
ကာရာဘောင်းဖလားဆွတ်ခူးခြင်းနဲ့အတူလမ်းကြောင်းမှန်ပေါ်





ပြန်ရောက်လာပေမယ့် ယူနိုက်တက်အသင်းမှာ လိုအပ်ချက်တစ်ခု
ရှိနေတယ်လို့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကထောက်ပြလိုက်ပါတယ်။





နောက်ပိုင်းပွဲစဉ်တွေမှာ ရက်ရှ်ဖို့ဒ်က သရဲနီတွေအတွက်လိုအပ်တဲ့
သွင်းဂိုးတွေကို တာဝန်ယူပေးနေပေမယ့် ဒီအနေအထားကို
စကော့တလန်သားကြီးက သဘောမကျတာပဲဖြစ်တယ်။





ဖာဂူဆန်ဟာ ယူနိုက်တက်နည်းပြဘဝမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု
၁၃ ကြိမ်အပါအဝင် အခမ်းနားဆုံးအောင်မြင်မှုတွေကိုရယူခဲ့သူဖြစ်ပြီး





လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဟာကွက်တစ်ခုရှိနေတယ်လို့
ပြောဆိုလိုက်တာဖြစ်တယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ သရဲနီတွေအတွက်
ပြိုင်ပွဲအရပ်ရပ် ၂၅ ဂိုးသွင်းထားပေမယ့် အင်္ဂလန်ကြယ်ပွင့်ဟာ





တိုက်စစ်မှူးစစ်စစ်တစ်ယောက်မဟုတ်တာကြောင့် ဒီထက်ပိုမိုတဲ့
သွင်းဂိုးတွေရဖို့လိုအပ်တယ်လို့ ဖာဂူဆန်ကပြောဆိုလိုက်ပါတယ်။





“ရက်ရှ်ဖို့ဒ်ကိုတော့ တိုက်စစ်မှူးတစ်ယောက်လို့မယူဆပါဘူး။
သူက ဘယ်ခြမ်းကနေထိုးဖောက်ဝင်ရောက်ရာမှာ ပိုကောင်းပါတယ်။
အဆုံးသတ်တွေအမြဲကောင်းခဲ့ပြီး သူ့ရဲ့ကန်ချက်တိုင်းကိုထိန်းသိမ်းနိုင်ခဲ့တယ်။





ဒါက တိုက်စစ်မှူးတစ်ယောက်အတွက် အရေးကြီးတဲ့ပုံစံကောင်းတစ်ရပ်ပါ။
ကံမကောင်းတာကတော့ သူက ယူနိုက်တက်သွင်းဂိုးတွေရဲ့





ပင်မမြစ်ဖျားဖြစ်နေတာပါပဲ။ ငါတို့အပိုတစ်ခုနဲ့ထပ်ဖြည့်ဖို့
လိုအပ်ပေမယ့် သူက လုပ်ပြနေတယ်” လို့ ဖာဂူဆန်က ပြောဆိုခဲ့ပါတယ်။
zawgyi





ယူနိုက်တက်လိုအပ်နေတဲ့ ဟာကွက်တစ်ခုကို ဂန္တဝင်နည်းပြကြီး ဖာဂူဆန် ထောက်ပြလိုက်







































