ယူနိုက်တက်ရဲ့ သမိုင်းဝင်ဝတ်စုံဖြစ်တဲ့ အစိမ်းရောင်နှင့်ရွှေရောင်ပါ အဝေးကွင်းဝတ်စုံထုတ်လုပ်ရန် စီစဉ်နေ

Adidas ဟာမန်ချက်စတာယူနိုက်တက်ရဲ့သမိုင်းဝင်ဝတ်စုံဖြစ်တဲ့

အစိမ်းရောင်နှင့်ရွှေရောင်ပါ အဝေးကွင်းဝတ်စုံထုတ်လုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

Adidas ဟာအဆိုပါအဝေးကွင်းဝတ်စုံကိုလာမယ့်ဒီဇင်ဘာလအတွင်းတွင်

ကြေညာရောင်းချသွားရန်စီစဉ်နေကြောင်းသိရပါတယ်။ အဆိုပါအစိမ်းရောင်နှင့်

အဝါရောင်တို့မှာ မန်ယူပရိသတ်များက ဂလေဇာမိသားစုအား ဆန့်ကျင်ရာတွင်

အသုံးပြုနေတဲ့အရောင်လည်းဖြစ်ပါတယ်။

အစိမ်းရောင်နှင့်အရွှေရောင်ပါဝတ်စုံကိုမန်ယူအသင်းက အသုံးချခြင်း

မရှိတော့ပေမယ့်လည်းပရိသတ်များကတော့ယခုတိုင်ဝတ်ဆင်နေကြတုန်းဖြစ်ပါတယ်။

အစိမ်းရောင်နှင့်ရွှေရောင်ဝတ်စုံကို Newton Heath အမည်ဖြင့်

ကစားတုန်းကသုံးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်၁၉၀၂ခုနှစ်တွင် Newton Heath ကို

မန်ချက်စတာယူနိုက်တက်လို့အမည်ပြောင်းခဲ့ပါတယ်။

မန်ယူဟာ၁၉၉၂နှင့်၁၉၉၄ခုနှစ်တုန်းကဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်တွင်

ပထမဆုံးပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးတုန်းက

အစိမ်းရောင်နှင့်ရွှေရောင်ဝတ်စုံကိုအသုံးပြုခဲ့ဖူးပါတယ်။

တကယ်လို့များ Adidas ကသာအစိမ်းရောင်နှင့်ရွှေရောင်ဝတ်စုံကို

ကြေညာလာပါက ယင်းဝတ်စုံမှာမန်ယူပရိသတ်များအကြိုက်ဝတ်စုံဖြစ်လာဖို့

သေချာနေပါတယ်။ဒါပေမယ့်တစ်ဖက်တွင်ယင်းအရောင်မှာဂလေဇာမိသားစုကို

အမြဲခြောက်လန့်လာတဲ့အရောင်တွေလည်းဖြစ်နေပါတယ်။

သေချာတာကတော့ယင်းဝတ်စုံကတော့ဆိုးလ်ရှားအတွက်တော့

တစ်စုံတစ်ရာစိုးရိမ်စရာမရှိတဲ့အရောင်ပါ။သူ့အတွက်စိုးရိမ်ရမယ့်အရာကတော့

သူ့အနာဂတ်ပါ။ ဆိုးလ်ရှားဟာနောက်ဆုံး၇ပွဲတွင်နိုင်ပွဲ၂ပွဲတည်းသာရရှိမှုနဲ့အတူ

အနာဂတ်မရေမရာဖြစ်နေပါတယ်။ ဆိုးလ်ရှားရဲ့မန်ယူဟာဗုဒ္ဓဟူးနေ့တွင်

အတ္တလန္တာနှင့်ချန်ပီယံလိဂ်အုပ်စုပွဲကစားပြီးပါကတနင်္ဂနွေနေ့တွင်

အိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကိုဧည့်ခံကစားရဦးမှာဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္ရဲ႕ သမိုင္းဝင္ဝတ္စုံျဖစ္တဲ့ အစိမ္းေရာင္ႏွင့္ေ႐ႊေရာင္ပါ အေဝးကြင္းဝတ္စုံထုတ္လုပ္ရန္ စီစဥ္ေန

