ယူနိုက်တက်လား နယူးကာဆယ်လား ကြိုက်ရာရွေးလိုက်ပါ ဂျာအို ဖီးလစ်

အက်သလက်တီကို အသင်းဆီကို ဂရဇ်မန်း ပြန်ရောက်လာချိန်မှာ

ဂျာအို ဖီးလစ်အတွက် ပွဲကစားခွင့် အကန်ံအသတ်ဖြစ်လာသလို

ဒဏ်ရာပြဿနာတွေကလည်း သူ့ရဲ့ပွဲကစားခွင့်ကို ပိုပြီးနည်းစေခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီသား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့

ပေါ်တိုအသင်းနဲ့ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်မရခဲ့တဲ့အပြင် ပွဲချိန် (၁၃) မိနစ်မှာ

ဆွာရက်ဇ် ဒဏ်ရာရချိန်မှာလည်း လူစားဝင်ကစားခွင့်မရခဲ့ပဲ

အရန်ခုံမှာသာ ပွဲပြီးချိန်အထိ ထိုင်နေခဲ့ရပါတယ်။

ပေါ်တိုအသင်းနဲ့ပွဲစဉ်ဟာ အက်သလက်တီကို အတွက် ချန်ပီယံလိဂ်မှာ

အရေးပါတဲ့ အဆုံးအဖြတ်ပွဲစဉ်တစ်ပွဲ ဖြစ်ပြီး အနိုင်ရရှိမှာသာ နောက်တစ်ဆင့်ကို

တက်ရောက်နိုင်မယ့် အခြေအနေဖြစ်နေတာကြောင့် ဂျာအို ဖီးလစ်ဟာ

ပွဲမှာပါဝင် ကစားခွင့်ရလိုခဲ့ပေမယ့် နည်းပြဆင်မြွန်နီက ကစားခွင့်မပေးခဲ့ပါဘူး။

ဒါကြောင့်လည်း သူ့ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ

အသင်းက ထွက်ခွါဖို့အတွက် ဖြစ်နိုင်ချေများလာတယ်လို့ သုံးသပ်လာခဲ့ကြတာပါ။

AS သတင်းဌာနရဲ့ဖော်ပြချက်အရ အက်သလက်တီကိုအသင်းရဲ့ ဥက္ကဌ

ဟီလ် မာရင်က ဖီးလစ်ရဲ့အေးဂျင့်ဖြစ်သူ ဟော်ဟေ မန်ဒက်စ်ကို

ဖီးလစ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခုယူလာမယ်ဆိုရင် အသင်းက

ထွက်ခွါခွင့်ပေးမှာဖြစ်တယ်လို့ ပြောကြားထားကြောင်းလည်း ရေးသားထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း အဆိုပါ တိုက်စစ်ကစားသမားအတွက်

သင့်တင့်တဲ့ကမ်းလှမ်းမှုတစ်ခုကို ဒီနှစ်အစောပိုင်းက နည်းပြဆိုးလ်ရှားလက်ထက်မှာ

ပြုလုပ်ခဲ့သေးတယ်လို့ Mundo Deportivo သတင်းဌာနက ဖော်ပြခဲ့ပါသေးတယ်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ဘင်ဖီကာအသင်းကနေ

အက်သလက်တီကို အသင်းကို ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဖီးလစ်ကို

မက်ဒရစ်ပရိသတ်တွေက ခြေစွမ်းပြသနိုင်ဖို့ အများကြီး မျှော်လင့်ခဲ့ပေမယ့်

လက်တွေ့မှာ ဖြစ်မလာခဲ့ဘဲ ရုန်းကန်နေရတာကြောင့် အသင်းကထွက်ခွါဖို့အတွက်

အကြောင်းဖန်လာခဲ့တာဖြစ်တယ်လို့လည်း Metro သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါပေမယ့် ဂျာအို ဖီးလစ်ကို ပရီမီးယားလိဂ် အသင်းတွေကတော့ ခေါ်ယူနိုင်ဖို့

စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အခုအခါမှာ ယူနိုက်တက်က ကာဗာနီနေရာမှာ

အစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ခေါ်ယူနိုင်ဖို့ ရွေးချယ်မှုတွေ

စလုပ်နေသလို ရန်းနစ်ရဲ့ ဦးစားပေးစာရင်းထဲမှာလည်း ဂျာအို ဖီးလစ်ဟာ

ပါဝင်နေခဲ့ပြီး လီဗာပူးလ်၊ အာဆင်နယ်နဲ့ နယူးကာဆဲလ်တို့ကလည်း

အသင်းပြောင်းမယ့် သတင်းတွေထွက်လာတဲ့ ဂျာအို ဖီးလစ်ကို ခေါ်ယူနိုင်ဖို့

ဖီးလစ်ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ မန်ဒက်စ်နဲ့ ချိတ်ဆက်မှုတွေလုပ်နေတယ်လို့လည်း

သတင်းတွေမှာဖော်ပြနေကြပါတယ်။

ပရီးမီးယားလိဂ်တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် ကယ်တင်ရှင်ရှာနေတဲ့

နယူးကာဆဲလ်အသင်းကဆိုရင် အသင်းကို တန်းဆင်းဇုန်ထဲက

လွတ်မြောက်အောင် စွမ်းဆောင်ပေးမယ့်ကစားသမားတွေထဲက

တစ်ယောက်အဖြစ် ဖီးလစ်ကို ရှုမြင်ထားတယ်လို့လည်း သိရပါတယ်။

zawgyi

ယူႏိုက္တက္လား နယူးကာဆယ္လား ႀကိဳက္ရာေ႐ြးလိုက္ပါ ဂ်ာအို ဖီးလစ္

အက္သလက္တီကို အသင္းဆီကို ဂရဇ္မန္း ျပန္ေရာက္လာခ်ိန္မွာ

ဂ်ာအို ဖီးလစ္အတြက္ ပြဲကစားခြင့္ အကန္ံအသတ္ျဖစ္လာသလို

ဒဏ္ရာျပႆနာေတြကလည္း သူ႔ရဲ႕ပြဲကစားခြင့္ကို ပိုၿပီးနည္းေစခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေပၚတူဂီသား တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့

ေပၚတိုအသင္းနဲ႔ပြဲစဥ္မွာလည္း ပြဲထြက္ခြင့္မရခဲ့တဲ့အျပင္ ပြဲခ်ိန္ (၁၃) မိနစ္မွာ

ဆြာရက္ဇ္ ဒဏ္ရာရခ်ိန္မွာလည္း လူစားဝင္ကစားခြင့္မရခဲ့ပဲ

အရန္ခုံမွာသာ ပြဲၿပီးခ်ိန္အထိ ထိုင္ေနခဲ့ရပါတယ္။

ေပၚတိုအသင္းနဲ႔ပြဲစဥ္ဟာ အက္သလက္တီကို အတြက္ ခ်န္ပီယံလိဂ္မွာ

အေရးပါတဲ့ အဆုံးအျဖတ္ပြဲစဥ္တစ္ပြဲ ျဖစ္ၿပီး အႏိုင္ရရွိမွာသာ ေနာက္တစ္ဆင့္ကို

တက္ေရာက္ႏိုင္မယ့္ အေျခအေနျဖစ္ေနတာေၾကာင့္ ဂ်ာအို ဖီးလစ္ဟာ

ပြဲမွာပါဝင္ ကစားခြင့္ရလိုခဲ့ေပမယ့္ နည္းျပဆင္ႁမြန္နီက ကစားခြင့္မေပးခဲ့ပါဘူး။

ဒါေၾကာင့္လည္း သူ႔ကို လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ

အသင္းက ထြက္ခြါဖို႔အတြက္ ျဖစ္ႏိုင္ေခ်မ်ားလာတယ္လို႔ သုံးသပ္လာခဲ့ၾကတာပါ။

AS သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အက္သလက္တီကိုအသင္းရဲ႕ ဥကၠဌ

