှူးမျိုးဖြစ်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
တတိယတစ်ယောက်ကတော့ “ရော်နယ်ဒိုကတော့ ခိုးဝင်ဖို့
ကြိုးစားနေပြီ” လို့ တုံ့ပြန်ခဲ့တာဖြစ်တယ်။
zawgyi
ယူနိုက်တက်လူစာရင်းထဲကို ဘီတင်ဟိုအနေနဲ့ ရော်နယ်ဒို ခိုးပြီး ပြန်ဝင်လာလေသလား 😅