Adidas ဟာမန္ခ်က္စတာယူႏိုက္တက္ရဲ႕သမိုင္းဝင္ဝတ္စုံျဖစ္တဲ့

အစိမ္းေရာင္ႏွင့္ေ႐ႊေရာင္ပါ အေဝးကြင္းဝတ္စုံထုတ္လုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

Adidas ဟာအဆိုပါအေဝးကြင္းဝတ္စုံကိုလာမယ့္ဒီဇင္ဘာလအတြင္းတြင္

ေၾကညာေရာင္းခ်သြားရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ အဆိုပါအစိမ္းေရာင္ႏွင့္

အဝါေရာင္တို႔မွာ မန္ယူပရိသတ္မ်ားက ဂေလဇာမိသားစုအား ဆန႔္က်င္ရာတြင္

အသုံးျပဳေနတဲ့အေရာင္လည္ းျဖစ္ပါတယ္။

အစိမ္းေရာင္ႏွင့္အေ႐ႊေရာင္ပါဝတ္စုံကိုမန္ယူအသင္းက အသုံးခ်ျခင္း

မရွိေတာ့ေပမယ့္လည္းပရိသတ္မ်ားကေတာ့ယခုတိုင္ဝတ္ဆင္ေနၾကတုန္းျဖစ္ပါတယ္။

အစိမ္းေရာင္ႏွင့္ေ႐ႊေရာင္ဝတ္စုံကို Newton Heath အမည္ျဖင့္

ကစားတုန္းကသုံးခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္၁၉၀၂ခုႏွစ္တြင္ Newton Heath ကို

မန္ခ်က္စတာယူႏိုက္တက္လို႔အမည္ေျပာင္းခဲ့ပါတယ္။

မန္ယူဟာ၁၉၉၂ႏွင့္၁၉၉၄ခုႏွစ္တုန္းကဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေအာက္တြင္

ပထမဆုံးပရီးမီးယားလိဂ္ဖလားႏွစ္ႀကိမ္ဆြတ္ခူးတုန္းက

အစိမ္းေရာင္ႏွင့္ေ႐ႊေရာင္ဝတ္စုံကိုအသုံးျပဳခဲ့ဖူးပါတယ္။

တကယ္လို႔မ်ား Adidas ကသာအစိမ္းေရာင္ႏွင့္ေ႐ႊေရာင္ဝတ္စုံကို

ေၾကညာလာပါက ယင္းဝတ္စုံမွာမန္ယူပရိသတ္မ်ားအႀကိဳက္ဝတ္စုံျဖစ္လာဖို႔

ေသခ်ာေနပါတယ္။ဒါေပမယ့္တစ္ဖက္တြင္ယင္းအေရာင္မွာဂေလဇာမိသားစုကို

အၿမဲေျခာက္လန႔္လာတဲ့အေရာင္ေတြလည္းျဖစ္ေနပါတယ္။

ေသခ်ာတာကေတာ့ယင္းဝတ္စုံကေတာ့ဆိုးလ္ရွားအတြက္ေတာ့

တစ္စုံတစ္ရာစိုးရိမ္စရာမရွိတဲ့အေရာင္ပါ။သူ႔အတြက္စိုးရိမ္ရမယ့္အရာကေတာ့

သူ႔အနာဂတ္ပါ။ ဆိုးလ္ရွားဟာေနာက္ဆုံး၇ပြဲတြင္ႏိုင္ပြဲ၂ပြဲတည္းသာရရွိမႈနဲ႔အတူ

အနာဂတ္မေရမရာျဖစ္ေနပါတယ္။ ဆိုးလ္ရွားရဲ႕မန္ယူဟာဗုဒၶဟူးေန႔တြင္

အတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲကစားၿပီးပါကတနဂၤေႏြေန႔တြင္

အိုးထရက္ဖို႔ဒ္ကြင္းမွာလီဗာပူးကိုဧည့္ခံကစားရဦးမွာျဖစ္ပါတယ္။