မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ ဆိုးရွားတဲ့
အခြေအနေတစ်ခုကို ရောက်ရှိနေတယ်ဆိုတာ
အားလုံးက နားလည်ထားပြီးသားဖြစ်ပါတယ်။
စီးတီးကို အရှက်တကွဲအရေးနိမ့်ခဲ့ပြီးနောက်
ယခုအပတ် တော့တင်ဟမ်နဲ့ ပွဲစဥ်် ၊ အက်သလက်တီကိုနဲ့
ချန်ပီယံလိဂ်ပွဲစဥ်တွေမှာပါ ထပ်မံ အရေးနိမ့်ခဲ့မယ်ဆိုရင်
ယူနိုက်တက်ရဲ့ ဘောလုံးရာသီက
အဆုံးသတ်သွားပြီလို့တောင် ဆိုနိုင်ပါတယ်။
ဒါကြောင့် ကြားဖြတ်နည်းပြ ရာဖ် ရန်းညစ်ခ်အနေနဲ့
သူတာဝန်ယူစဥ်ကာလအတွင်းမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ
ချမှတ်ဖို့ လိုအပ်နေပါတယ်။
သူ့အနေနဲ့ ယူနိုက်တက်ကစားသမားတွေကို
အရည်အသွေးမြင့်တင်နိုင်ရေးအတွက် ကြီးမားတဲ့
ဆုံးဖြတ်ချက် တစ်ခု ၊ နှစ်ခုလောက်တော့ ပြုလုပ်ရပါလိမ့်မယ်။
ဒါကြောင့် ဂျာမာန်နည်းပြ ရွေးချယ်ပြုလုပ်နိုင်မယ့်
ဆုံးဖြတ်ချက် ( ၃ ) ခုကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁) ရွိုင်ကိန်းကို ခေါ်ယူပါ ။
ပြီးခဲ့တဲ့အပတ် ယူနိုက်တက်ရဲ့ အီတီဟတ်ရှုံးပွဲနဲ့ ပတ်သက်ပြီး
ရွိုင်ကိန်းရဲ့ ဝေဖန်ချက်တွေကို ကြည့်ခြင်းဖြင့်
အသင်းအပေါ် ထားရှိတဲ့ သူ့ရဲ့ passionကို သိရှိနိုင်ပါတယ်။
အသင်းခေါင်းဆောင်ဟောင်းက အသင်းအပေါ် ဂရုစိုက်နေဆဲဖြစ်ပြီး
ရေတိုကောင်းကျိုးအတွက် အသင်းက သူ့ကို ခေါ်ယူသင့်ပါတယ်။
ရန်းညစ်ခ်အနေနဲ့ အသင်းသားတွေရဲ့
အမြင့်မားဆုံးစွမ်းဆောင်ရည်ကို ရရှိနိုင်ဖို့ ရွိုင်ကိန်းကို
မေလကုန်ထိ ( ၂ ) လစာချုပ် ခန့်အပ်သင့်ပါတယ်။
အသင်းမှာ ရေရှည်နည်းပြရှိမနေတဲ့အချက်က
ကစားသမားတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့
သက်ရောက်မှုဖြစ်စေပြီး ရွိုင်ကိန်းက ဒါကို ပြုပြင်ပေးနိုင်ပါတယ်။
ခြေစွမ်းကျနေတဲ့ ကစားသမားအချို့တောင် ရွိုင်းကိန်းကို
ကြောက်ရွံံ့ပြီး ပိုမိုကြိုးစားလာနိုင်ပါတယ်။
( ၂ ) အဲရစ် ဘိုင်လီကို အခွင့်အရေးေပးပါ ။
ယူနိုက်တက်ရဲ့ ဗဟိုခံစစ် ( ၃ ) ဦးက မဆုံးနိုင်တဲ့
အလှည့်ကျ စမ်းသပ်မှုမှာ ရပ်တန့်နေပြီး အတည်တကျမရှိဖြစ်နေပါတယ်။
ဒါကြောင့် စတုတ္ထ ဦးစားပေး အဲရစ် ဘိုင်လီကိုလည်း
စမ်းကြည့်သင့်တယ်လို့ ယူဆမိပါတယ်။
ရန်းညစ်ခ်က ရာဖာ ဗာရန်းနဲ့ တွဲဖက်မယ့် ခံစစ်မှူးရှာမတွေ့သေးပဲ