ဟီလ္ မာရင္က ဖီးလစ္ရဲ႕ေအးဂ်င့္ျဖစ္သူ ေဟာ္ေဟ မန္ဒက္စ္ကို

ဖီးလစ္အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈတစ္ခုယူလာမယ္ဆိုရင္ အသင္းက

ထြက္ခြါခြင့္ေပးမွာျဖစ္တယ္လို႔ ေျပာၾကားထားေၾကာင္းလည္း ေရးသားထားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာလည္း အဆိုပါ တိုက္စစ္ကစားသမားအတြက္

သင့္တင့္တဲ့ကမ္းလွမ္းမႈတစ္ခုကို ဒီႏွစ္အေစာပိုင္းက နည္းျပဆိုးလ္ရွားလက္ထက္မွာ

ျပဳလုပ္ခဲ့ေသးတယ္လို႔ Mundo Deportivo သတင္းဌာနက ေဖာ္ျပခဲ့ပါေသးတယ္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတုန္းက ဘင္ဖီကာအသင္းကေန

အက္သလက္တီကို အသင္းကို ေပါင္ ၁၁၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဖီးလစ္ကို

မက္ဒရစ္ပရိသတ္ေတြက ေျခစြမ္းျပသႏိုင္ဖို႔ အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ေပမယ့္

လက္ေတြ႕မွာ ျဖစ္မလာခဲ့ဘဲ ႐ုန္းကန္ေနရတာေၾကာင့္ အသင္းကထြက္ခြါဖို႔အတြက္

အေၾကာင္းဖန္လာခဲ့တာျဖစ္တယ္လို႔လည္း Metro သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဒါေပမယ့္ ဂ်ာအို ဖီးလစ္ကို ပရီမီးယားလိဂ္ အသင္းေတြကေတာ့ ေခၚယူႏိုင္ဖို႔

စိတ္ဝင္စားမႈ ျမင့္တက္ေနပါတယ္။ အခုအခါမွာ ယူႏိုက္တက္က ကာဗာနီေနရာမွာ

အစားထိုးႏိုင္မယ့္ တိုက္စစ္မႉးတစ္ေယာက္ေခၚယူႏိုင္ဖို႔ ေ႐ြးခ်ယ္မႈေတြ

စလုပ္ေနသလို ရန္းနစ္ရဲ႕ ဦးစားေပးစာရင္းထဲမွာလည္း ဂ်ာအို ဖီးလစ္ဟာ

ပါဝင္ေနခဲ့ၿပီး လီဗာပူးလ္၊ အာဆင္နယ္နဲ႔ နယူးကာဆဲလ္တို႔ကလည္း

အသင္းေျပာင္းမယ့္ သတင္းေတြထြက္လာတဲ့ ဂ်ာအို ဖီးလစ္ကို ေခၚယူႏိုင္ဖို႔

ဖီးလစ္ရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ မန္ဒက္စ္နဲ႔ ခ်ိတ္ဆက္မႈေတြလုပ္ေနတယ္လို႔လည္း

သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။

ပရီးမီးယားလိဂ္တန္းဆင္းဇုန္က လြတ္ေျမာက္ဖို႔အတြက္ ကယ္တင္ရွင္ရွာေနတဲ့

နယူးကာဆဲလ္အသင္းကဆိုရင္ အသင္းကို တန္းဆင္းဇုန္ထဲက

လြတ္ေျမာက္ေအာင္ စြမ္းေဆာင္ေပးမယ့္ကစားသမားေတြထဲက

တစ္ေယာက္အျဖစ္ ဖီးလစ္ကို ရႈျမင္ထားတယ္လို႔လည္း သိရပါတယ္။