ဟယ်ရီ မက်ဂွဲယား နှင့် ဗစ်တာ လင်ဒီလော့က
မကြာခဏ အမှားတွေပဲ ကျူးလွန်နေပါတယ်။
ဘိုင်လီက ပွဲကစားခွင့်နည်းတဲ့အတွက် ရာသီကုန်မှာ
ထွက်ခွာသွားဖို့ရှိနေပါတယ်။ဒါနဲ့ပတ်သက်ပြီး
သူ့ကိုလည်း အပြစ်ပြောလို့ မရပါဘူး။
ဒါပေမယ့် ရန်းညစ်ခ်အနေနဲ့ ဘိုင်လီကို
စမ်းသုံးကြည့်သင့်တယ်လို့ ယူဆမိပါတယ်။
သူ့ရဲ့ လျင်မြန်မှု နှင့် ခံစစ်ပိုင်းပါရမီတွေကြောင့်
ဗာရန်းရဲ့ အကောင်းဆုံး တွဲဖက်ြဖစ်လာနိုင်ပါတယ်။
( ၃ ) သက်တမ်းကုန်တော့မယ့် ကစားသမားများ ။
တကယ်လို့ ယူနိုက်တက်သာ တော့တင်ဟမ် နှင့်
အက်သလက်တီကို မက်ဒရစ်တို့ကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်
ရန်းညစ်ခ်ပြုလုပ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုရှိပါတယ်။
သူ့အနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်
ကစားသမားတွေကို ယူ -၂၃ အသင်းနဲ့ လေ့ကျင့်စေပြီး
လာမယ့်ရာသီ အသင်းမှာရှိနေမယ့်သူတွေကိုသာ
အာရုံစိုက်ခွင့်ရမယ့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပါတယ်။
သူတို့က ဂျေစီ လင်ဂတ် ၊ ပေါလ် ေပါ့ဘာ ၊ အက်ဒီဆင်
ကာဗာနီ နှင့် ဟွမ် မာတာတို့ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်က အသင်းရဲ့ အခြားသော ကစားသမားတွေကို
အသိပေးရာရောက်ပြီး သေးငယ်တဲ့ အစုအဖွဲ့တွေနဲ့
အသေးစိတ်လေ့ကျင့်နိုင်သလို လူငယ်ကစားသမားတွေအတွက်လည်း
အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ပါတယ်။
ယူနိုက်တက်မှာ အနာဂတ်မရှိတဲ့ ကစားသမားတွေကို
ဖယ်ရှားလိုက်ခြင်းဖြင့် ဟာနီဘယ် ၊ ဆိုလာ ရှောရီတီယေး ၊
Alejandro Garnacho နှင့် ချာလီ မက်နေးတို့အနေနဲ့
လာမယ့်ရာသီ နည်းပြအတွက် သူတို့ရဲ့ အရည်အချင်းတွေကို
သက်သေပြနိုင်မှာဖြစ်ပါတယ်။
zawgyi
ယူနိုက်တက်ရဲ့ ပြဿနာတွေကို အလျင်မြန်ဆုံးဖြေရှင်းပေနိုင်မယ့် ဆုံးဖြတ်ချက် ( ၃ ) ခု
ယခုအပတ် တော့တင်ဟမ်နဲ့ ပွဲစဉ် ၊ အက်သလက်တီကိုနဲ့
ကြောက်ရွံ့ပြီး ပိုမိုကြိုးစားလာနိုင်ပါတယ်။
( ၂ ) အဲရစ် ဘိုင်လီကို အခွင့်အရေးပေးပါ ။
ဗာရန်းရဲ့ အကောင်းဆုံး တွဲဖက်ဖြစ်လာနိုင်ပါတယ်။
သူတို့က ဂျေစီ လင်ဂတ် ၊ ပေါလ် ပေါ့ဘာ ၊ အက်ဒီဆင်